ပန်းဆိုးတန်းဆိပ်ကမ်းတွင် ပုတ်ပွသေဆုံးနေသည့် အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိ
သန့်ဇင် (NSS) - ဩဂုတ် ၁၇
ရန်ကုန်တိုင်း၊ ပန်းပဲတန်းမြို့နယ်၊ ပန်းဆိုးတန်းဆိပ်ကမ်းတွင် ရေနစ်ကာ ပုတ်ပွသေဆုံးနေသည့် အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင် သိရသည်။
အဆိုပါအလောင်းကို ယမန်နေ့ ဩဂုတ်လ ၁၆ ရက် ညနေပိုင်းအချိန်တွင် ပန်းပဲတန်းမြို့နယ်၊ ပန်းဆိုးတန်းဆိတ်ကမ်းတွင် တွေ့ရှိခဲ့ရကြောင်း လင်းလက်လူမှုကူညီရေးအသင်းထံမှ သိရသည်။
"တွေ့တဲ့သူတွေက ကျွန်မတို့ကို ရေနစ် Body အလောင်းတွေ့တယ်ပေါ့နော်။ အဲဒါနဲ့ ကျွန်မတို့ရောက်တော့ အလောင်းက ဘောတံတားမှာ ညှပ်နေတော့ သင်္ဘောက ခွာပေးရတာပေါ့" ဟု လင်းလက်လူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
ရေနစ်သေဆုံးနေသည့်အမျိုးသားမှာ အသက်(၄ဝ)နှစ် ဝန်းကျင်ဖြစ်ပြီး နေရပ်ဒေသအား စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။
"သူက ဒီနေရာမှာ ရေနစ်ပြီး သေဆုံးတာလား။ ဘယ်နေရာက မျောလာပြီး ဒီနေရာမှာ ငြိနေတာလဲဆိုတာတော့ မသိရသေးဘူး။ သေဆုံးတာက ပုတ်ပွနေတာဆိုတော့ ခန့်မှန်းရမယ်ဆိုရင် (၄)၊ (၅)ရက်လောက်တော့ ရှိပြီပေါ့" ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့နောက် ၎င်းရေနစ်သေဆုံးသူအမျိုးသားအလောင်းအား လင်းလက်လူမှုကူညီရေးအသင်းမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ဂျာနိုင်ငံတွင် စစ်ရေးအရ ဝင်ရောက်စွက်ဖက်ရန်အတွက် တပ်ဖွဲ့ဝင်များကို စတင်စုဆောင်းနေပြီဖြစ်ကြောင်း (ECOWAS) အဖွဲ့ပြော
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း