Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပီရူးနိုင်ငံမှာ ဆန္ဒပြမှုတွေ ဆက်လက်ဖြစ်ပွားနေပြီး တင်းမာမှုတွေကြောင့် လူဒါဇင်နဲ့ချီ ဒဏ်ရာရ

ရောင်နီ (NP News) - ဇန်နဝါရီ ၂၂

ပီရူးနိုင်ငံမှာ သမ္မတ ပက်ဒရို ကာစတီးလို ရာထူးမှ ဖယ်ရှားခံရပြီးနောက်ပိုင်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ တင်းမာမှုတွေ ထပ်ဖြစ်ခဲ့ကာ နိုင်ငံသား ဒါဇင်နဲ့ချီ ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုများကြောင့် လူ ၅၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပီရူးနိုင်ငံမှ စောင့်ကြည့်လေ့လာရေးအသင်းမှ အစီရင်ခံစာအရ သိရပါတယ်။ နိုင်ငံတောင်ပိုင်း ပူနိုဒေသ၊ အိုင်လစ်မြို့ရှိ ရဲစခန်းတစ်ခုကို ဆန္ဒပြသူ ၁၅ဝဝ ခန့်က တိုက်ခိုက်ခဲ့ကြောင်း၊ ပူနို၊ ဇီပီတာ ရှိ ရဲစခန်းတစ်ခုလည်း မီးလောင်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး ဗင်းဆင့်တီရိုမီယိုက ထုတ်ပြန်ဖော်ပြခဲ့ပါတယ်။

သမ္မတ ဒီနာဘိုလူရာတီ က လီမာရှိ ရာစုနှစ်နီးနီး သက်တမ်းရှိတဲ့ သမိုင်းဝင်အဆောက်အဦးတစ်ခု ဆန္ဒပြသူများရဲ့ လက်ချက်ကြောင့် မီးလောင်ပြီးနောက် ၄င်းကတိပြုထားတဲ့ အတိုင်း ဆန္ဒပြမှုတွေကို ပိုမိုပြင်းထန်စွာ တွန်းလှန်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အဆိုပါ ရှေးဟောင်းအဆောက်အအုံအား ဖျက်ဆီးခြင်းကို တာဝန်ရှိသူများက “အထင်ကြီးစရာကောင်းသော ပိုင်ဆိုင်မှု” ဆုံးရှုံးရခြင်းလို့ သတ်မှတ်ခဲ့ကြပါတယ်။

လီမာမြို့မှ အယ်လ်ဂျာဇီးယားသတင်းထောက်တစ်ဦးမှ ပေးပို့လာတဲ့သတင်းအရ ဆန္ဒပြသူများဟာ ဖမ်းဆီးခံရသူ တွေနဲ့ သေဆုံးခဲ့ရသူတွေအတွက် တာဝန်ရှိသူများကို စစ်ဆေးဖို့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေကို အလိုရှိနေ တယ်လို့ သိရပါတယ်။ သို့ပေမယ့်လည်း ဘိုလူရာတီက ၄င်း ရာထူးမှ နှုတ်ထွက်ဖို့ နဲ့ လျှပ်တပြက် ရွေးကောက်ပွဲများ ကျင်းပဖို့ တောင်းဆိုမှုများကို ပယ်ချခဲ့ပြီး ဆွေးနွေးမှုများပြုလုပ်ကာ မငြိမ်မသက်မှုများမှာ ပါဝင်သူတွေကို အပြစ် ပေးမယ်လို့ ကတိပြုခဲ့ပါတယ်။ ပါလီမန်ကို ဖျက်သိမ်းဖို့ ကြိုးပမ်းမှုနဲ့ ကာစတီးလို ဖမ်းဆီးခံရတဲ့ ဒီဇင်ဘာလမှစ အခုလို အစိုးရဆန့်ကျင် ဆန္ဒပြပွဲ များ စတင်ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။

Zawgyi Version;


ေ ရာင်နီ (NP News) - ဇန်နဝါရီ ၂၂




Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အတ္တလန်တာမှာ ဆန္ဒပြသူတစ်ဦး ရဲတပ်ဖွဲ့ရဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပြီးနောက် ဆန္ဒပြမှုများ ပိုမိုပြင်းထန်လာ

RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved