Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
လကမ္ဘာစူးစမ်းရေးမှာ အိန္ဒိယက မော်စကိုနဲ့ အပြိုင်ဖြစ်လာပြီး၊ လရဲ့တောင်ဝင်ရိုးစွန်းမှာ အာကာသယာဉ် ဆင်းသက်တဲ့ ပထမဆုံးနိုင်ငံဖြစ်လာ

Htay Oung (NSS) - သြဂုတ် ၁၈ 

အိန္ဒိယနိုင်ငံက သူတို့ရဲ့ “ချန်ဒရာယန်-၃” ဒုံးပျံကို ယုံကြည်မှုအပြည့်နဲ့ ကြာသပတေးနေ့မှာ လွှတ်တင်လိုက် ပါတယ်။ လကမ္ဘာရဲ့မြေပုံပေါ်ဖော်ပြမထားတဲ့ နယ်မြေအတွင်း စူးစမ်းလေ့လာရေးအတွက် ရုရှားနဲ့ ပြိုင်ဆိုင်နေစဉ် လကမ္ဘာရဲ့တောင်ဝင်ရိုးစွန်းမှာ အာကာသယာဉ်ဆင်းသက်နိုင်တဲ့ ပထမဆုံးနိုင်ငံဖြစ်လာတော့မယ်လို့ အိန္ဒိယနိုင်ငံ က အခိုင်အမာပြောကြားကြောင်း နယူးဒေလီအခြေစိုက် Zee News က ယမန်နေ့ ဖော်ပြပါတယ်။ 


ချန်ဒရာယန်း-၃ ဒုံးပျံရဲ့ လဆင်းယာဉ် မော်ဂျူး “ဗစ်ကရမ်” ဟာ မိခင်အာကာသယာဉ်ရဲ့တွန်းကန်အားစနစ်မှ အောင်မြင်စွာ ခွဲခွာထွက်နိုင်ခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီး ဂျီရင်ဒြာဆင်းက သတင်းထောက်တွေကို ပြောပါ တယ်။ လကမ္ဘာမျက်နှာပြင်အပေါ်စူးစမ်းရှာဖွေရေးအတွက် အိန္ဒိယနိုင်ငံရဲ့သီးခြားရှာဖွေတွေ့ရှိမှုနဲ့ အချက်အလက် ဖြည့်သွင်းမှုတို့ဟာ ကမ္ဘာကြီးတစ်ခုလုံးကို အကျိုးကျေးဇူးပြုလိမ့်မယ်လို့ ဆိုပါတယ်။

ရှေးယခင်တည်းက အမေရိကန်နဲ့ ထိုစဉ် ဆိုဗီယက်တို့က လကမ္ဘာစူးစမ်းလေ့လာရေးအတွက် စတင်ခဲ့ကြောင်း၊ ၁၉၆၉ ခုနှစ်မှာ အမေရိကန်အာကာသသူရဲများက လမျက်နှာပြင်ပေါ်မှာ ဆင်းသက်ခဲ့ဖူးကြောင်း၊ ဒါပေမယ့် အိန္ဒိယနိုင်ငံရဲ့ ချန်ဒရာယန်းအာကာသယာဉ်က လမျက်နှာပြင်ပေါ်မှ ရေများ ဓါတ်ပုံကို ကမ္ဘာမြေ အရောက် ယူဆောင်လာနိုင်ခဲ့ကြောင်း၊ အဲဒီအတွက် တစ်ကမ္ဘာလုံး မယုံနိုင်လောက်အောင် တအံ့တသြဖြစ်ခဲ့ရတယ်လို့ နယူးဒေလီ သိပ္ပံနဲ့ နည်းပညာ၀န်ကြီး (လွတ်လပ်သော တာဝန်) က ပြောပါတယ်။


အိန္ဒိယဟာ အမေရိကန်၊ ရုရှားနဲ တရုတ်တို့ပြီးရင် လပေါ်မှာ အာကာသယာဉ်ဆင်းသက်နိုင်တဲ့ ကမ္ဘာ့ စတုတ္ထမြောက်နိုင်ငံဖြစ်လာမှာဖြစ်ပြီး၊ လရဲ့တောင်ဝင်ရိုးစွန်း အရောက် ယာဉ်စေလွှတ်နိုင်တဲ့ တစ်ခုတည်းသော နိုင်ငံ ဖြစ်လာတော့မှာဖြစ်ကြောင်း ဝန်ကြီးက ဆက်လက်ရှင်းပြပါတယ်။

အိန္ဒိယရဲ့ လမျက်နှာပေါ်ဆင်းသက်မှုကို ချန်ဒရာယန်-၃ က သြဂုတ် ၂၃ ရက်မှာ ပြုလုပ်မှာဖြစ်ပါတယ်။ ဒီအတွက် လာမယ့်သီတင်းပတ်မှာ လမျက်နှာပေါ်ဆင်းသက်ဖို့ပြင်ဆင်တဲ့ ရုရှားနဲ့ အိန္ဒိယဟာ လောလောဆယ် အပြိုင်ဖြစ်နေ ကြပါတယ်။ သြဂုတ် ၂၃ ရက်မှာ အိန္ဒိယရဲ့ချန်ဒရာယန်းက လရဲ့တောင်ဝင်ရိုးစွန်းပေါ်ကို ဆင်းသက်နိုင်ဖို့ မျှော်လင့်ထားပေမယ့် သြဂုတ် ၂၁ ရက်မှာ ရုရှားရဲ့ လူနာ ၂၅ အာကာသယာဉ်က ငြင်သာစွာ ဆင်းသက်ဖို့ ရှိနေပါတယ်။

သြဂုတ် ၂၃ ရက် ညနေ ၅ နာရီ ၃ဝ မိနစ်မှ ညနေ ၆ နာရီအတွင်း အိန္ဒိယ အာကာသသုတေသနအဖွဲ့ရဲ့ “ချန်ဒရာယန်-၃ မစ်ရှင်” က လမျက်နှာပြင်ပေါ်ကို အနှောင့်အယှက်ကင်းစွာ ဆင်းသက်နိုင်ဖို့ စီစဉ်ထားကြောင်း ဝန်ကြီး ဂျီရင်ဒြာဆင်းက ပြောပါတယ်။ 

အိန္ဒိယလူမျိုးတိုင်းနဲ့ တစ်ကမ္ဘာလုံးက အဲဒီအချိန်အခိုက်အတန့်တိုင်းကို စောင့်ကြည့်နေကြပြီး ဘယ်လို နောက်ဆုံး ရလဒ်ထွက်ပေါ်လာမယ်ဆိုတာကို အသက်ရှုဖို့တောင် မေ့လျော့မတတ် စောင့်မျှော်နေကြကြောင်း၊ အိန္ဒိယရဲ့ အာကာသစူးစမ်းလေ့လာရေး ISRO ကဏ္ဍကြောင့် လာမယ့်နှစ်များတွင်း နိုင်ငံ့စီးပွားရေးဟာ အမေရိကန်ဒေါ်လာ ၁ ထရီယီယံတန်ဖိုးအထိ တိုးတက်လာတော့မှာဖြစ်ကြောင်း၊ အာကာသလုပ်သားများအတွက် အထောက်အကူပြူ ဝန်းကျင်အခြေအနေကို ပံ့ပိုးပေးတဲ့ ဝန်ကြီးချုပ်နာရင်ဒြာမိုဒီကို ဂုဏ်ပြုပါကြောင်း၊ ISRO ချန်ဒရာယန်း-၃ မစ်ရှင်ရဲ့ အဓိက ရည်ရွယ်ချက်မှာ လမျက်နှာပြင်ပေါ်မှာ ဘေးကင်း ငြင်သာစွာ ဆင်းသက်နိုင်စေရေးဖြစ်ကြောင်း၊ “ရိုဗာယာဉ်ငယ်” နဲ့ လပေါ်မှာ လှည့်လည်သွားပြီး သိပ္ပံနည်းကျ စမ်းသပ်မှုများကို ပြုလုပ်မှာဖြစ်ကြောင်း၊ ချန်ဒရာယန်း ခရီးစဉ်အစီအစဉ်များမှာ ပထမဆုံးဖြစ်တဲ့ ချန်ဒရာယန်း-၁ ကတည်းက လမျက်နှာပြင်ပေါ်မှာ ရေရှိနေခြင်းကို ရှာဖွေတွေ့ရှိခဲ့တဲ့အတွက် ဂုဏ်ပြုခံရကြောင်း၊ ချန်ဒရာယန်း-၃ ဟာ နောက်တစ်ဆင့် လေ့လာ စူးစမ်းမှာဖြစ်ကြောင်း ဆက်လက် ရှင်းပြပါတယ်။

အိန္ဒိယရဲ့ တတိယမြောက် လကမ္ဘာ စူးစမ်းလေ့လာရေး မစ်ရှင်ဖြစ်တဲ့ ချန်ဒရာယန်း-၃ ဒုံးပျံကို ယခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့မှာ ကနဦး လွှတ်တင်ခဲ့ပါတယ်။ အဲ့ဒီနောက် သြဂုတ် ၅ ရက်မှာ လပတ်လမ်းကြောင်းအတွင်း အောင်မြင်စွာ ဝင်ရောက်ခဲ့ပါတယ်။

အခြားတစ်ဖက်မှာလည်း ရုရှား “ရော့စ်ကော့စ်မော့စ်” အာကာသအေဂျင်စီရဲ့ လူနာ ၂၅ ဒုံးပျံကို သြဂုတ် ၁ဝ ရက်နေ့မှာ လွှတ်တင်ခဲ့ပြီး သြဂုတ် ၂၁ ရက်နေ့အရောက် လမျက်နှာပြင်ပေါ် ဆင်းသက်နိုင်မယ့် အာကာသ တိုက်ရိုက်လမ်းကြောင်းပေါ်မှာ ရောက်ရှိနေပါတယ်။

အိန္ဒိယထက် ရုရှားအာကာသယာဉ်က ပိုမိုလျင်မြန်စွာ အရှိန်မြှင့်တင်နိုင်တဲ့ အဓိကအကြောင်းရင်းများစွာအနက် တစ်ခုမှာ ချန်ဒရာယန်းက ၃,၈ဝဝ ကီလိုဂရမ်လေးလံနေချိန် ရုရှားက ၁,၇၅ဝ ကီလိုဂရမ်သာ ရှိတာလည်း ပါဝင်ပါတယ်။

(အရာ၀တ္တုတိုင်းမှာ ဆွဲငင်အားရှိပြီး ကမ္ဘာ-နေ-လ ဂြိုလ်များမှာလည်း ဆွဲငင်အား အသီးသီးရှိနေပါတယ် အာကာသ အတွင်းအရောက် ပစ်လွှတ်တဲ့ ဒုံးပျံတစ်စင်းရဲ့အလျှင်ဟာ တစ်စက္ကန့်လျှင် ၁မိုင်ခွဲခန့် အနည်းဆုံးရှိမှ မြေဆွဲအားမှ လွန်မြောက်နိုင်ပါတယ်။ ကမ္ဘာပတ်လမ်းကြောင်းအတွင်း ဝင်ရောက်ဖို့ဆိုလျှင် တစ်စက္ကန့် ၇ မိုင်ခန့်ရှိဖို့ လိုအပ်ပါ တယ်။ 

တကယ်တော့ လနဲ့ ကမ္ဘာအကြား မိုင်ပေါင်း ၂၄ဝဝဝဝ ခန့်ကို ရောက်သွားဖို့အတွက်ဆိုလျှင် လိုအပ်တဲ့ တွန်းကန် အား လောင်စာသယ်ဖို့သက်သက်တင် တည်ဆောက်ရမယ့်ဒုံးပျံဟာ အဆမတန်ကြီးမားနေမှာဖြစ်ပြီး လနဲ့ ကမ္ဘာ အကြား လေထုမရှိတဲ့အတွက် အလုပ်လည်း မဖြစ်ပါ။ အိုင်းရင်းအမှုန်လေးများသာ ရှိနေတဲ့အတွက် အာကာသ ယာဉ်ကို ဟိုဖက် ဒီဖက် တိမ်းစောင်းအောင်သာ လုပ်နိုင်ပါတယ်။

ဒီအတွက် ကမ္ဘာမြေဆွဲအားကို ဆန့်ကျင် တွန်းကန်အားအဖြစ် အသုံးချနေကြခြင်းဖြစ်ပါတယ်။ ဥပမာ- ခဲတစ်လုံးကို ကြိုးချည်- ဦးခေါင်းထက်မှာ ဝှေ့ရမ်းပြီး အရှိန်တစ်ခုရလာတဲ့အခါ ကြိုးစကို လွှတ်ပေးလိုက်ရင် အဲဒီခဲဟာ အတော် ဝေးတဲ့နေရာအထိ အရှိန်ပြင်းပြင်းနဲ့ ပြေးထွက်သွားသလိုဖြစ်ပါတယ်။ အထွက်-ပြန်ဝင်ရာမှာ ကမ္ဘာနဲ့ လတို့ရဲ့ ဆွဲငင်အားအသီးသီးကို အသုံးချနေကြပါတယ်။ လကမ္ဘာကို ချဉ်းကပ်နိုင်ဖို့ အဲဒီ(လွင့်သွားသလို) အရှိန်ရလာအောင် ကမ္ဘာပတ်လမ်းကြောင်းအတွင်း လှည့်ပတ်ပျံသန်းရာမှာ ယခုအိန္ဒိယက ရက် ၂ဝ ခန့်ကြာပြီး ရုရှားက ၁၁ ရက် ကြာပါတယ်။ လဆင်းယာဉ်ထိပ်ဖူးကို သယ်ဆောင်သွားတဲ့ အာကာယာဉ်ရဲ့အလေးချိန်ကြောင့်လည်း ပါဝင်ပြီး အိန္ဒိယထက် ၂ ဆကျော် ပေါ့ပါးအောင် ရုရှားက လုပ်တတ်တယ်လို့ ဆိုလိုရာ ရောက်နေပါတယ်။ 

ယနေ့ ကမ္ဘာ့တိုက်ကြီးတစ်ခုမှ တစ်ခုသို့ ပစ်ခတ်နိုင်တဲ့ “တိုက်ချင်းပစ်ဒုံးကျည်” များကို ကိုယ်တိုင် ထုတ်လုပ် ပိုင်ဆိုင်ပြီး ကမ္ဘာ့အပြင်ဘက် အာကာသယာဉ်များ ပစ်လွှတ်နေတဲ့ အိန္ဒိယရဲ့အာကာသစိုးမိုးရေး ကြိုးပမ်းမှုများဟာ “အဂ္ဂနီ ဒုံးပျံများ” နဲ့ စတင်ခဲ့ရပါတယ်။ အဂ္ဂနီဒုံးပျံစမ်းသပ်မှု စတင်ပစ်လွှတ်စဉ် “#ခေါင်းပေါ်_ပြန်ပြုတ်ကျလာမှာ ကို #စိုးရိမ်တဲ့_အနီးအနားနေ #mုလားအားလုံး #ကြောက်လန့်တကြား #ထွက်ပြေးကြတယ်” လို့ #ပြောင်လှောင် သရော်_သတင်းရေးခဲ့သူမှာ #ယနေ့ #BBC, #VOA တို့ဖြစ်ကြောင်း လူငယ်အရွယ်ဖြစ်ပေမယ့် ကျွန်တော် ကောင်းကောင်းကြီး မှတ်မိနေပါတယ်။

“ပါးစပ်ထဲ ပလုပ်ပလောင်း စားယုံမက ပန်းကန်ထဲ ရှိသမျှ ငါ့ဟာ” လုပ်နေသူ- ကမ္ဘာပတ်ပြီး လူကိုလူချင်း ကိုလိုနီပြု စစ်မီးမွှေးနေတဲ့အနောက်အုပ်စုဟာ တရုတ်-အိန္ဒိယ အရှေ့တိုင်းသားတို့ရဲ့အံ့မခန်း အာကာသအောင်မြင်မှုသတင်း များကို စောင်ပါးစပ် ပိတ်ပြီး သာမန်သတင်းအဖြစ်လောက်သာ ဖော်ပြပါတယ်

အိန္ဒိယရဲ့အောင်မြင်မှုကို အိမ်နီးချင်းတိုင်းပြည်သား ကျွန်တော့်အနေဖြင့် အလွန်ဝမ်းမြောက်ဂုဏ်ယူပါတယ်။ ဒါပေမယ့် တဖက်လည်း ချွေးသီးတွေ ဘူးသီးလုံးလောက်ကျအောင် ထိတ်လန့်မိပါတယ်။ သူတို့ထက် စစ်ရေး စီးပွားရေး နဲ့ သိပ္ပံပညာရပ်များမှာ ပုခုံးချင်း ယှဉ်ယုံမက ကျော်တက်ဖို့ တာစူလာတဲ့ တရုတ်ကြီးရဲ့ ပတ်ဝန်းကျင်မှာ စစ်မီးဟုန်းဟုန်းတောက်အောင် ဖန်တီးပြီး ဒူးခေါက်ခွက် လိုက်နင်းနေတဲ့ #ငပွကြီးတို့အုပ်စုဟာ #ဘာဘူကြီးရဲ့ #ပြည်တွင်း_ပြည်ပရေးမှာလည်း #အနုနည်း_အကြမ်းနည်းနဲ့ #ခြေထိုးတော့မှာ #သေချာပါတယ်။ #အဲဒီနိုင်ငံကြီး #နှစ်နိုင်ငံအကြားမှာ #တည်ရှိနေပါတယ်။ ။သတင်းဘာသာပြန်သူ))


#အိန္ဒိယ_ချန်ဒရာယန်း_၃ #တရုတ် #ရုရှား #လူနာ_၂၅ #အမေရိကန် #လဆင်းယာဉ်_ဗစ်ကရမ်


(Zee News., 17 August 2023,” Chandrayaan-3 Mission: Amid Race With Russia's Luna 25, India Confident Of Landing First On Moon's South Pole” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

စစ်ပွဲကို ဆက်တိုက်နေမယ်ဆိုရင် ယူကရိန်းနိုင်ငံပိုင်နက်အားလုံး ဆုံးရှုံးသွားတော့မှာဖြစ်တယ်လို့ ဘီလာရုစ့်သမ္မတ သတိပေး

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved