Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ယူကရိန်းကို အက်ဖ် ၁၆ တိုက်လေယာဉ်များကူညီပံ့ပိုးပေးဖို့ ဒိန်းမတ် နဲ့ နယ်သာလန်နိုင်ငံတို့ကို အမေရိကန်အစိုးရ ခွင့်ပြုပေးခဲ့ဟုဆို

ဂျန်ဇက် (NSS) - သြဂုတ် ၁၈

အမေရိကန်အစိုးရဟာ ဒိန်းမတ် နဲ့ နယ်သာလန်နိုင်ငံတို့ကို ယူကရိန်းနိုင်ငံထံ အက်ဖ် ၁၆ တိုက်လေ ယာဉ်များ ကူညီပံ့ပိုးပေးဖို့ ခွင့်ပြုပေးလိုက်ကြောင်း အမေရိကန်အစိုးရတာဝန်ရှိသူတစ်ဦးက ထုတ်‌ဖော်ပြောဆိုလိုက်ပါတယ်။ 

ယူကရိန်းဟာ လေကြောင်းတိုက်ခိုက်မှုတွေမှာ ရုရှားတိုက်လေယာဉ်တွေကို ယှဉ်ပြိုင်နိုင်ဖို့ အမေရိကန်ထုတ် တိုက်လေယာဉ်များ ရယူလိုနေကြောင်း သိရပါတယ်။ 

အမေရိကန်ဟာ ဒိန်းမတ် နဲ့ နယ်သာလန်နိုင်ငံတို့ကို တတိယမြောက်နိုင်ငံထံ အမေရိကန်ထုတ်အက်ဖ် ၁၆ တိုက် လေယာဉ်များလွှဲပြောင်းကူညီပေးဖို့ ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း၊ ယူကရိန်းလေယာဉ်မှူးများအနေနဲ့ အက်ဖ် ၁၆ တိုက်လေယာဉ်များနဲ့ လေ့ကျင့်မှုများပြုလုပ်ချိန်မှာ အက်ဖ် ၁၆ တိုက် လေယာဉ်များ လက်ခံရရှိတော့မှာဖြစ်ကြောင်း သိရပါတယ်။ 


အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလီကန်ဟာ ဒိန်းမတ် နဲ့  နယ်သာလန်နိုင်ငံတို့ကို ၎င်းတို့ရဲ့တောင်းဆိုချက်အပေါ်ခွင့်ပြုကြောင်း စာရေးသားပေးပို့ခဲ့ကြောင်း သိရပါတယ်။ ဒိန်းမတ် နဲ့ နယ်သာလန်နိုင်ငံတို့ဟာ ယူကရိန်းကို အက်ဖ် ၁၆ တိုက်လေယာဉ်များ ကူညီပေးလိုပေမယ့် အက်ဖ် ၁၆ တိုက်လေယာဉ်များကို ထုတ်လုပ်တဲ့မိခင်နိုင်ငံဖြစ်တဲ့ အမေရိကန်အစိုးရထံ ခွင့်ပြုချက်တောင်းခံခဲ့ရကြောင်း သိရပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တီုနီဘလီကန်က "အ‌မေရိကန်အစိုးရအနေနဲ့ အက်ဖ် ၁၆ တိုက်လေယာဉ်တွေကို ယူကရိန်းထံ ကူညီပေးဖို့ အပြည့်ဝထောက်ခံပါတယ်။ ယူကရိန်းတိုက်လေယာဉ်မှူးတွေကို အက်ဖ် ၁၆ တိုက်လေယာဉ်တွေနဲ့ လေ့ကျင့်သင်ကြားပြီးချိန်မှာ လွှဲပြောင်းပေးမှာပါ။ ယူကရိန်းနိုင်ငံဟာ အချုပ်အခြာအာဏာပိုင်နက်ချိုးဖောက်ခံရမှုအပြင် ရုရှားနိုင်ငံရဲ့ရန်လိုမှုတွေကို ကာကွယ်နိုင်စွမ်းရှိဖို့ အဓိကအရေးကြီးပါတယ်" လို့ ပြောပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ ယူကရိန်းလေယာဉ်မှူးတွေကို အက်ဖ် ၁၆ တိုက်လေယာဉ်များနဲ့ လေ့ကျင့်သင်ကြားပေးဖို့ စီစဉ်ခဲ့ပေမယ့် တိုက်လေယာဉ်တွေကို ဘယ်အချိန်မှာ လွှဲပြောင်းပေးမယ်ဆိုတဲ့အချက်ကို သတ်မှတ်ချက်မရှိသေးပါဘူး။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း၌ လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် ကွန်တိန်နာ ကုန်တင်ရထား တိမ်းမှောက်မှုဖြစ်ပွား

RECENT POSTS
မန္တလေးတွင် အုတ်တံတိုင်းပြိုကျကာ အဖီဆွဲနေထိုင်သူများအပေါ် ပိမိသောကြောင့် (၁)ဦးသေဆုံးကာ (၃)ဦး အပြင်းအထန်ဒဏ်ရာရ
24 Sep 2024
ဝန်ကြီးချုပ်နေတန်ရာဟု နှင့် အစ္စရေးအစိုးရထိပ်တန်း အရာရှိကြီးများကို လုပ်ကြံမည့် ဂျူးလူမျိုးတစ်ဦး ဖမ်းဆီးခံရ
24 Sep 2024
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေပိုမိုမြင့်တက်လာတာက ဘယ်နိုင်ငံအတွက်မှ အကျိုးအမြတ်မရှိဘူးလို့ G7 အဖွဲ့ပြော
24 Sep 2024
ယူကရိန်းသမ္မတက အမေရိကန်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်တွေကို အနိုင်ရစေလိုနေတယ်လို့ ဒေါ်နယ်ထရမ့်ပြော
24 Sep 2024
ယူနွတ်၏ဖိတ်ကြားချက်အရ လူထုအုံကြွမှုတော်လှန်ရေး၌ ဒဏ်ရာရသူများကို ကုသပြုစုရန်ဟုဆိုကာ တရုတ်ဆေးအဖွဲ့ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိ
24 Sep 2024
မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို တုံ့ပြန်နိုင်ကြောင်း တောင်ကိုရီးယားအစိုးရပြော
24 Sep 2024
ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ သွယ်ဝိုက်ကူညီနေသည်ဆိုသော သတင်းများကို အိန္ဒိယအစိုးရ ငြင်းဆန်
24 Sep 2024
နိုင်ငံအနှံ့ ရေဘေးဒဏ်ခံစားနေရသော်လည်း NUG-PDF များက အရပ်သားများကို အကြမ်းဖက်သတ်ဖြတ်နေမှု ဆက်လက်မြင့်တက်
24 Sep 2024
ပြင်သစ်သမ္မတက ရွေးချယ်ခန့်အပ်ထားသည့် ဝန်ကြီးချုပ်အသစ် နုတ်ထွက်ရဖွယ်ရှိနေ
24 Sep 2024
ယူကရိန်းစစ်ပွဲအတွက် ဒရုန်း အစင်းရေ တစ်သန်းခွဲနီးပါး တိုးမြှင့်ထုတ်လုပ်မည်ဟု ရုရှားသမ္မတပူတင် ပြော
24 Sep 2024
ကျောက်မဲမှထွက်ခွာသူများကို TNLA က လူသားတံတိုင်းလုပ်ရန် ခြိမ်း ခြောက်ပြီးပြန်ခေါ်နေ
24 Sep 2024
ထိုင်ဝမ်အရေး၌ အမေရိကန်စစ်တပ်နှင့်ဆက်နွှယ်နေသည့် ကုမ္ပဏီ(၉)ခုကို တရုတ်အစိုးရ ပိတ်ဆို့မှုချမှတ်
24 Sep 2024
ဂျိုးဘိုင်ဒန် သက်တမ်းမကုန်ဆုံးမီ ဂါဇာအပစ်ရပ်စာချုပ် ဖြစ်လာနိုင်ဖွယ် မရှိဟု အမေရိကန်အရာရှိများယုံကြည်နေ
24 Sep 2024
အိန္ဒိယ-မြန်မာ ကုန်သွယ်မှုတွင် ရူးပီးနှင့် ကျပ်ငွေပေးချေမှုကို တိုးမြှင့်ရန်စီစဉ်
23 Sep 2024
ရခိုင်စစ်ဘေးရှောင် (၅ဝဝ)နီးပါး အရေပြားရောဂါဖြစ်နေသော်လည်း AA မကူညီနိုင်
23 Sep 2024
‘‘ရေဘေးဖြစ်စဉ်မှ ပြန်လည်တွေ့မြင်လာရတဲ့ မြန်မာတို့ရဲ့လေးစားဖွယ်အပြုအမူတွေနဲ့ အကြမ်းဖက်အားပေးတို့ရဲ့ မနာလိုမှု” (အနုပညာဆောင်းပါး)
23 Sep 2024
အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲမတိုင်မီ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတွေ တစ်ကျော့ပြန်လည်ဖြစ်ပွားလာနေ
23 Sep 2024
အလေးချိန်(၃၀၀)ကီလိုဂရမ်ရှိတဲ့ ပထမကမ္ဘာစစ်အတွင်းက ဗုံးတစ်လုံးကို အောင်မြင်စွာ ဖယ်ရှားပစ်နိုင်ခဲ့တယ်လို့ ဆားဘီးယားရဲတပ်ဖွဲ့ပြော
23 Sep 2024
လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ၂ဝ၂၈ ခုနှစ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်ပြော
23 Sep 2024
PDF များက ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ရွာသား(၅ဝ)ကျော်ကို ဖမ်းဆီးသွားမှု ချောင်းဦး၌ဖြစ်ပွား
23 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved