ငါးမျှားနေစဉ်ရေဆင်းကူးရာမှ အမျိုးသားတစ်ဦး ရေနစ်သေဆုံးမှု မင်္ဂလာဒုံမြို့နယ်တွင်ဖြစ်ပွား
သန့်ဇင် (NSS) - ဩဂုတ် ၁၉
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်တွင် သူငယ်ချင်းများနှင့်အတူ ငါးမျှားနေစဉ်ရေဆင်းကူးရာမှ အမျိုးသားတစ်ဦး ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ပုလဲမြို့အရံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါဖြစ်စဉ်သည် ယမန်နေ့ (ဩဂုတ်လ ၁၈ရက်)၊ ညနေ ၃နာရီ ၄၅မိနစ်ဝန်းကျင်အချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝန်းအတွင်းရှိ ရေကန်တစ်ခုအတွင်း၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
"သူတို့ သူငယ်ချင်းတွေ အဲဒီကန်မှာ ငါးသွားမျှားတာတဲ့။ ငါးမျှားရင်းနဲ့ရေဆင်းကူတာမှာ ရေနစ်တာပေါ့" ဟု ပုလဲမြို့အရံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါရေနစ်သူအလောင်းအား သေဆုံးသူစတင်ရေကူးခဲ့သည့် နေရာနှင့် ပေ(၂၀)အကွာ ရေအောက်၌ ပြန်လည်ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရေနစ်သေဆုံးသူသည် သင်္ဃန်းကျွန်းရပ်ကွက်တွင်နေထိုင်သည့် အသက်(၃၀)အရွယ်အမျိုးသားဖြစ်ပြီး ၎င်းအား ပုလဲမြို့အရံမီးသတ်မှ မြောက်ဥက္ကလာပမြို့နယ် မေဓါဝီဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာအမျိုးသမီးတစ်ဦးကို ငွေကြေးလိမ်လည်မှုများဖြင့်ဖမ်းဆီးခဲ့ပြီး ဘတ်(၄)သန်းကျော်နှင့်အတူ ဘဏ်စာအုပ်များ၊ ATM ကတ်များကို သိမ်းဆည်းရယူခဲ့ဟု ထိုင်းရဲတပ်ဖွဲ့ပြော
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း