မုံရွာ-မန္တလေးကားလမ်းတွင် အမျိုးသားတစ်ဦးအား PDF အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ဟု ရဲတပ်ဖွဲ့ဆို
NSS - ဩဂုတ် ၁၈
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် မုံရွာ-မန္တလေးကားလမ်းတွင် အမျိုးသားတစ်ဦးအား PDF အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော ဩဂုတ်လ ၁၅ ရက် မွန်းလွဲ ၂ နာရီခွဲအချိန်တွင် ချောင်းဦးမြို့နယ်၊ မြို့မရပ်ကွက်၊ ပခုက္ကူလမ်းဆုံအနီးတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မုံရွာမြို့နယ်၊ ထန်းတောရပ်ကွက်တွင် နေထိုင်သည့် ကိုအောင်ဟိန်းသည် ချမ်းမြဝတီရပ်ကွက်နေ ကိုငြိမ်း ချမ်း (၃၃)နှစ်နှင့်အတူ မုံရွာမြို့မှ မန္တလေးမြို့သို့ ခဲရောင် Ford ကားဖြင့် မုံရွာ-မန္တလေးလမ်းအတိုင်းမောင်းနှင်လာခဲ့ကြောင်း သိရသည်။
ထိုသို့ မောင်းနှင်လာစဉ် အထက်ပါ လမ်းဆုံအရောက်၌ PDF အဖွဲ့ (၄)ဦးက ဆိုင်ကယ်(၂)စီးဖြင့် နောက် မှလိုက်လာခဲ့ပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ထန်းတောရပ်ကွက်နေ ကိုအောင်ဟိန်း(၃၄)နှစ်၏ ရင်ဘတ် နှင့် ခါးတို့တွင် ကျည်ထိမှန်ဒဏ်ရာ(၃)ချက်ရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေး အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းကို အက်ဖ် ၁၆ တိုက်လေယာဉ်များကူညီပံ့ပိုးပေးဖို့ ဒိန်းမတ် နဲ့ နယ်သာလန်နိုင်ငံတို့ကို အမေရိကန်အစိုးရ ခွင့်ပြုပေးခဲ့ဟုဆို
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း