Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အမေရိကန်မှာ ၂ဝ၂၂ ခုနှစ်ဟာ မိမိကိုယ်ကို သတ်သေမှု အများဆုံးနှစ်အဖြစ် စံချိန်တင်

ရောင်နီ (NSS) - ဩဂုတ် ၁၂

        အမေရိကန်မှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ဟာ ကိုယ့်ကိုယ်ကိုသတ်သေတဲ့ လူပေါင်း ၄၉၀၀၀ ထက်မနည်း ရှိခဲ့ပြီး ကိုယ့်ကိုယ်ကို သတ်သေမှု အများဆုံး စံချိန်တင်နှစ်တစ်နှစ် ဖြစ်လာခဲ့တယ်လို့ အစိုးရမှ အသစ်ထုတ်ပြန်တဲ့ အချက်အလက်များအရ ကြာသပတေးနေ့ (သြဂုတ်လ ၁၀ ရက်)မှာ သိရပါတယ်။ 

       

အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ကာကွယ်ရေးဗဟိုဌာန(CDC)က နိုင်ငံမှာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အချိန်ကထက် မိမိကိုယ်ကို သတ်သေမှုတွေ ပိုမိုအဖြစ်များလာတယ်လို့ ကြာသပတေးနေ့( သြဂုတ်လ ၁၀ ရက်)မှာ အချက်အလက်တွေနဲ့အတူ ထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံမှာ ကိုယ့်ကိုယ်ကို သတ်သေမှုနှုန်းဟာ ၁၉၄၁ ခုနှစ်ကစ ၂၀၁၈ ခုနှစ်အထိ တဖြည်းဖြည်းမြင့်တက်ခဲ့ပြီး ၂၀၁၉ ခုနှစ်နဲ့ ၂၀၂၀ ခုနှစ်မှာ အနည်းငယ်ကျဆင်းခဲ့ပေမယ့် ၂၀၂၁ ခုနှစ်မှာ အနည်းငယ် မြင့်တက်လာရာမှ ၂၀၂၂ မှာတော့ အမြင့်ဆုံးထိ ပြန်လည်မြင့်တက်လာခဲ့ပါတယ်။ 

၂၀၂၂ ခုနှစ်ရဲ့ ကိုယ့်ကိုယ်ကို သတ်သေမှု အရေအတွက်ဟာ ၄၉၄၄၉ ထိခုန်တက်ခဲ့ပြီး ၄င်းရဲ့အရင် ၂၀၂၁ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၃ ရာခိုင်နှုန်းတိုးလာခဲ့ပါတယ်။ CDC အချက်အလက်များအရ အဆိုပါ သတ်သေမှုအရေအတွက်ထဲမှာ အမျိုးသားတွေက ၇၉ ရာခိုင်နှုန်းအထိ ပါဝင်တယ်လို့ သိရပါတယ်။ သေဆုံးမှုတွေဟာ စိတ်ကျရောဂါအပါအဝင် အကြောင်းအရင်းများစွာကြောင့် ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုထားပါတယ်။ 

ဒါပေမယ့်လည်း အခုလိုသေဆုံးမှုတွေ တိုးလာရတဲ့ အကြောင်းအရင်းဟာ သေနတ်ကိုင်ဆောင်ခွင့်ပေးထားခြင်းကြောင့်လည်း ဖြစ်နိုင်တယ်လို့ American Foundation for Suicide Prevention ရဲ့ သုတေ သန အကြီးတန်း ဒုတိယဥက္ကဋ္ဌ ဂျေးလ်ဟာကာဗီဖရိုက်မန်က ပြောကြားခဲ့ပါတယ်။ မကြာသေးမီက Johns Hopkins တက္ကသိုလ်မှ ခွဲခြမ်းစိတ်ဖြာမှုတစ်ခုအရ ၂၀၂၂ ခုနှစ်အတွင်းနိုင်ငံမှာ သေနတ်နဲ့ သတ်သေမှုနှုန်းမြင့်မားလာတာတွေ့ရပြီး ပထမဆုံးအကြိမ်အဖြစ် လူမည်းဆယ်ကျော်သက်တွေဟာ လူဖြူဆယ်ကျော်သက်တွေထက် သေနတ်နဲ့ သတ်သေမှုနှုန်း ပိုများတာကို သုတေသီများက တွေ့ရှိခဲ့ပါတယ်။       

သေဆုံးမှု အလုံးစုံမှာ သက်ကြီးရွယ်အိုတွေကြား (အသက် ၆၅ နှစ်အထက်) သေဆုံးမှုက အမြင့်ဆုံး ၈ ရာခိုင်နှုန်းထိ တိုးလာပြီး လူလတ်ပိုင်း (အသက် ၄၅ နှစ်မှ ၆၄ နှစ်ကြား)မှာတော့ သေဆုံးမှု ၇ ရာခိုင်နှုန်းထိ တိုးလာခဲ့ပါတယ်။ လူလတ်ပိုင်းနဲ့ သက်ကြီးရွယ်အိုတွေဟာ အလုပ်အကိုင် ဆုံးရှုံးခြင်း၊ အိမ်ထောင် ဖက်ဆုံးရှုံးခြင်းလို ပြဿနာတွေ ကြုံတွေ့နေရပြီး ဒီပြဿနာကို ဖြေရှင်းဖို့ ၄င်းတို့ကို လျှော့ချဖို့ အရေးကြီးတယ်လို့ CDC က ပြောကြားပါတယ်။ အဆိုးထဲက အကောင်းအနေနဲ့ အသက် ၁၀ နှစ်မှ ၂၄ နှစ်ကြား လူငယ်တွေကြားမှာတော့ ကိုယ့်ကိုယ်ကိုယ်သတ် သေဆုံးမှု ၈ ရာခိုင်နှုန်းကျော် လျော့နည်းလာခဲ့တယ်လို့ သိရပါတယ်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အကြမ်းဖက်သမားများ၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် ဗုဒ္ဓဘာသာရဟန်းသံဃာတော် (၈၃)ပါး ပျံလွန်တော်မူခဲ့ဟု ရဲတပ်ဖွဲ့ပြော

RECENT POSTS
မန္တလေးတွင် အုတ်တံတိုင်းပြိုကျကာ အဖီဆွဲနေထိုင်သူများအပေါ် ပိမိသောကြောင့် (၁)ဦးသေဆုံးကာ (၃)ဦး အပြင်းအထန်ဒဏ်ရာရ
24 Sep 2024
ဝန်ကြီးချုပ်နေတန်ရာဟု နှင့် အစ္စရေးအစိုးရထိပ်တန်း အရာရှိကြီးများကို လုပ်ကြံမည့် ဂျူးလူမျိုးတစ်ဦး ဖမ်းဆီးခံရ
24 Sep 2024
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေပိုမိုမြင့်တက်လာတာက ဘယ်နိုင်ငံအတွက်မှ အကျိုးအမြတ်မရှိဘူးလို့ G7 အဖွဲ့ပြော
24 Sep 2024
ယူကရိန်းသမ္မတက အမေရိကန်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်တွေကို အနိုင်ရစေလိုနေတယ်လို့ ဒေါ်နယ်ထရမ့်ပြော
24 Sep 2024
ယူနွတ်၏ဖိတ်ကြားချက်အရ လူထုအုံကြွမှုတော်လှန်ရေး၌ ဒဏ်ရာရသူများကို ကုသပြုစုရန်ဟုဆိုကာ တရုတ်ဆေးအဖွဲ့ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိ
24 Sep 2024
မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို တုံ့ပြန်နိုင်ကြောင်း တောင်ကိုရီးယားအစိုးရပြော
24 Sep 2024
ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ သွယ်ဝိုက်ကူညီနေသည်ဆိုသော သတင်းများကို အိန္ဒိယအစိုးရ ငြင်းဆန်
24 Sep 2024
နိုင်ငံအနှံ့ ရေဘေးဒဏ်ခံစားနေရသော်လည်း NUG-PDF များက အရပ်သားများကို အကြမ်းဖက်သတ်ဖြတ်နေမှု ဆက်လက်မြင့်တက်
24 Sep 2024
ပြင်သစ်သမ္မတက ရွေးချယ်ခန့်အပ်ထားသည့် ဝန်ကြီးချုပ်အသစ် နုတ်ထွက်ရဖွယ်ရှိနေ
24 Sep 2024
ယူကရိန်းစစ်ပွဲအတွက် ဒရုန်း အစင်းရေ တစ်သန်းခွဲနီးပါး တိုးမြှင့်ထုတ်လုပ်မည်ဟု ရုရှားသမ္မတပူတင် ပြော
24 Sep 2024
ကျောက်မဲမှထွက်ခွာသူများကို TNLA က လူသားတံတိုင်းလုပ်ရန် ခြိမ်း ခြောက်ပြီးပြန်ခေါ်နေ
24 Sep 2024
ထိုင်ဝမ်အရေး၌ အမေရိကန်စစ်တပ်နှင့်ဆက်နွှယ်နေသည့် ကုမ္ပဏီ(၉)ခုကို တရုတ်အစိုးရ ပိတ်ဆို့မှုချမှတ်
24 Sep 2024
ဂျိုးဘိုင်ဒန် သက်တမ်းမကုန်ဆုံးမီ ဂါဇာအပစ်ရပ်စာချုပ် ဖြစ်လာနိုင်ဖွယ် မရှိဟု အမေရိကန်အရာရှိများယုံကြည်နေ
24 Sep 2024
အိန္ဒိယ-မြန်မာ ကုန်သွယ်မှုတွင် ရူးပီးနှင့် ကျပ်ငွေပေးချေမှုကို တိုးမြှင့်ရန်စီစဉ်
23 Sep 2024
ရခိုင်စစ်ဘေးရှောင် (၅ဝဝ)နီးပါး အရေပြားရောဂါဖြစ်နေသော်လည်း AA မကူညီနိုင်
23 Sep 2024
‘‘ရေဘေးဖြစ်စဉ်မှ ပြန်လည်တွေ့မြင်လာရတဲ့ မြန်မာတို့ရဲ့လေးစားဖွယ်အပြုအမူတွေနဲ့ အကြမ်းဖက်အားပေးတို့ရဲ့ မနာလိုမှု” (အနုပညာဆောင်းပါး)
23 Sep 2024
အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲမတိုင်မီ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတွေ တစ်ကျော့ပြန်လည်ဖြစ်ပွားလာနေ
23 Sep 2024
အလေးချိန်(၃၀၀)ကီလိုဂရမ်ရှိတဲ့ ပထမကမ္ဘာစစ်အတွင်းက ဗုံးတစ်လုံးကို အောင်မြင်စွာ ဖယ်ရှားပစ်နိုင်ခဲ့တယ်လို့ ဆားဘီးယားရဲတပ်ဖွဲ့ပြော
23 Sep 2024
လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ၂ဝ၂၈ ခုနှစ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်ပြော
23 Sep 2024
PDF များက ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ရွာသား(၅ဝ)ကျော်ကို ဖမ်းဆီးသွားမှု ချောင်းဦး၌ဖြစ်ပွား
23 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved