ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ခရီးသည်တင်ကားတိမ်းမှောက်မှုကြောင့် ခရီးသည်တစ်ဦးသေဆုံးခဲ့ပြီး (၁၅)ဦးဒဏ်ရာရ
သန့်ဇင်(NSS) - ဩဂုတ် ၂၁
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် Express ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဖြစ်ကာ လမ်းဘေးမြောင်းထဲထိုးကျတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်မှုသည် ယနေ့(ဩဂုတ်လ ၂၁ ရက်)၊ ညနေ ၃နာရီ ၄၀မိနစ်အချိန်တွင် ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၇၇/၅)နှင့်(၇၇/၆)ကြားတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
"ကားကအရှိန်မထိန်းနိုင်ဖြစ်ပြီး လမ်းဘေးကိုထိုးကျတာပါ။ ခရီးသည်တစ်ယောက်တော့ သေသွားတယ်"ဟု ဥသျှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုတွင် Express ကားပေါ်တွင်လိုက်ပါလာသည့် ခရီးသည်အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ပြီး အမျိုးသမီးတစ်ဦးသည် စိုးရိမ်ဖွယ်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် အဆိုပါယာဉ်ပေါ်၌လိုက်ပါလာသည့် အမျိုးသား(၉)ဦး၊ အမျိုးသမီး(၄)ဦးနှင့် ကလေး(၁)ဦးအပါအဝင်(၁၄)ဦးမှာလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
အထက်ပါ ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်မှ သေဆုံးသူအမျိုးသားနှင့် ဒဏ်ရာရှိသူများကို လူမှုကူညီရေး အသင်းများနှင့် ကယ်ဆယ်ရေးအဖွဲ့တို့မှ မြို့ချောင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သီရိမင်္ဂလာဈေးဟောင်း လေးလွှာမှ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးမှုဖြစ်ပွား
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း