အိန္ဒိယ၏ ချန်ဒရာယန်-၃ မစ်ရှင် လမျက်နှာပြင်ပေါ်သို့ အောင်မြင်စွာ ဆင်သက်နိုင်
Htay Oung (NSS) - ဩဂုတ် ၂၄
သြဂုတ်လ ၁၄ ရက်မှာ အိန္ဒိယနိုင်ငံက လွှတ်တင်ခဲ့တဲ့ ချန်ဒရာယန်-၃ ဒုံးပျံမှ ခွဲခွာလာတဲ့ လဆင်းယာဉ် မော်ဂျူး “ဗစ်ကရမ်" ဟာ (အိန္ဒိယစံတော်ချိန်) သြဂုတ်လ ၂၃ ရက် ညနေ ၀၆ နာရီ ၄ မိနစ်မှာ လမျက်နှာပြင်ပေါ်ကို အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ကြောင်း၊ လဆင်းယာဉ်မှ “ပရက်ဂ်ယန်း” လေ့လာရေး ရိုဗာယာဉ်ငယ်ဟာ သူတွေ့ရှိတဲ့ သတင်းအချက်အလက်နဲ့ ဓါတ်ပုံတွေကို မြေကမ္ဘာထံ ဗုဒ္ဓဟူးနေ့ (ဩဂုတ်လ ၂၃ ရက်)မှာ စတင်ပေးပို့နေပြီဖြစ် ကြောင်း နယူးဒေလီ India TV News က ဩဂုတ်လ ၂၃ ရက်မှာ ရေးသားပါတယ်။
သြဂုတ်လ စတုတ္တပတ်တစ်ခုအတွင်း လမျက်နှာပြင်ပေါ်က မတူညီတဲ့နေရာအသီးသီးမှာ အာကာသယာဉ်ဆင်းသက်ဖို့ ကြိုးစားကြရာမှာ ရုရှားနဲ့အိန္ဒိယတို့ဟာ အပြိုင်အဆိုင်ဖြစ်နေကြပါတယ်။ ရုရှားရဲ့ “လူနာ-၂၅" အာကာသယာဉ်မှ လဆင်းယာဉ်ဟာ သြဂုတ်လ ၂၁ ရက်မှာ လမျက်နှာပြင်ပေါ်ကို ညင်သာစွာ ဆင်းသက်နိုင်ခဲ့ပြီး အိန္ဒိယရဲ့ဗစ်ကရမ်က သြဂုတ်လ ၂၃ ရက်မှာ ဆင်းသက်နိုင်လို့ (၂)ရက်နောက်ကျတယ်လို့ ဆိုနိုင်ပါတယ်။
ဒါပေမယ့် အိန္ဒိယဟာ အမေရိကန်၊ ရုရှား နဲ့ တရုတ်တို့ပြီးရင် လပေါ်မှာ အာကာသယာဉ် ဆင်းသက်နိုင်တဲ့ ကမ္ဘာ့စတုတ္ထမြောက်နိုင်ငံနဲ့ လရဲ့တောင်ဝင်ရိုးစွန်းကိုအရောက် ယာဉ်စေလွှတ်နိုင်တဲ့ တစ်ခုတည်းသောနိုင်ငံဖြစ်လာပါတယ်။
အိန္ဒိယအာကာသစူးစမ်းလေ့လာရေး ISRO ရဲ့ အခန်းကဏ္ဍကြောင့် လာမယ့်နှစ်များအတွင်း နိုင်ငံ့စီးပွားရေးဟာ အမေရိကန်ဒေါ်လာ ၁ ထရီလျံတန်ဖိုးအထိ တိုးတက်လာဖွယ်ရှိတယ်လို့ နယူးဒေလီ မီဒီယာများက ဖော်ပြနေကြပါတယ်။
(India TV News., 23 August 2023,"Chandrayaan-3: Vikram Lander sends first image of Moon after successful landing” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းနိုင်ငံ နဲ့ ပြည်သူ့အကျိုးစီးပွားအတွက် အလုပ်တွေကို အရိုးသားဆုံးနဲ့အပြင်းထန်ဆုံး လုပ်ကိုင်သွားမှာဖြစ်ကြောင်း ဝန်ကြီးချုပ်အသစ် ပြော
RELATED POSTS
19 Sep 2024 | နည်းပညာ,နိုင်ငံတကာ
18 Sep 2024 | နည်းပညာ,နိုင်ငံတကာ
12 Sep 2024 | နည်းပညာ,နိုင်ငံတကာ
31 Aug 2024 | နည်းပညာ,နိုင်ငံတကာ