မဏိပူပြည်နယ်မှာ ဖြစ်ပွားနေတဲ့အကြမ်းဖက်မှုများနဲ့ပတ်သက်ပြီး လွှတ်တော်အတွင်း အယုံကြည်မရှိ အဆိုတင်သွင်း မဲခွဲမှုတွေမှာ အိန္ဒိယဝန်ကြီးချုပ်မိုဒီ အနိုင်ရ
ဂျန်ဇက် (NSS) - ဩဂုတ် ၁၁
အိန္ဒိယဝန်ကြီးချုပ် နရမ်ဒရာမိုဒီဟာ လွှတ်တော်အတွင်းအယုံကြည်မရှိ အဆိုတင်သွင်းခံရမှုကို မဲခွဲဆုံးဖြတ်ရာမှာ အနိုင်ရခဲ့ကြောင်း သိရပါတယ်။
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်မှာ အိန္ဒိယတိုင်းရင်းသားလူမျိုးများကြား အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားလာခဲ့တာနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်နရမ်ဒရာမိုဒီ ဦးဆောင်တဲ့အစိုးရအပေါ် ဝေဖန်ပြစ်တင်မှုများလည်း မြင့်တက်လာခဲ့ရာလွှတ်တော်အတွင်းဝန်ကြီးချုပ်မိုဒီအပေါ် အယုံအကြည်မရှိ အဆိုတင်သွင်းမှုများ ရှိလာခဲ့ကြောင်း သိရပါတယ်။
မိုဒီအပေါ် အယုံကြည်မရှိ အဆိုတင်သွင်းမှုကို သုံးရက်ကြာ အကြိတ်အနှယ်ဆွေးနွေးခဲ့ပြီးနောက် မဲခွဲဆုံးဖြတ်ခဲ့ရာ အနိုင်ရခဲ့ကြောင်း သိရပါတယ်။ အိန္ဒိယအစိုးရက လွှတ်တော်အတွင်းမှာ အာဏာရပါတီဖြစ်တဲ့ Bharatiya Janata Party (BJP) ပါတီနဲ့ မဟာမိတ်ပါတီရဲ့ကိုယ်စားလှယ်များ အများအပြားရှိနေတဲ့အတွက် ရှုံးနိမ့်မယ်လို့ မမျှော်လင့်ခဲ့ ကြောင်း ပြောပါတယ်။
အိန္ဒိယဝန်ကြီးချုပ်မိုဒီက အတိုက်ခံပါတီတွေဟာ အိန္ဒိယနိုင်ငံကို သိက္ခာကျအောင်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဝေဖန်ပြစ်တင်ခဲ့ပါတယ်။ ဇူလိုင် ၂ဝ ရက်က စတင်ခဲ့တဲ့ အိန္ဒိယလွှတ်တော်အစည်းအဝေးမှာ အတိုက်ခံပါတီတွေရဲ့ လွှတ်တော်ကိုယ်စားလှယ်များက မဏိပူရပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ် မိုဒီကိုလွှတ်တော်မှာ လာရောက်ဖြေရှင်းဖို့တောင်းဆိုခဲ့ကြောင်း သိရပါတယ်။
လွှတ်တော်အတွင်း ဝန်ကြီးချုပ်မိုဒီအပေါ် အယုံကြည်မရှိ အဆိုတင်သွင်းခါနီးချိန်မှာ အတိုက်ခံပါတီတွေရဲ့ လွှတ်တော်အမတ်တွေဟာ လွှတ်တော်ထဲက ထွက်သွားကာ ဆန္ဒပြခဲ့ကြောင်း သတင်းတွေက ဆိုပါတယ်။
ဝန်ကြီးချုပ်မိုဒီက ပြည်ထောင်စုအစိုးရအဖွဲ့ နဲ့ ပြည်နယ်အစိုးရအဖွဲ့တို့ဟာ မဏိပူပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ထိန်းသိမ်းနိုင်ဖို့ နဲ့ ပြည်နယ်အတွင်း ငြိမ်းချမ်းမှုများ ပြန်လည်ဖြစ်စေဖို့ လုပ်ဆောင်နေကြောင်း ပြောပါတယ်။
ဝန်ကြီးချုပ်မိုဒီက "အတိုက်ခံအုပ်စုတွေဟာ မဏိပူပြည်နယ်မှာဖြစ်နေတဲ့ကိစ္စတွေကို အသုံးချပြီး နိုင်ငံရေးကစားပွဲ ကစားနေတယ်။ အတိုက်ခံအုပ်စုတွေဟာ အိန္ဒိယနိုင်ငံ နဲ့ ပြည်သူတွေအပေါ် ယုံကြည်မှုမရှိသူတွေ ဖြစ်တယ်။ အတိုက်ခံအုပ်စုတွေဟာ လွှတ်တော်အတွင်း အစိုးရအဖွဲ့ကို အယုံကြည်မရှိ အဆိုတင်သွင်းပြီး အိန္ဒိယရဲ့ ကိုယ်ကိုယ်ကိုယ် ယုံကြည်မှုတွေ ရပ်တန့်အောင် လုပ်ဆောင်နေတယ်" လို့ ဝေဖန်ခဲ့ပါတယ်။
အိန္ဒိယဝန်ကြီးချုပ်မိုဒီဟာ ၂ဝ၁၄ ခုနှစ်မှာ ဝန်ကြီးချုပ်အဖြစ် စတင်တာဝန်ယူခဲ့ပြီးနောက်ပိုင်း လွှတ်တော်အတွင်း အယုံကြည်မရှိ အဆိုတင်သွင်းခံရမှု နှစ်ကြိမ်တိုင်တိုင် ရင်ဆိုင်ခဲ့ရကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Weekly Highlight 5 to 11 August
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ