အင်းစိန်မြို့နယ်ရှိ ဖူဆယ်ဘောလုံးကွင်း၌ အသံဗုံး(၂)လုံးပေါက်ကွဲမှုဖြစ်ပွား
NSS - ဩဂုတ် ၁၁
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ဖူဆယ်ဘောလုံးကွင်း၌ အသံဗုံး(၂)လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း အခင်းဖြစ်ပွားရာနေရာအနီးတွင် နေထိုင်သည့် သတင်းအရင်းအမြစ်ထံမှ သိရသည်။
အဆိုပါပေါက်ကွဲမှုသည် ယနေ့ (ဩဂုတ်လ ၁၁ ရက်)၊ နံနက် ၇နာရီခွဲဝန်းကျင်အချိန်ခန့်၌ အင်းစိန်မြို့နယ်၊ မင်းကုန်းကျောင်းလမ်းရှိ ဖူဆယ်လောလုံးကွင်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အသံဗုံးပေါက်ကွဲမှုသည် (၅)မိနစ်သာခြား၍ ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း (၂)လုံးပေါက်ကွဲခဲ့ရာ ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း အထက်ပါ သတင်းအရင်းအမြစ်မှ ဆက်လက်ပြောကြားခဲ့သည်။
ဖြစ်စဥ်နှင့် ပတ်သက်သူများအား ဥပဒေနှင့်အညီအပြစ်ပေးအရေးယူနိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက စုံစမ်းလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မဏိပူပြည်နယ်မှာ ဖြစ်ပွားနေတဲ့အကြမ်းဖက်မှုများနဲ့ပတ်သက်ပြီး လွှတ်တော်အတွင်း အယုံကြည်မရှိ အဆိုတင်သွင်း မဲခွဲမှုတွေမှာ အိန္ဒိယဝန်ကြီးချုပ်မိုဒီ အနိုင်ရ
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း