မြန်မာအမျိုးသမီးတစ်ဦးကို ငွေကြေးလိမ်လည်မှုများဖြင့်ဖမ်းဆီးခဲ့ပြီး ဘတ်(၄)သန်းကျော်နှင့်အတူ ဘဏ်စာအုပ်များ၊ ATM ကတ်များကို သိမ်းဆည်းရယူခဲ့ဟု ထိုင်းရဲတပ်ဖွဲ့ပြော
ဂျန်ဇက် (NSS) - ဩဂုတ် ၁၉
ထိုင်းရဲတပ်ဖွဲ့သည် အွန်လိုင်းမှတဆင့် လိမ်လည်မှုများ ပြုလုပ်နေသူများကို ဖြိုခွင်းနိုင်ရန်အတွက် ပြီးခဲ့သောရက်ပိုင်းက ဘန်ကောက်မြို့၊ ချွန်ဘူရီ နှင့် Pathum Thani ပြည်နယ်ရှိနေရာပေါင်း ၂၉ ခုကို စီးနင်းရှာဖွေခဲ့ရာ အသက် ၂၄ နှစ်အရွယ်ရှိ မြန်မာအမျိုးသမီးတစ်ဦးကို ထိုင်းဘတ်သန်းချီနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းတော်ဝင်ရဲတပ်ဖွဲ့အကြီးအကဲ ရဲဗိုလ်ချုပ်ကြီး Worawat Wat Nakornbancha ကသတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုလိုက်သည်။
ထိုင်းရဲတပ်ဖွဲ့သည် Asok-Rama IX ဒေသရှိ ဇိမ်ခံကွန်ဒိုမီနီယံ တိုက်ခန်းများအပါအဝင် ဘန်ကောက်မြို့ရှိ မတူညီသော နေရာသုံးခုကို စီးနင်းရှာဖွေချိန်အတွင်း အသက် ၂၄နှစ်အရွယ်ရှိ မြန်မာအမျိုးသမီး မမိုးမိုးအေးဆိုသူကို ငွေကြေးခဝါချမှု၊ အွန်လိုင်းငွေကြေးလိမ်လည်မှုဖြင့် သံသယရှိကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။ ထိုင်းနိုင်ငံဆိုက်ဘာရာဇဝတ်မှုစုံစမ်းစစ်ဆေးရေး ဗျူရိုမှရဲများသည် မမိုးမိုးအေးနေထိုင်သည့်တိုက်ခန်းကို စီးနင်းရှာဖွေချိန်အတွင်း ငွေသားထိုင်းဘတ်ငွေ ၄ ဒသမ ၄ သန်း၊ ဘဏ်စာအုပ် ၁၇ အုပ် နှင့် ATM ကတ် ၁၆ ကတ်တို့ကို တွေ့ရှိသိမ်းဆည်းခဲ့ကြောင်း သိရသည်။
ထိုင်းရဲတပ်ဖွဲ့သည် မမိုးမိုးအေးကို ငွေကြေးခဝါချမှု၊ လိမ်လည်မှု၊ ကွန်ပျူတာစနစ်အတွင်း အချက် အလက်အမှားများ ထည့်သွင်းမှု အပါအဝင် အခြားဆက်စပ်အမှုများတွင်ပါဝင်ပတ်သက်နေသည်ဟု သံသယရှိနေခဲ့ကြောင်းသိရသည်။ မမိုးမိုးအေးသည် ဖုန်းကိုအသုံးပြုကာ လိမ်လည်မှုများကျူးလွန်သည့် ဂိုဏ်းများ နှင့် ဆက်နွယ်နေသူဖြစ်ပြီး ယခုနှစ်အတွင်း ၎င်း၏ဘဏ်အကောင့်များမှ ထိုင်းဘတ်ငွေ ၈၇ သန်းခန့် ငွေအဝင်အထွက်ရှိနေခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့ကပြောသည်။
ထို့ပြင် ၎င်းသည်လိမ်လည်မှုကျူးလွန်နေသော ဂိုဏ်းများအတွက် ၎င်း၏ဘဏ်အကောင့်မှ ထိုင်းဘတ် (၁၅) သန်း ထုတ်ယူပေးခြင်းများလည်းရှိခဲ့ဖူးကြောင်း ထိုင်းရဲတပ်ဖွဲ့ကပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မာရဝိဇယရုပ်ပွားတော်ကြီးအား စက်တင်ဘာလ(၃)ရက်အထိ အခမဲ့ဖူးမြော်ခွင့်ပေးမည်
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း