ရုရှားကြေးစားတပ်ဖွဲ့ Wagner group အုပ်စုကို ရုရှားအစိုးရအစား ဘီလာရုစ့်အစိုးရ ငွေကြေးကူညီထောက်ပံ့ပေးဖွယ်ရှိနေ
ဂျန်ဇက် (NSS) - သြဂုတ် ၁၄
ဘီလာရုစ်အစိုးရဟာ ရုရှားအစိုးရနဲ့ အငြင်းပွားမှုတွေဖြစ်ပွားခဲ့ဖူးတဲ့ Wagner group ကြေးစားတပ်ဖွဲ့ကို ငွေကြေး ထောက်ပံ့ပေးမှုတွေ ဆက်လက်လုပ်ကိုင်သွားမှာဖြစ်ကြောင်း သိရပါတယ်။
အဆိုပါ ရုရှားကြေးစားအုပ်စုဟာ ရုရှားဗိုလ်ချုပ်ကြီးများကိုဖြုတ်ချဖို့ ရည်ရွယ်ချက်နဲ့ လက်နက်ကိုင်ပုန်ကန်မှုများ ဖြစ်ပွားခဲ့ရာ ရုရှားအစိုးရနဲ့ တင်းမာမှုတွေရှိလာခဲ့ပြီး ဇွန်လ ၂၃ ရက်မှာ ဘီလာရုစ့်သမ္မတ လူကာရှန်ကိုဟာ Wagner group ကြေးစားအုပ်စုခေါင်းဆောင် ပရီဂိုဇင် နဲ့ တွေ့ဆုံဆွေးနွေးကာ လက်နက်ကိုင်ပုန်ကန်မှုတွေကို အဆုံးသတ်ဖို့ စည်းရုံးနိုင်ခဲ့ပါတယ်။
Wagner group ကြေးစားအုပ်စုဟာ ဘီလာရုစ့်သမ္မတ လူကာရှန်ကိုရဲ့ကြားဝင်ပေးမှုကိုလက်ခံကာ ပုန်ကန်မှုတွေ ကို အဆုံးသတ်ခဲ့ပြီးနောက် ရုရှားနိုင်ငံကနေ ဘီလာရုစ့်နိုင်ငံကို ရွှေ့ပြောင်းခဲ့ကြောင်း သိရပါတယ်။ Wagner group ကြေးစားအုပ်စုဟာ အီရတ်စစ်ပွဲ၊ ဆီးရီးယားစစ်ပွဲတွေမှာ နာမည်ကျော်လာခဲ့ပြီး ယူကရိန်း နဲ့ ရုရှားတို့ဖြစ်ပွားနေတဲ့ စစ်ပွဲမှာလည်း ရုရှားဘက်က ဝင်တိုက်ပေးကာ ယူကရိန်းမြို့တွေ သိမ်းယူနိုင်အောင်ကူညီပေးခဲ့ပါတယ်။
ဘီလာရုစ့်သမ္မတ လူကာရှန်ကိုဟာ လက်ရှိအချိန်မှာ ရုရှားကြေးစားအုပ်စုကို နိုင်ငံထဲမှာ လက်ခံထားပြီး ကြေးစား တပ်ဖွဲ့တွေရဲ့လစာတွေကို ရုရှားအစိုးရအစား ပေးချေသွားရဖွယ်ရှိနေကြောင်း သတင်းတွေလည်း ထွက်ပေါ်နေပါ တယ်။ ဘီလာရုစ့်နိုင်ငံကိုရောက်ရှိနေတဲ့ ရုရှားကြေးစားတပ်ဖွဲ့တွေဟာ လက်ရှိအချိန်မှာ ဘီလာရုစ်စစ်တပ်ကို စစ်ရေးလေ့ကျင့်ခန်းများ လေ့ကျင့်သင်ကြားပေးနေပြီး ဘီလာရုစ့်နိုင်ငံမှာ ဆက်ရှိဖွယ်ရှိနေကြောင်း သိရပါတယ်။
ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနအကြီးအကဲက "ရုရှားအစိုးရဟာ Wagner group အုပ်စုတွေကို ငွေကြေးပေးတာ မျိုးမလုပ်တော့ဘူးဆိုရင် ဘီလာရုစ့်အစိုးရကသာ ကြေးစားတပ်ဖွဲ့တွေကို ငွေကြေးပေးရတော့မှာဖြစ်တယ်" လို့ ပြောပါတယ်။
ဘီလာရုစ့်နိုင်ငံမှာ ရုရှားကြေးစားတပ်ဖွဲ့တွေ အခြေကျလှုပ်ရှားနေတဲ့အတွက် အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ပိုလန်ဟာ စိုးရိမ်မှုတွေမြင့်တက်လာနေပြီး ဘီလာရုစ့်နဲ့ ပိုလန်နယ်စပ်ဒေသကို လုံခြုံရေးတင်းကြပ်နိုင်ဖို့ ပိုလန်စစ်သား ၁ဝဝဝဝ ကျော် ထပ်မံဖြန့်ကြတ်ချထားခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းရာ၌ အာဆီယံနိုင်ငံအချင်းချင်း နိုင်ငံရေးရောယှက်မှုကင်းရှင်းစွာ သတင်းဖလှယ်ရန်လိုအပ်ဟု မြန်မာနိုင်ငံဘက်က တိုက်တွန်း
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ