မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းရာ၌ အာဆီယံနိုင်ငံအချင်းချင်း နိုင်ငံရေးရောယှက်မှုကင်းရှင်းစွာ သတင်းဖလှယ်ရန်လိုအပ်ဟု မြန်မာနိုင်ငံဘက်က တိုက်တွန်း
ယွန်း (NSS) - သြဂုတ် ၁၄
မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းရာ၌ အာဆီယံနိုင်ငံအချင်းချင်း နိုင်ငံရေးရောယှက်မှုကင်းရှင်းစွာ သတင်းအချက်အလက်ဖလှယ်မှုများ တိုးမြှင့်ဆောင်ရွက်ရန်လိုကြောင်း ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြောသည်။
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က သြဂုတ်လ(၁၀)ရက်မှ (၁၁)ရက်အထိ လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့တွင် ကျင်းပခဲ့သော (၈)ကြိမ်မြောက် အာဆီယံမူးယစ်ဆေးဝါးဆိုင်ရာဝန်ကြီးအဆင့်အစည်းအဝေး၌ အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ကမ္ဘာပေါ်ရှိနိုင်ငံအများစုတွင် လူလုပ်မူးယစ်ဆေးဝါး ထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ်မှုများသည် အဓိကခြိမ်းခြောက်နေသည့် ပြဿနာဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြောသည်။
ထို့ကြောင့် မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းဆောင်ရွက်ရာတွင် နိုင်ငံတစ်နိုင်ငံတည်း ဆောင်ရွက်၍မရနိုင်ဘဲ နိုင်ငံအားလုံး ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးကြောင်း ၎င်းက တိုက်တွန်းပြောကြားထား သည်။
ထိုသို့ဆောင်ရွက်ရာတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ အချင်းချင်းနိုင်ငံရေးရောယှက်မှုများ ကင်းရှင်းစွာ သတင်းအချက်အလက်ဖလှယ်မှုများ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားရန် လိုအပ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က အသိပေးပြောကြားခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ကာ တပ်မတော် အပါအဝင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အကောက်ခွန်ဦးစီးဌာနတို့မှ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ ဒေသတွင်းနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်နေကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က အသိပေးပြောကြားထားသည်။
အလားတူ ဘိန်းစိုက်ပျိုးရာဒေသများ၌ အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း စဥ်ဆက်မပြတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြင်ဦးလွင်-မန္တလေးအဆင်းလမ်းတွင် (၆)ဘီးကားတစ်စီး ဘရိတ်ပေါက်၍ လမ်းဘေးသစ်ပင်အားဝင်တိုက်မိခဲ့ရာ ယာဉ်မောင်းတစ်ဦးသေဆုံး
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း