ရွာငံမြို့၌ ကြိုးဆွဲချအဆုံးစီရင်ထားသည့် ပုံစံဖြင့် ပုပ်ပွသေဆုံးနေသည့် အမျိုးသားအလောင်းတွေ့ရှိ
စော(NSS) - ဩဂုတ် ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့တွင် ကြိုးဆွဲချအဆုံးစီရင်ထားသည့် ပုံစံဖြင့် ပုပ်ပွသေဆုံးနေသည့် အမျိုးသား၏ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါအလောင်းအား ယနေ့(ဩဂုတ်လ ၂ ရက်)၊ မွန်းလွဲပိုင်း (၁၂)နာရီဝန်းကျင်အချိန်တွင် ရွာငံမြို့၊ ကျောက်ကူပြင်ကျေးရွာအနီး၌ အထက်ပါကဲ့သို့တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း Myanmar Rescue YwarNgan Family ထံမှ သိရသည်။
“ဆွဲကြိုးချထားတဲ့ပုံစံနဲ့ ရုပ်ကပျက်နေပြီ။ ခန့်မှန်းခြေ လွန်ခဲ့တဲ့(၁၅)ရက်လောက်က သေထားတဲ့ပုံစံမျိုး။ လက်ရှိကတော့သူနဲ့ပတ်သတ်ပြီးဘာမှမသိရသေးဘူး။ သူနဲ့ပတ်သတ်ပြီး ဘာမှ အတည်ပြုချက်လည်းမပေးနိုင်ပါဘူး။ ပြင်ပဒဏ်ရာရှိ၊ မရှိကြည့်လို့မရဘူး။ မျက်နှာတောင်ဖမ်းလို့မရတော့ဘူး”ဟု Myanmar Rescue YwarNgan Family မှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
သေဆုံးသူအမျိုးသားနှင့် ပတ်သက်သည့် မည်သည့်အချက်အလက်ကိုမျှမသိရသေးကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါအမျိုးသား၏ရုပ်အလောင်းအား ရွာငံမြို့သုဿန်တွင် မီးသဂြိုလ်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မန္တလေးတိုင်းရှိ မြို့နယ်(၂)ခုတွင် ငွေကျပ်သိန်း(၂၇၀၀)ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ