မော်စကိုမြောက်ပိုင်း စီးပွားရေးလုပ်ငန်းသုံး လေယာဉ်ပျက်ကျမှုတွင် ၀က်ဂ်နာကြေးစားစစ်တပ်ခေါင်းဆောင် ပါ၀င်ကြောင်း ရုရှားသတင်းဌာနပြော
Htay Oung (NSS) - ဩဂုတ် ၂၄
ရုရှားနိုင်ငံ “ထားဒေသ” မှာ ပြည်တွင်းလေယာဉ်တစ်စင်းပျက်ကျတဲ့အတွက် လေယာဉ်ပေါ်လိုက်ပါသွားသူအားလုံး သေဆုံးသွားတယ်လို့ မော်စကို အရေးပေါ်၀န်ကြီးဌာနက ပြောဆိုကြောင်း ကရင်မလင်အာဘော် TASS သတင်းအေဂျင်စီက ယနေ့(ဩဂုတ်လ ၂၄ ရက်)မှာ ရေးသားပါတယ်။
ပြည်တွင်းမှာ ပျံသန်းနေတဲ့ စီးပွားရေးလုပ်ငန်းသုံး လေယာဉ်ဟာ “ ရှာရီမက်ယီဗို" မှ ထွက်ခွာလာပြီး “စိန့်ပီ တာစဘတ်ဂ်" သို့ ဦးတည်ပျံသန်းနေစဉ် မော်စကို အနောက်မြောက်ဘက် မိုင် ၁၁၀ ခန့်အကွာ ထားဒေသအနီး ”ကူဇန်ကီနို" မှာ ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း၊ လေယာဉ်ပေါ်မှာ လေယာဉ်မှုး ၃ ဦးနဲ့ ခရီးသည် ၇ ဦးတို့ လိုက်ပါလာကြပြီး အားလုံးသေဆုံးသွားကြတယ်လို့ သတင်းရင်းမြစ်ထံမှ သိရှိရပါတယ်။
ရုပ်အလောင်းလေးလောင်းကို တွေ့ရှိကြောင်း၊ ပျံသန်းချိန် မိနစ် ၃၀ မပြည့်မီ မြေပြင်ပေါ်ကို ထိုးစိုက်ကျသွားပြီး မီးလောင်ကျွမ်းသွားခဲ့တယ်လို့ အရေးပေါ်တုံ့ပြန်ရေးဝန်ဆောင်မှုများဆိုင်ရာဌာက TASS သတင်းအေဂျင်စီကို ပြောပါတယ်။
ယမန်နေ့ ညနေပိုင်းမှာ ပျက်ကျခဲ့တဲ့ လေယာဉ်ကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု စတင်နေပြီဖြစ်ကြောင်း၊ ပျက်ကျခဲ့တဲ့ လေယာဉ်ရဲ့ ခရီးသည်စာရင်းမှာ (၀က်ဂ်နာကြေးစစ်တပ်ခေါင်းဆောင်) ယက်ဂါနီပရီဂိုဇင်ရဲ့ ပထမဆုံးနဲ့နောက်ဆုံးအမည်ကို တွေ့ရှိရတယ်လို့ အေဂျင်စီက မှတ်ချက်ပေးပါတယ်။
(TASS., 23 August 2023,” Business jet crashes in Tver Region killing ten” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိန္ဒိယ၏ ချန်ဒရာယန်-၃ မစ်ရှင် လမျက်နှာပြင်ပေါ်သို့ အောင်မြင်စွာ ဆင်သက်နိုင်
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း