မာရဝိဇယရုပ်ပွားတော်ကြီးအား စက်တင်ဘာလ(၃)ရက်အထိ အခမဲ့ဖူးမြော်ခွင့်ပေးမည်
ယွန်း (NSS) - သြဂုတ် ၁၉
မာရဝိဇယရုပ်ပွားတော်ကြီးအား စက်တင်ဘာလ(၃)ရက်အထိ အခမဲ့ဖူးမြော်ခွင့်ပေးမည်ဖြစ်ကြောင်း နစကမှ အသိပေးထုတ်ပြန်ထားသည်။
နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဥ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များတွင် အကြီးဆုံးဖြစ်သည့် မာရဝိဇယရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
မာရဝိဇယရုပ်ပွားတော်ကြီးကို ပြီးခဲ့သည့် သြဂုတ်လ(၈)ရက်မှစ၍ အခမဲ့ဖူးမြော်ခွင့်ပေးထားခဲ့ပြီး စတင်ဖူးမြော်ခွင့်ပေးသည့်နေ့တွင် ဘုရားဖူးပြည်သူ (၁၀၀၀၀) နီးပါး ရှိခဲ့သည်။
ယခင်က ဘုရားကြီးအား သြဂုတ်လ(၈)ရက်မှ (၁၆)ရက်အထိသာ အခမဲ့ဖူးမြော်ခွင့်ပေးမည်ဟု ထုတ်ပြန်ခဲ့သော်လည်း လက်ရှိတွင် စက်တင်ဘာလ(၃)ရက်အထိ အခမဲ့ဖူးမြော်နိုင်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
သို့သော် စက်တင်ဘာလ(၃)ရက်နှင့်နောက်ပိုင်းတွင် ဘုရားဖူးပြည်သူများအား ရုပ်ပွားတော်မြတ်ကြီးနှင့် ဥယျာဉ်တော်ကြီး ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် လိုအပ်သော ပြုပြင်ထိန်းသိမ်းခြင်းများဆောင် ရွက်ရာတွင် ကုသိုလ်တော်အဖြစ် ပါဝင်နိုင်ရေး သတ်မှတ်ငွေကြေးနှုန်းထားများ ကောက်ခံသွားမည်ဟု နစကမှ အသိပေးထားသည်။
နစကအနေဖြင့် ကလေး/လူကြီးတစ်လျှင် ဝင်ကြေးနှုန်းထား (၁၀၀၀)ကျပ်သတ်မှတ်ထားကာ ဖုန်းသယ်ဆောင်ခွင့်ပါရရှိမည်ဖြစ်ကြောင်းယူဆရပြီး အပျော်ရိုက်ကင်မရာအတွက် (၅၀၀၀)ကျပ်နှုန်းသတ်မှတ်ထား၍ အလှဓါတ်ပုံရိုက်/Video များအတွက် (၅၀၀၀၀) ကျပ်နှုန်း သတ်မှတ်ထားသည်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ခွင့်အတွက် နိုင်ငံခြားသားတစ်ဦးလျှင် အမေရိကန်ဒေါ်လာ (၁၀)ဒေါ်လာအဖြစ် နစကမှသတ်မှတ်ထားပြီး လူ(၄)ယောက်စီး Buggy တစ်စီးအတွက် (၁)နာရီလျှင် (၁၀၀၀၀)ကျပ်နှုန်း သတ်မှတ်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ငွေလဲနှုန်းမတည်ငြိမ်ခြင်းကြောင့် EV လျှပ်စစ်အိမ်စီးကား အချို့ အရောင်းရပ်နားထား
RELATED POSTS
04 Sep 2024 | ဘာသာရေး,ပြည်တွင်း
22 Jul 2024 | ဘာသာရေး,နိုင်ငံတကာ
02 Jun 2024 | ဘာသာရေး,နိုင်ငံတကာ
29 May 2024 | ဘာသာရေး,ပြည်တွင်း