မန္တလေးတိုင်းရှိ မြို့နယ်(၂)ခုတွင် ငွေကျပ်သိန်း(၂၇၀၀)ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ
သန့်ဇင် (NSS) - ဩဂုတ် ၂
မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်နှင့် မဟာအောင်မြေမြို့နယ်တို့တွင် ငွေကျပ်သိန်း (၂၇၆၀)တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
မူးယစ်ဆေးဝါးတားဆီးရေးရဲတပ်ဖွဲ့သည် ဇူလိုင်လ ၃၁ ရက်၊ ညနေ ၆နာရီအချိန်တွင် ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်၊ ၁၀၁ လမ်း၊ ၅၅ လမ်းတွင် ဝင်းမိုး(ခ)ဉာဏ်မိုးမြင့်အား စစ်ဆေးရှာဖွေခဲ့ရာ ၎င်းထံမှ ငွေကျပ်(၈)သိန်းတန်ဖိုးရှိ ကက်တမင်း (၂၀)ဂရမ်၊ ငွေကျပ်သိန်း(၃၀)တန်ဖိုးရှိ Happy Water (၂၅)ဂရမ်နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့နောက် ဆက်လက်စစ်ဆေးဖော်ထုတ်ချက်အရ ည ၇ နာရီအချိန်တွင် စိတ်ပြောင်းဆေးဝါးများ ရောင်းချသူ သီဟတင်စိုး(ခ)ပေါက်ကိုင်ဖေအား ၎င်းနေထိုင်သည့် မဟာအောင်မြေမြို့ နယ်၊ စကြာနွယ်စဉ်ရပ်ကွက်၊ ၃၅လမ်း၊ ၇၃ X ၇၅လမ်းကြားရှိ ဟိုတယ်၌ သိန်း(၉၀)တန်ဖိုးရှိ အက်တက်စီဆေးပြား(၁၅၀)ပြား၊ ငွေကျပ်သိန်း(၈၀၈)သိန်းတန်ဖိုးရှိ ကက်တမင်း အလေးချိန် (၂.၀၂)ကီလို၊ ငွေကျပ်သိန်း(၁၇၄၀)တန်ဖိုးရှိ Happy Water (၁.၄၅)ကီလိုနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် ဩဂုတ်လ ၁ ရက်၊ နံနက် ၁၁ နာရီအချိန်တွင် သီဟတင်စိုး(ခ)ပေါက်ကိုင်ဖေနေထိုင်သည့် မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောက်ရပ်ကွက်၊ ၅၃လမ်း၊ ၃၅လမ်းရှိနေအိမ်အတွင်းမှ ငွေကျပ် (၈၃)သိန်းတန်ဖိုးရှိ Happy Water(၇၀)ဂရမ်အား ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းတို့(၂)ဦးအား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့်အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်များအား ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးမာနေးကို ပေါင်(၃၅)သန်းဖြင့် ဆော်ဒီအာရေးဗျကလပ် အပြီးသတ်ခေါ်ယူ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ