ဝန်ကြီးချုပ်အဖြစ်တာဝန်ယူမယ့် သားဖြစ်သူက မိမိအပေါ်ခြိမ်းခြောက်အန္တရာယ်ပြုလာရင် ဝန်ကြီးချုပ်အဖြစ် တစ်ကျော့ပြန်တာဝန်ယူမယ်လို့ ဟွန်ဆန်ပြော
ဂျန်ဇက် (NSS) - သြဂုတ် ၃
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က ဝန်ကြီးချုပ်အဖြစ်တာဝန်ယူမယ့် သားဖြစ်သူ ဟွန်မာနက်ဟာ မိမိဘဝ ရှင်သန်နေထိုင်မှုတွေကို အန္တရာယ်ဖြစ်စေဖို့ လုပ်ဆာင်လာမယ်ဆိုရင် ဝန်ကြီးချုပ်အဖြစ် တစ်ကျော့ပြန်လာမှာဖြစ်ကြောင်း ထုတ်ဖော်ပြောလိုက်ပါတယ်။
ဟွန်ဆန်ဟာ သူရဲ့အနာဂတ်အစီအစဉ်များနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုချိန်မှာအခုလိုမျိုးပြောခဲ့တာဖြစ်ပါ တယ်။ ပြီးခဲ့တဲ့လအတွင်း ကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်ဟွန်ဆန် ဦးဆောင်တဲ့ပြည်သူပါတီဟာ အပြတ် အသတ်အနိုင်ရခဲ့ပြီးနောက် ဟွန်ဆန်ဟာ ဝန်ကြီးချုပ်ရာထူးက နှုတ်ထွက်ကာ သားဖြစ်သူကို ဝန်ကြီးချုပ် တာဝန် လွှဲပြောင်းပေးသွားမယ်လို့ မကြာသေးမီက ထုတ်ဖော်ပြောလိုက်ပါတယ်။
ဟွန်ဆန်က "ဟွန်မာနက်ဟာ သားဖြစ်ပေမယ့်လည်း ကျွန်တော်ကို အသက်အန္တရာယ် ခြိမ်းခြောက်တာမျိုး လုပ်ဆောင်လာမယ်ဆိုရင် ဝန်ကြီးချုပ်အဖြစ် ယာယီပြန်တာဝန်ယူမှာပါ။ ဝန်ကြီးချုပ်အဖြစ် ယာယီတာဝန်ယူပြီး နောက် ဝန်ကြီးချုပ်အဖြစ်တာဝန်ယူမယ့်သူအသစ်ကို ရွေးချယ်ခန့်အပ်သွားမှာပါ" လို့ ပြောပါတယ်။
ဟွန်ဆန်က ၎င်းအနေနဲ့ ဟွန်မာနက်လက်ထက်မှာ ကမ္ဘောဒီးယားပြည်သူတွေရဲ့ရှင်သန်နေထိုင်မှု မကောင်းမွန်မှု တွေနဲ့ နိုင်ငံအနာဂတ်မကောင်းမယ့်အခြေအနေမျိုးတွေကို လက်ခံမှာမဟုတ်ကြောင်း၊ ဝန်ကြီးချုပ်အဖြစ် တစ်ကျော့ပြန် တာဝန်ယူမှာဖြစ်ကြောင်း ပြောပါတယ်။
ဟွန်ဆန်ဟာ ကမ္ဘောဒီးယားအစိုးရအဖွဲ့သမိုင်းတစ်လျှောက်မှာ ဝန်ကြီး၊ ဒုတိယဝန်ကြီးချုပ် နဲ့ ဝန်ကြီးချုပ်ရာထူး များကို နှစ်ပေါင်း ၄ဝ နီးပါးကြာ တာဝန်ယူခဲ့ဖူးသူဖြစ်သလို ကမ္ဘာ့သမိုင်းမှာ သက်တမ်းအရှည်ကြာဆုံး ဝန်ကြီးချုပ် တစ်ဦးလည်းဖြစ်ပါတယ်။ ကမ္ဘောဒီးယားဘုရင်ဟာ လာမယ့်ရက်ပိုင်းအတွင်းမှာ ကမ္ဘောဒီးယားလွှတ်တော်အသစ် ကို စတင်ခေါ်ယူသွားမှာဖြစ်ပြီး၊ ဟွန်မာနက်ကို ဝန်ကြီးချုပ်အသစ်အဖြစ် ရွေးချယ်ခန့်အပ်သွားဖွယ် ရှိနေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းဝင်ရောက်လာသည့် PDF အဖွဲ့ဝင် (၁၇)ဦးကို ဆုငွေကျပ်သိန်း(၆၀၀)နီးပါး ပေးအပ်
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ