ပြင်ဦးလွင်-မန္တလေးအဆင်းလမ်းတွင် (၆)ဘီးကားတစ်စီး ဘရိတ်ပေါက်၍ လမ်းဘေးသစ်ပင်အားဝင်တိုက်မိခဲ့ရာ ယာဉ်မောင်းတစ်ဦးသေဆုံး
သန့်ဇင် (NSS) - ဩဂုတ် ၁၄
မန္တလေးတိုင်း၊ ပြင်ဦးလွင်-မန္တလေးအဆင်းလမ်းတွင် (၆)ဘီးကားတစ်စီး ဘရိတ်ပေါက်၍ လမ်းဘေးသစ် ပင်အား ဝင်တိုက်မှုကြောင့် ယာဉ်မောင်းသူအမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုဖြစ်စဉ်သည် ယမန်နေ့(ဩဂုတ်လ ၁၃ရက်)၊ ညနေ ၆နာရီအချိန်တွင် ပြင်ဦးလွင်-မန္တလေးအဆင်းလမ်း ၂၁မိုင်နှင့် ၂၂မိုင်ကြားတွင်ဖြစ်ပွားခဲ့ကြောင်း စေတနာမွန်လူမှုကူညီရေးအသင်း-အုန်းချောထံမှ သိရသည်။
"ကျွန်တော်တို့သိရလောက်ကတော့။ ကြက်ဥတွေတင်လာတဲ့(၆)ဘီးကားက ဘရိတ်ပေါက်ပြီး လမ်းဘေး ဆွဲချတာဗျ။ ပြီးတော့မှ လမ်းဘေးကသစ်ပင်ကိုဝင်တိုက်တာ"ဟု စေတနာမွန် လူမှုကူညီရေးအသင်း (အုန်းချော)မှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် ကားပေါ်မှ အသက်(၄၀)ဝန်းကျင် ယာဉ်မောင်းတစ်ဦး သေဆုံးသွားခဲ့ပြီး ၎င်းနှင့်အတူ လိုက်ပါလာသည့် အသက်(၁၅)နှစ်အရွယ် အမျိုးသားတစ်ဦးမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
"ယာဉ်မောင်းက ဖြစ်တဲ့အချိန်ခြေထောက်ကညှပ်နေတာပေါ့။ အဲဒါကို ဆွဲထုတ်ပြီး ဆေးရုံပို့တော့ ဆေးရုံမှာပဲ ဆုံးသွားတာဗျ။ ခေါင်းခန်းထဲကအတူပါလာတဲ့ ကလေးကတော့ ခေါင်းထိတယ်"ဟု ၎င်းကဆက်လက်ပြောသည်။
၎င်းယာဉ်တိုက်မှုဖြစ်စဉ်မှ သေဆုံးသူအမျိုးသားကို သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်းမှ ပြင်ဦးလွင်မြို့ ပြည်သူ့ဆေးရုံနှင့် ဒဏ်ရာရရှိသူအမျိုးသားအား သီရိဎထန(ညောင်ပေါ)လူမှုကူညီရေးအသင်းမှ မန္တလေးမြို့ ဆေးရုံသို့ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
(၂၄) နာရီအတွင်း ထူးခြားသတင်းများ စုစည်းတင်ဆက်ခြင်း
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း