Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နိုင်ဂျာနိုင်ငံတွင် စစ်ရေးအရ ဝင်ရောက်စွက်ဖက်ရန်အတွက် တပ်ဖွဲ့ဝင်များကို စတင်စုဆောင်းနေပြီဖြစ်ကြောင်း (ECOWAS) အဖွဲ့ပြော

Pika (NSS) - သြဂုတ် ၁၇

အနောက်အာဖရိကနိုင်ငံများ စီးပွားရေးအသိုင်းအဝိုင်း(ECOWAS) သည် အာဏာသိမ်းမှုများဖြစ်ပွားခဲ့သော နိုင်ဂျာနိုင်ငံတွင် သမ္မတမိုဟာမက်ဘာဇွန် ပြန်လည်အုပ်ချုပ်စေရန် ရည်ရွယ်သည့် စစ်ရေးအရဝင်ရောက်စွက်ဖက်မှုများ လုပ်ဆောင်ရန်အတွက်  တပ်ဖွဲ့ဝင်များကို စတင်စုဆောင်းနေပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ 

ကာကွယ်ရေးဦးစီးချုပ်များ ကော်မတီ (CCDC) သည် နိုင်ဂျာနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြန်လည်စတင်စေရန် စစ်ရေးအရ ဝင်ရောက်စွက်ဖက်မှုများ လုပ်ဆောင်ရန်အတွက် တပ်ဖွဲ့ဝင်များကို စတင်စုဆောင်းနေပြီဖြစ်ကြောင်း (ECOWAS) က ပြောကြားခဲ့သည်။


ECOWAS က "(CCDC) ဟာ ဂါနာနိုင်ငံ AccraAccra မြို့မှာ ဩဂုတ်လ(၁၇)ရက် နှင့် (၁၈)ရက်တို့တွင် တွေ့ဆုံမှာ ဖြစ်ပြီး နိုင်ဂျာမှာ တပ်ဖွဲ့ဝင်တွေ ဖြန့်ကျက်ချထားမယ့်အစီအစဉ်တွေကို အပြီးသတ်ဆွေးနွေးသွားနိုင်ဖွယ်ရှိနေပါ တယ်" ဟု ပြောခဲ့သည်။

ECOWAS ၏ စစ်ဘက်ဆိုင်ရာအကြီးအကဲများသည် နိုင်ဂျာနိုင်ငံတွင် စစ်ရေးအရ ဝင်ရောက်စွက်ဖက်မည့် အစီအစဉ်များကို ဩဂုတ်လ(၄)ရက်တွင် အပြီးသတ်ဆွေးနွေးခဲ့ပြီး တပ်ဖွဲ့ဝင်များ စုဆောင်းတော့မည်ဖြစ်ကြောင်း ဩဂုတ်လ(၁ဝ)ရက်တွင် ထုတ်ပြန်ကြားခဲ့သည်။

ECOWAS သည် တပ်ဖွဲ့ဝင်(၂၅ဝဝဝ) ခန့်ကို စုဆောင်းထားပြီး အများစုမှာ နိုင်ဂျီးရီးယားနိုင်ငံမှဖြစ်ကြောင်း သိရသည်။ ဇူလိုင်လ(၂၆)ရက်တွင် နိုင်ဂျာစစ်ခေါင်းဆောင်များသည် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက် ထားသော သမ္မတမိုဟာမက်ဘာဇွန်ကို ဖြုတ်ချကာာ အာဏာသိမ်းယူခဲ့ကြောင်း သိရသည်။ မိုဟာမက်ဘာဇွန် သည် နိုင်ငံအတွင်းရှိ အကြမ်းဖက်အဖွဲ့များကို ချေမှုန်းနိုင်ခြင်းမရှိကြောင်း နှင့် ကိုလိုနီအာဏာရှင်ဟောင်း ပြင်သစ် နှင့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်နေခြင်းကြောင့် ဖမ်းဆီးထိန်းသိမ်းကာ အာဏာကိုသိမ်းယူခဲ့ခြင်းဖြစ်ကြောင်း နိုင်ဂျာစစ်အစိုးရ က ပြောကြားခဲ့သည်။ 


အာဖရိကသမဂ္ဂသည် နိုင်ဂျာအရေးနှင့်ပတ်သက်ပြီး ECOWAS ၏ စစ်ရေးအရဝင်ရောက်စွက်ဖက်မှုများကို ထောက်ခံရန် ငြင်းဆိုခဲ့ကြောင်းလည်း သိရသည်။ နိုင်ဂျီးရီးယားအထက်လွှတ်တော်ကလည်း နိုင်ဂျာတွင် စစ်ရေး အရ ဝင်ရောက်စွက်ဖက်ခြင်းများ မလုပ်ဆောင်ရန် ပြောဆိုထားပြီး အဆိုပါအကျပ်အတည်းကို သံတမန်ရေးအရ ဖြေရှင်းရန်အတွက် နည်းလမ်းများကိုရှာဖွေရန် နိုင်ဂျီးရီးယားသမ္မတ Bola Tinubu ကို တိုက်တွန်းခဲ့ကြောင်း သိရသည်။ 

အဖွဲ့ဝင်နိုင်ငံ အများအပြားတွင်  သဘောထားကွဲလွဲမှုများရှိနေသော်လည်း  ECOWAS သည် ၎င်း၏ ခြေလှမ်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိနေကြောင်း သိရသည်။ Chad နှင့် Guinea နိုင်ငံတို့သည် နိုင်ဂျာကို ပိတ်ဆို့အရေးယူ မှုများ လုပ်ဆောင်ရန် နှင့် ကြားဝင်စွက်ဖက်မှုများပြုလုပ်ရန် ငြင်းဆိုထားပြီး ဘာကီနာဖာဆို နှင့် မာလီနိုင်ငံတို့ ကလည်း နိုင်ဂျာကိုဆန့်ကျင်သည့် မည်သည့်စစ်ရေးလှုပ်ရှားမှုများကိုမဆို ၎င်းတို့အပေါ် စစ်ကြေညာခြင်းမျိုးအဖြစ် မှတ်ယူသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

နိုင်ဂျာစစ်ခေါင်းဆောင် Abdourahamane Tchiani သည် နိုင်ငံတွင်းသို့ ကျူးကျော်ဝင်ရောက်လာနိုင်ဖွယ်ရှိသော  ECOWAS ၏ ကျူးကျော်မှုများကိုတွန်းလှန်ရန် နိုင်ငံတွင်းရှိ စေတနာ့ဝန်ထမ်းများကို တိုက်တွန်းတောင်းဆိုခဲ့ကြောင်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အီတလီနိုင်ငံတွင် ထိုးသတ်ရန် စီစဉ်ထားသောပွဲကို ဇူကာဘတ် ငြင်းဆိုခဲ့ဟု အီလွန်မတ် ထုတ်ဖော်ပြော

RECENT POSTS
မန္တလေးတွင် အုတ်တံတိုင်းပြိုကျကာ အဖီဆွဲနေထိုင်သူများအပေါ် ပိမိသောကြောင့် (၁)ဦးသေဆုံးကာ (၃)ဦး အပြင်းအထန်ဒဏ်ရာရ
24 Sep 2024
ဝန်ကြီးချုပ်နေတန်ရာဟု နှင့် အစ္စရေးအစိုးရထိပ်တန်း အရာရှိကြီးများကို လုပ်ကြံမည့် ဂျူးလူမျိုးတစ်ဦး ဖမ်းဆီးခံရ
24 Sep 2024
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေပိုမိုမြင့်တက်လာတာက ဘယ်နိုင်ငံအတွက်မှ အကျိုးအမြတ်မရှိဘူးလို့ G7 အဖွဲ့ပြော
24 Sep 2024
ယူကရိန်းသမ္မတက အမေရိကန်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်တွေကို အနိုင်ရစေလိုနေတယ်လို့ ဒေါ်နယ်ထရမ့်ပြော
24 Sep 2024
ယူနွတ်၏ဖိတ်ကြားချက်အရ လူထုအုံကြွမှုတော်လှန်ရေး၌ ဒဏ်ရာရသူများကို ကုသပြုစုရန်ဟုဆိုကာ တရုတ်ဆေးအဖွဲ့ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိ
24 Sep 2024
မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို တုံ့ပြန်နိုင်ကြောင်း တောင်ကိုရီးယားအစိုးရပြော
24 Sep 2024
ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ သွယ်ဝိုက်ကူညီနေသည်ဆိုသော သတင်းများကို အိန္ဒိယအစိုးရ ငြင်းဆန်
24 Sep 2024
နိုင်ငံအနှံ့ ရေဘေးဒဏ်ခံစားနေရသော်လည်း NUG-PDF များက အရပ်သားများကို အကြမ်းဖက်သတ်ဖြတ်နေမှု ဆက်လက်မြင့်တက်
24 Sep 2024
ပြင်သစ်သမ္မတက ရွေးချယ်ခန့်အပ်ထားသည့် ဝန်ကြီးချုပ်အသစ် နုတ်ထွက်ရဖွယ်ရှိနေ
24 Sep 2024
ယူကရိန်းစစ်ပွဲအတွက် ဒရုန်း အစင်းရေ တစ်သန်းခွဲနီးပါး တိုးမြှင့်ထုတ်လုပ်မည်ဟု ရုရှားသမ္မတပူတင် ပြော
24 Sep 2024
ကျောက်မဲမှထွက်ခွာသူများကို TNLA က လူသားတံတိုင်းလုပ်ရန် ခြိမ်း ခြောက်ပြီးပြန်ခေါ်နေ
24 Sep 2024
ထိုင်ဝမ်အရေး၌ အမေရိကန်စစ်တပ်နှင့်ဆက်နွှယ်နေသည့် ကုမ္ပဏီ(၉)ခုကို တရုတ်အစိုးရ ပိတ်ဆို့မှုချမှတ်
24 Sep 2024
ဂျိုးဘိုင်ဒန် သက်တမ်းမကုန်ဆုံးမီ ဂါဇာအပစ်ရပ်စာချုပ် ဖြစ်လာနိုင်ဖွယ် မရှိဟု အမေရိကန်အရာရှိများယုံကြည်နေ
24 Sep 2024
အိန္ဒိယ-မြန်မာ ကုန်သွယ်မှုတွင် ရူးပီးနှင့် ကျပ်ငွေပေးချေမှုကို တိုးမြှင့်ရန်စီစဉ်
23 Sep 2024
ရခိုင်စစ်ဘေးရှောင် (၅ဝဝ)နီးပါး အရေပြားရောဂါဖြစ်နေသော်လည်း AA မကူညီနိုင်
23 Sep 2024
‘‘ရေဘေးဖြစ်စဉ်မှ ပြန်လည်တွေ့မြင်လာရတဲ့ မြန်မာတို့ရဲ့လေးစားဖွယ်အပြုအမူတွေနဲ့ အကြမ်းဖက်အားပေးတို့ရဲ့ မနာလိုမှု” (အနုပညာဆောင်းပါး)
23 Sep 2024
အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲမတိုင်မီ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတွေ တစ်ကျော့ပြန်လည်ဖြစ်ပွားလာနေ
23 Sep 2024
အလေးချိန်(၃၀၀)ကီလိုဂရမ်ရှိတဲ့ ပထမကမ္ဘာစစ်အတွင်းက ဗုံးတစ်လုံးကို အောင်မြင်စွာ ဖယ်ရှားပစ်နိုင်ခဲ့တယ်လို့ ဆားဘီးယားရဲတပ်ဖွဲ့ပြော
23 Sep 2024
လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ၂ဝ၂၈ ခုနှစ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်ပြော
23 Sep 2024
PDF များက ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ရွာသား(၅ဝ)ကျော်ကို ဖမ်းဆီးသွားမှု ချောင်းဦး၌ဖြစ်ပွား
23 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved