မလေးရှား ကွာလာလမ်ပူမြို့ အဝေးပြေးလမ်းမကြီးအပေါ်ကို လေယာဉ်တစ်ဦး ပျက်ကျခဲ့ပြီးနောက် အနည်းဆုံး ၁ဝ ဦး သေဆုံး
ဂျန်ဇက် (NSS) - သြဂုတ် ၁၈
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့အနီးရှိ လေးလမ်းသွားလမ်းမကြီးအပေါ်ကို သြဂုတ်လ ၁၇ ရက် ညနေပိုင်းက အပေါ့စားလေယာဉ်တစ်စီး ပျက်ကျခဲ့ရာ အနည်းဆုံး လူ ၁ဝ ဦး သေဆုံးခဲ့ကြောင်း မလေးရှားရဲတပ်ဖွဲ့ က ပြောပါတယ်။
လေယာဉ်ဟာ မီးလောင်ပြီးနောက် ပျက်ကျသွားခဲ့ခြင်းမျိုးဖြစ်ပြီး လေယာဉ်ပေါ်လိုက်ပါလာသူ ၈ ဦးနဲ့ ကားလမ်း ပေါ်ရှိ မော်တော်ဆိုင်ကယ်သမားနှစ်ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ကွာလာလမ်ပူ မြို့ ရဲတပ်ဖွဲ့ရဲ့တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Mohamad Iqbal Ibrahim က "ကားလမ်းအပေါ်ကို လေယာဉ်ပျက်ကျခဲ့လို့ အနည်းဆုံး ၁ဝ ဦးသေဆုံးခဲ့တယ်။ ကားလမ်းပေါ်ရှိ ကားပေါ်ရှိနေတဲ့သူတစ်ဦးနဲ့ ဆိုင်ကယ်အပေါ်မှာ ရှိနေတဲ့သူ တစ်ဦးတို့ ပွဲချင်းပြီးသေဆုံးခဲ့တယ်။ ဒါ့အပြင် လေယာဉ်ပေါ်မှာလိုက်ပါလာသူ ၈ ဦးလည်း သေဆုံးခဲ့တယ်" လို့ ပြောပါတယ်။
မလေးရှား လေကြောင်းအာဏာပိုင်အဖွဲ့ကBeechcraft Model 390 အမျိုးအစား အပေ့ါစားလေယာဉ်ပေါ်မှာ ခရီးသည် ၆ ဦးနဲ့ လေယာဉ်မှူးနှစ်ဦး လိုက်ပါသွားခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ လေယာဉ်ဟာ Langkawi အပန်းဖြေကျွန်းကနေ ဆီလန်ဂေါ်ပြည်နယ်ရှိ Sultan Abdul Aziz Shah လေဆိပ်ကို ပျံသန်းမှာဖြစ်ပြီး လမ်းမှာ ပျက်ကျသွားခဲ့တာမျိုးဖြစ်ကြောင်း မလေးရှားလေကြောင်းအာဏာပိုင်အဖွဲ့က ပြောပါတယ်။
လေယာဉ်ပျက်ကျရတဲ့ အဓိကအကြောင်းအရင်းကို အသေးစိတ်စုံစမ်းစစ်ဆေးနေတယ်လို့ မလေးရှားလေကြောင်း အာဏာပိုင်အဖွဲ့က ပြောဆိုထားပေမယ့် အင်ဂျင်ချို့ယွင်းချက်ကြောင့် ပျက်ကျခြင်းဖြစ်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။
လေယာဉ်ပျက်ကျမှုကိုသွားရောက်ကြည့်ခဲ့သူတစ်ဦးက "လေယာဉ်ဟာ ပျက်စီးသွားခဲ့တယ်။ လူတွေဟာ မီးလောင်ပျက်စီးနေတဲ့အတွက် ဘယ်သူဘယ်ဝါကို အတိအကျမသိတော့ဘူး" လို့ ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လကမ္ဘာစူးစမ်းရေးမှာ အိန္ဒိယက မော်စကိုနဲ့ အပြိုင်ဖြစ်လာပြီး၊ လရဲ့တောင်ဝင်ရိုးစွန်းမှာ အာကာသယာဉ် ဆင်းသက်တဲ့ ပထမဆုံးနိုင်ငံဖြစ်လာ
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း