ဘီးလင်းတွင် ခရီးသည်ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ရာ ယာဥ်ပေါ်တွင်လိုက်ပါလာသူ (၇)ဦး ထိခိုက်ဒဏ်ရာရရှိ
NSS - သြဂုတ် ၂၂
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ခရီးသည်တင်မှန်လုံယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း ဘီးလင်းလူမှုကူညီရေးအသင်းထံမှ သတင်းရရှိသည်။
အဆိုပါခရီးသည်ယာဉ်ကားသည် ယနေ့(သြဂုတ်လ ၂၂ ရက်)၊ နံနက်(၁၀)နာရီခွဲအချိန်ခန့်တွင် ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာ၊ အထပ်သားစက်ရုံအနီးတွင် ကားဘီးချော်၍ စလစ်ဖြစ်ကာ တိမ်းမှောက်ခဲ့ကြောင်း သိရသည်။
“အထပ်သားစက်ရုံနားမှာဖြစ်သွားတာပါ။ စလစ်ဖြစ်ပြီးတော့ မှောက်သွားတာ။ ကားပေါ်မှာခရီးသည်တော့သိပ်မပါဘူး။ ကုန်တွေပဲတင်လာတာ” ဟု ဘီးလင်းလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
ဖြစ်စဥ်ကြောင့် အမျိုးသားတစ်ဦး၊ အမျိုးသမီးလေးဦး နှင့် ကလေးနှစ်ဦး အပါအဝင် စုစု ပေါင်း(၇)ဦး ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ပြီး စိုးရိမ်ရသည့် အခြေအနေမရှိကြောင်း သိရသည်။
၎င်းတို့အား ဘီးလင်းလူမှုကူညီရေးအဖွဲ့မှ ဘီလင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်- မန္တလေးအမြန်လမ်းမတွင်လည်း သြဂုတ်လ(၂၁)ရက်က ခရီးသည်တင်ယာဉ် တိမ်းမှောက်ခဲ့ရာ ခရီးသည်အမျိုးသားတစ်ဦး သေဆုံးပြီး (၁၄)ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မန္တလေးတိုင်း၌ လူပုဂ္ဂိုလ်(၃)ဦး အပါအဝင် ငွေကျပ်(၂)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း