Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဘင်္ဂလာဒေ့ရှ်၏ ဧက ၆ဝဝ ခန့်အကျယ်ရှိ အကြီးဆုံးဆိုလာစွမ်းအင်ဥယျာဉ်မှ ဆိုလာချပ်ပေါင်း ၅ သိန်းကျော် အသုံး ပြု၍ လျှပ်စစ် ၂ဝဝ မီဂါဝပ် ထုတ်ယူမည်

Htay Oung (NSS) - သြဂုတ် ၃ 

ဘင်္ဂလားဒေ့ရှ်မှာ အကြီးဆုံးလို့ ဆိုရမယ့် ဆိုလာဓာတ်အားပေးစက်ရုံကို ဗုဒ္ဓဟူးနေ့ (သြဂုတ်လ ၂ ရက်) က ရန်ဂါပူရ် ပြည်နယ်၊ ဂိုင်ဘန်ဒါခရိုင် ဆန်ဒါဂန့်ခ်ျမြို့နယ်မှာ လူထုစုဝေးပွဲအခမ်းအနားနဲ့အတူ ဝန်ကြီးချုပ် ရှိတ်ဟာစီနာက ဖွင့်လှစ်ပေးလိုက်တယ်လို့ Dhaka Tribune က သြဂုတ်လ ၂ ရက်နေ့မှာ ရေးသားခဲ့ပါတယ်။ 

လျှပ်စစ်ဓါတ်အား ၂ဝဝ မီဂါဝပ် ထုတ်ယူနိုင်မယ့် အဲဒီစက်ရုံဟာ ဘင်္ဂလားဒေ့ရှ် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍရဲ့ မှတ်တိုင်တစ်ခုဖြစ်လာပါတယ်။ ဧက ၆ဝဝ အကျယ်အ၀န်းရှိ နယ်မြေ ၃ ခုမှာ ဆိုလာချပ်ပေါင်း ၅၂,ဝဝဝ တပ်ဆင် ထားပါတယ်။ 

ရေကြီးရေလျှံခြင်းနဲ မြစ်ရေတိုက်စားခြင်းတို့လို သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ဖို့အတွက် ဓာတ်အားပေး စက်ရုံဝန်းကျင်မှာ ၄ မိုင်ကျော်ရှည်လျားတဲ့ တာတမံတစ်ခု တည်ဆောက်ခဲ့ရပါတယ်။ ဒေသခံများအနေနဲ့ လမ်းရဲ့ အကျိုးကျေးဇူးကို ခံစားကြပြီး အဲဒီနေရာဟာလည်း ခရီးသွားများအတွက် ဆွဲဆောင်မှုတစ်ခုဖြစ်လာပါတယ်။

“ဘက်ဇင်ကို” လို့ ခေါ်တဲ့ ဘင်္ဂလားဒေ့ရှ် သွင်းကုန်-ထုတ်ကုန်ကော်ပိုရေးရှင်းအတွက် “တီစတာလီမိတက်က ၂ဝ၁၈ ခုနှစ်မှာ စတင်တင်တည်ဆောက်ပေးခဲ့ပါတယ်။ ၂၁ မိုင်ရှည် ဓါတ်အားလိုင်းကိုလည်း အသစ်သွယ်တန်းခဲ့ရပြီး ရမ်ဂါ ပူရ်ဓါတ်အားခွဲရုံမှတဆင့် လျှပ်စစ်ဓါတ်အား ၉ဝ-၁၄ဝ မီဂါ၀ပ်ကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကုန်မှာ လျှပ်စစ် ဖြန့်ဖြူး နိုင်ခဲ့ပြီးဖြစ်ပါတယ်။

၂ဝ၁၇ ခုနှစ် အောက်တိုဘာလ ချုပ်ဆိုခဲ့တဲ့ ဓာတ်အားဝယ်ယူရေးသဘောတူစာချုပ်အရ လျှပ်စစ်ဓာတ်အား တစ်ယူနစ်လျှင် ဝ.၁၂၇ အမေရိကန်ဒေါ်လာနှုန်းဖြင့် ဘင်္ဂလားဒေ့ရှ်အစိုးရက နှစ် ၂ဝ စာ ဝယ်ယူထားတယ်လို့ သိရှိရပါတယ်။

ဖွင့်ပွဲအခမ်းအနားမှာ ဘက်ဇင်ကိုကော်ပိုရေးရှင်းဥက္ကဋ္ဌက အမှာစကား ပြောကြားပါတယ်။ ယခုစီမံကိန်းဟာ ဝန်ကြီးချုပ် ရှိတ်ဟာစီနာရဲ့ “ကမ္ဘာမြေပူနွေးလာမှုနဲ့ သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းကာကွယ်ရေး” လမ်းပြ မြေပုံနဲ့အညီ အမေရိကန်ဒေါ်လာ သန်း ၃၃ဝ ခန့် အကုန်အကျခံ အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍဟာ အနာဂတ်စွမ်းအင်အတွက် အလွန်အရေးကြီးလိမ့်မယ်လို့ ယုံကြည်ကြောင်း၊ နောင်ဆက်လက်ပြီး အစိုးရအစီအစဉ်နဲ့ ဆိုလာဓာတ်အားပေးစက်ရုံတွေ ထပ်မံထူထောင်ဖို့ သုံးသပ်လျက်ရှိကြောင်း ပြောခဲ့ပါတယ်။

ယခင် အကြီးဆုံးဆိုလာစက်ရုံမှာ မွန်ဂလာမှာ တည်ရှိပြီး ၁ဝဝ မီဂါ၀ပ် ထုတ်လုပ်နိုင်ပါတယ်။ နိုင်ငံမှာ ပထမဆုံး တည်ဆောက်ခဲ့တာကတော့ ၃.၂၈ မီဂါဝပ်ထုတ်လုပ်နိုင်တဲ့ ဂျမယ်ပူရ်စက်ရုံဖြစ်ပြီး ၂ဝ၁၇ ခုနှစ်ကတည်းက စီးပွားဖြစ် စတင်လည်ပတ်နေပြီဖြစ်ပါတယ်။

စွမ်းအင်နဲ့ လျှပ်စစ်စွမ်းအင်ဝန်ကြီးရဲ့အဆိုအရ ဘင်္ဂလားဒေ့ရ်ှသည် ပြန်လည်ပြည့်ဖြိုးမြဲအရင်းအမြစ်များမှ လျှပ်စစ်ဓာတ်အား ၁,၁၉၄ မဂ္ဂါဝပ် ထုတ်ယူနိုင်မှာဖြစ်ပေမယ့် ၈၂၅.၂၃ မီဂါဝပ်သာ အမျိုးသားမဟာဓာတ်အားလိုင်း နဲ့ ချိတ်ဆက်နိုင်ပါသေးတယ်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မှ နောက်ထပ် ၁,၂၆၂ မီဂါဝပ် ထုတ်လုပ်ပေးမယ့် ပရောဂျက် ၃ဝ ကို တည်ဆောက်နေပြီး ၈,၆၆၈ မဂ္ဂါဝပ် ထုတ်ယူဖို့ ပရောဂျက်များကိုလည်း ရှိနေပါသေးတယ်။

ဘင်္ဂလားဒေ့ရှ်ဟာ တရုတ်၊ အိန္ဒိယ၊ ယူအေအီးနိုင်ငံတို့နဲ့ “ဂီဂါဝပ်_ကလပ်” အဖြစ် ပူးပေါင်းပါဝင်ဖို့အတွက် ၁,ဝဝဝ မဂ္ဂါဝပ်ရှိ စက်ရုံ ၃ ခု အပါအဝင် ဆိုလာဓာတ်အားပေးစက်ရုံ တစ်ဒါဇင်ကျော်ကို အလုံးအရင်းနဲ့ တည်ဆောက် အကောင်အထည်ဖော်လျက် ရှိပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ တည်ရှိတဲ့ အဆိုပါစက်ရုံဖွင့်ပွဲကို ရန်ဂါပူဇီလာစာသင်ကျောင်း အပြင်ဖက် လူထုအစည်းအဝေးပွဲနဲ့အတူ ကျင်းပခြင်းဖြစ်ပါတယ်။ အစည်းအဝေးကို ဝန်ကြီးချုပ် ရှိတ်ဟာစီနာ ကိုယ်တိုင်တက်ရောက်လာတယ်လို့ သြဂုတ်လ ၃ ရက်က Dhaka Tribune ရဲ့ အခြားသတင်းတစ်ပုဒ်မှာ တွေ့ရှိရပါ တယ်။ 


သူ့ရဲ့ အဝါမီလ်ိခ်ပါတီအစိုးရလက်ထက် အကောင်အထည်ဖော်ခဲ့တဲ့ တိုင်းပြည်ထူထောင်ရေး စီမံကိန်းကြီးများ အကြောင်းကို အသေးစိတ် အကျယ်တဝံ့ပြောကြားသွားပြီး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နေ့မအား ညမအား ကြိုးစားဆောင်ရွက်လျှက်ရှိကြောင်း၊ သူ့ရဲ့ ဖခင် အမျိုးသားခေါင်းဆောင် “ဘင်္ဂလားမိတ်ဆွေ ကြီး_ရှိတ်_မူဂျီ ဘူရ်_ရာမန်“ လို အသက်စွန့်လွှတ်ဖို့ အသင့်ရှိကြောင်း၊ နိုင်ငံအတွက် စေတနာမှန်ကန်စွာ အားကြိုးမာန်တက် ဆောင်ရွက်နေတဲ့ အဝါမီလိခ်ပါတီရဲ့ “လှေ“ သင်္ကေတကို မဲပေးကြဖို့ တက်ရောက်သူ သိန်းချီလူအုပ်ကြီးကို တောင်းဆိုလိုက်ပါတယ်။


အဝါမီလိခ်အစိုးရဟာ ယခင် အိမ်စောင့်အစိုးရလက်ထက် BNP ပါတီခေါင်းဆောင်များကို တရားစွဲဆိုထားပါတယ်။ အတိုက်အခံတို့ရဲ့မဟာမိတ်ပါတီအချို့ကိုလည်း မတရားအသင်းကြေညာခြင်း၊ ၎င်းပါတီခေါင်းဆောင် အတော်များ များကို ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ်ဂျီနိုဆိုက်မှုစွပ်စွဲချက်နဲ့ ကြိုးစင်တင် ကွပ်မျက်ခဲ့ပါတယ်။ လျှပ်တပြက် တုံ့ပြန်ရေး တပ် (ခေါ်) RAB အထူးတပ်ကို ခါးပိုက်ဆောင် မွေးမြူထားပြီး နိုင်ငံရေးအတိုက်အခံတို့ကို ဒလကြမ်းဖမ်းဆီးခြင်း၊ အကြမ်းဖက်နှိပ်စက်ခြင်းများ ပြုလုပ်လျက်ရှိတယ်လို့ စွပ်စွဲခြင်း ခံထားရပါတယ်။ 


#ဘင်္ဂလားဒေ့ရှ် #ပြန်လည်ပြည်ဖြိုးမြဲစွမ်းအင် #လေထုညစ်ညမ်းမှု #ရန်ဂါပူရ် #ကျောက်မီးသွေးစွမ်းအင်စက်ရုံ #မြန်မာ #လူထု_နိုင်ငံရေး_ရေချိန်

(Dhaka Tribune., 2 August 2023,” PM Hasina opens Bangladesh’s largest solar park” ကို #HatyOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပြည်တွင်းနှင့် ပြည်ပက (၂၄) နာရီအတွင်း ထူးခြားသတင်းများ

RECENT POSTS
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved