လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းဝင်ရောက်လာသည့် PDF အဖွဲ့ဝင် (၁၇)ဦးကို ဆုငွေကျပ်သိန်း(၆၀၀)နီးပါး ပေးအပ်
ယွန်း (NSS) - သြဂုတ် ၃
စစ်ကိုင်းတိုင်း နှင့် မကွေးတိုင်းတို့မှ PDF အဖွဲ့ဝင်(၁၇)ဦး လက်နက်ခဲယမ်းများအပ်နှံကာ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း နစကမှ သိရသည်။
နစကမှ သြဂုတ်လ(၂)ရက် ညပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
နစကအနေဖြင့် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင် ဆန့်ကျင်လျက်ရှိသည့်အဖွဲ့များတွင် ရောက်ရှိနေသူများကို ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ သြဂုတ်လ(၂)ရက်တွင် လက်နက်ခဲယမ်းများ အပ်နှံကာ ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာသူများကို အနောက်မြောက်တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက်ရှိ တမူး၊ ကလေး၊ ကန့်ဘလူနှင့် ဂန့်ဂေါတပ်နယ်တို့ရှိ ခန်းမများတွင် လက်ခံခဲ့ကြောင်း သိရသည်။
ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိသော စစ်ကိုင်းတိုင်း တမူးမြို့နယ်၊ ကလေးမြို့နယ်၊ ကန့်ဘလူမြို့ နယ်၊ စစ်ကိုင်းမြို့နယ်နှင့် မကွေးတိုင်း ပခုက္ကူမြို့နယ်တို့မှ PDF အဖွဲ့ဝင် အမျိုးသား(၁၆)ဦးနှင့် အမျိုးသမီးတစ်ဦး စုစုပေါင်း(၁၇)ဦးတို့သည် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက် လာကြောင်း နစကမှ ထုတ်ပြန်ထားသည်။
ထို့ပြင် ၎င်းတို့နှင့်အတူ ပါလာသည့် မောင်းပြန်သေနတ်(၄)လက်၊ ပစ္စတိုသေနတ်တစ်လက်၊ လက်ပစ်ဗုံးနှစ်လုံးနှင့် စကားပြောစက်နှစ်လုံးတို့ကိုလည်း အပ်နှံခဲ့ကြောင်း သိရသည်။
ထို့နောက် မောင်းပြန်သေနတ်ဖြင့် အလင်းဝင်ရောက်လာသူလေးဦးအား တစ်ဦးလျှင် ဆုကြေးငွေကျပ်သိန်း(၅၀)၊ ပစ္စတိုသေနတ်ဖြင့် အလင်းဝင်ရောက်လာသူ တစ်ဦးအား ဆုကြေးငွေကျပ်သိန်း(၂၀)၊ လက်ပစ်ဗုံးနှစ်လုံးနှင့် စကားပြောစက်နှစ်လုံးတို့ဖြင့် အလင်းဝင် ရောက်လာသူ တစ်ဦးအား ခုနှစ်သိန်းပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အလင်းဝင်ရောက်လာသူများအား တစ်ဦးလျှင် ငွေကျပ်သိန်း(၂၀) ပေးအပ်ခဲ့ရာ စုစုပေါင်းငွေကျပ် (၅၆၇)သိန်း ပေးအပ်ခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
ထိုသို့ပေးအပ်ပြီးနောက် အလင်းဝင်ရောက်လာသူများအား ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘင်္ဂလာဒေ့ရှ်၏ ဧက ၆ဝဝ ခန့်အကျယ်ရှိ အကြီးဆုံးဆိုလာစွမ်းအင်ဥယျာဉ်မှ ဆိုလာချပ်ပေါင်း ၅ သိန်းကျော် အသုံး ပြု၍ လျှပ်စစ် ၂ဝဝ မီဂါဝပ် ထုတ်ယူမည်
RELATED POSTS
20 Sep 2024 | မှုခင်း,ပြည်တွင်း
18 Sep 2024 | မှုခင်း,ပြည်တွင်း