အကြမ်းဖက်သမားများ၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် ဗုဒ္ဓဘာသာရဟန်းသံဃာတော် (၈၃)ပါး ပျံလွန်တော်မူခဲ့ဟု ရဲတပ်ဖွဲ့ပြော
NSS - သြဂုတ် ၁၂
အကြမ်းဖက်သမားများ၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် ဗုဒ္ဓဘာသာရဟန်းသံဃာတော် (၈၃)ပါး ပျံလွန်တော်မူခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြောသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ မြန်မာနိုင်ငံ၌ တပ်မတော်က နိုင်ငံတော်အာဏာရယူခဲ့ပြီးနောက်ပိုင်းတွင် ရဟန်သံဃာတော်၊ နိုင်ငံ့ဝန်ထမ်းနှင့် အပြစ်မဲ့ပြည်သူ (၆၀၀၀)ကျော် အကြမ်းဖက်သတ်ဖြတ်ခြင်း ခံခဲ့ရသည်။
၎င်းကဲ့သို့ အကြမ်းဖက်သတ်ဖြတ်ခံရမှုများအနက် ဗုဒ္ဓဘာသာရဟန်းသံဃာတော် (၈၃)ပါးနှင့် သီလရှင်ဆရာကြီး (၁)ပါးတို့သည်လည်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရကာ ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။
ပြီးခဲ့သော သြဂုတ်လ ၃ ရက်တွင် မကွေးတိုင်း၊ ထီးလင်းမြို့နယ်ရှိ ကျောင်းထိုင်ဆရာတော်ဥူးဝိစိတ္တကို PDF အဖွဲ့ဝင်တစ်ဦး နှင့်အရပ်သားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်မှု ဖြစ်ပွားခဲ့သည်။
အလားတူ သြဂုတ်လ ၉ ရက်တွင်လည်း မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ အောင်မင်္ဂလာကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဥူးစန္ဒိမာသည်လည်း အကြမ်းဖက်အဖွဲ့၏ ဓါးဖြင့် ရက်ရက်စက်စက်ခုတ်သတ်ခြင်းကိုခံခဲ့ရကာ ပျံလွန်တော်မူခဲ့သည်။
ထို့အတူ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မကျီးတုံကျေးရွာအတွင်းသို့ PDF အဖွဲ့က သြဂုတ်လ ၉ ရက်တွင် လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ကျေးရွာဘုန်ကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ဝါတော် (၅)ဝါ၊ သက်တော်(၁၄)နှစ်အရွယ်ရှိ ရှင်သာမဏေတစ်ပါးမှာ ထိခိုက်ဒဏ်ရာများရရှိကာ ပျံလွန်တော်မူခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
လက်ရှိအချိန်ထိ အကြမ်းဖက်သမားများ၏ လုပ်ကြံသတ်ဖြတ်မှုလုပ်ရပ်များကြောင့် နိုင်ငံအတွင်း၌ သံဃာတော် (၈၃)ပါးနှင့် သီလရှင်ဆရာကြီး (၁)ပါးတို့ ဘဝနတ်ထံပျံလွန်တော်မူခဲ့ပြီးဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ထိုသို့ ဗုဒ္ဓဘာသာရဟန်းသံဃာတော် အကြမ်းဖက်သတ်ဖြတ်ခံနေရမှုအပေါ် နစကအနေဖြင့် ထိရောက်စွာ ကာကွယ်ပေးနိုင်ခြင်းမရှိသကဲ့သို့ အကြမ်းဖက်သမားများကလည်း ရဟန်သံဃာတော်များအား လုပ်ကြံသတ်ဖြတ်နေခြင်းကို ရပ်တန့်သွားခြင်း မရှိသေးပေ။
“ဒီဟာတွေကတော့ ဘယ်အဖွဲ့အစည်းကပဲ လုပ်လုပ် ဘုန်းဘုန်းကတော့ ဒါတွေကို ရှုတ်ချတယ်။ လက်လည်းလက်မခံဘူးပေါ့နော်။ ဘာကြောင့်လဲဆိုတော့ ဒီဘာသာရေးခေါင်းဆောင်ဆိုတာ ဘာလက်နက်မှလည်း ရှိတာမဟုတ်ဘူး။ မေတ္တာတရားနဲ့ပဲ ပြောဟောဆုံးမကြတာ ဘယ်ဘာသာရေးခေါင်းဆောင်ပဲ ဖြစ် ဖြစ်ပေါ့။ ဗုဒ္ဓဘာသာမှ မဟုတ်ပါဘူး တခြားဘာသာတွေကိုလည်း ဘုန်းဘုန်းက ဒီလိုပဲ အသိအမှတ်ပြုပါတယ်။ အဲဒီတော့ ဗုဒ္ဓဘာသာရဟန်းတော်တွေက ကိုယ့်ဘာသာထဲက ပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက် ဒါတွေကို ရက်ရက်စက်စက် သတ်ဖြတ်နေကြတာတွေက ရပ်သင့်ပါပြီ။ မလုပ်သင့်ဘူးပေါ့နော်။ အဲဒီလို လုပ်ကြတဲ့သူတွေ ဒါတွေကို ရှောင်ကျဉ်ပေးကြဖို့ ဘုန်းဘုန်းက မေတ္တာရပ်ခံပါတယ်”ဟု IBEC ဆရာတော် ဦးသောဘိတက မိန့်ကြားထားသည်။
မည်သည့်အဖွဲ့အစည်းကဖြစ်စေ ဘာသာရေးအကြမ်းဖက်မှု၊ ဗုဒ္ဓဘာသာရဟန်းတော်များကို အကြမ်းဖက်သတ်ဖြတ်နေမှုကို ရပ်တန့်ပေးကြရန် ဆရာတော်က မေတ္တာရပ်ခံမိန့်ကြားထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အကြမ်းဖက်ခံနေရတဲ့ စာသင်ကျောင်းများကို Safe Zone အဖြစ် သတ်မှတ်ကြေညာဖို့ အာဆီယံနှင့်ကမ္ဘာ့ခေါင်းဆောင်များ ထံ တောင်းဆိုလိုက်တဲ့ IBEC ဆရာတော်
RELATED POSTS
18 Sep 2024 | ဘာသာရေး,ပြည်တွင်း
04 Sep 2024 | ဘာသာရေး,ပြည်တွင်း
22 Jul 2024 | ဘာသာရေး,နိုင်ငံတကာ
02 Jun 2024 | ဘာသာရေး,နိုင်ငံတကာ