သီရိမင်္ဂလာဈေးဟောင်း လေးလွှာမှ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးမှုဖြစ်ပွား
စော(NSS) - ဩဂုတ် ၂၁
ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ သီရိမင်္ဂလာဈေးဟောင်းလေးလွှာမှ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါအမျိုးသားသည် ယနေ့(ဩဂုတ်လ ၂၁ ရက်)၊ မွန်းလွဲ (၂)နာရီခွဲအချိန်တွင် အထက်ပါကဲ့သို့ ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း အားမန်လူငယ်ပရဟိတအသင်းထံမှ သိရသည်။
“သူက ပစ္စည်းအရွှေ့အပြောင်းလုပ်ပေးတဲ့ အလုပ်သမားအဖွဲ့ကပေါ့။ သူက မီးစက်ရွှေ့တာ အနောက်မှာ ဓာတ်လှေကားရှိခဲ့တဲ့ အပေါက်ရှိတယ်။ အဲဒီမှာ နောက်ပြန် ပြုတ်ကျတာပါ”ဟု အားမန်လူငယ်ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
သေဆုံးသူအမျိုးသားသည် အသက်(၅၈)နှစ်အရွယ်ရှိ ဦးသိန်းအေးဖြစ်ပြီး ဦးခေါင်းနှင့် ခြေထောက်တွင် ထိခိုက်ဒဏ်ရာရရှိကာ အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားကြောင်း သိရသည်။
လက်ရှိတွင် ၎င်း၏ရုပ်အလောင်းအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းနိုင်ငံ၌ အကြောင်းအမျိုးမျိုးဖြင့် ဖမ်းဆီးခံခဲ့ရသော မြန်မာနိုင်ငံသား(၁၅၀၀)ကျော်ကို ပြန်လည်လက်ခံကြိုဆိုခဲ့ဟု အလုပ်သမားဝန်ကြီးဌာနဆို
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း