Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့အပေါ် ပြစ်ဒဏ်လျှော့ပေါ့သက်သာခွင့်ပြုခြင်းသည် အပြုသဘောဆောင်ကြောင်း လူ့အခွင့်အရေးကော်မရှင် ကြေညာ

NSS - ဩဂုတ် ၂

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တိုအပေါ် ပြစ်ဒဏ်လျှော့ပေါ့သက်သာခွင့်ပြုခြင်းသည် အပြုသဘောဆောင်ကြောင်း လူ့အခွင့်အရေးကော်မရှင်က ဩဂုတ်လ ၁ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။


နစက ဥက္ကဋ္ဌက ဩဂုတ်လ ၁ ရက်၊ ဒုတိယဝါဆိုလပြည့်နေ့၊ ဓမ္မစကြာအခါတော်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့အပါအဝင် အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူ (၈ဝဝဝ) နီးပါးကို ပြစ်ဒဏ်လျှော့ပေါ့ လွတ်ငြိမ်းသက်သာ ခွင့်များ ပြုခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင် ၂၂ ဦးအား ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုခြင်း၊ နိုင်ငံခြားသား အကျဉ်းသား/သူ ၁၂၅ ဦးအား ပြစ်ဒဏ်များလျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးခြင်းနှင့် တရားရုံးအသီးသီးတွင် တရားစွဲဆိုထားဆဲဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲဝင်များ နှင့် ဆက်စပ်သူ ၇၂ ဦး၏ တရား ရုံးစစ်ဆေးဆဲပြစ်မှုဆိုင်ရာအမှုများကိုလည်း ပိတ်သိမ်း၍ အမှုမှလွှတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

အဆိုပါ ပြစ်ဒဏ်လျှော့ပေါ့ လွတ်ငြိမ်းခွင့်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့ကို အမိန့်အမှတ် ၄၈/ ၂၀၂၃ နှင့် ၄၉/ ၂၀၂၃ တိုအရ ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်ပြုခြင်းသည် အပြုသဘောဆောင်ကြောင်း၊ နိုင်ငံခြားသား အကျဉ်းသား/ သူ ၁၂၅ ဦးကို ပြစ်ဒဏ်များလျှော့ပေါ့ပြီး လွတ်ငြိမ်းခွင့်ပြုခြင်းသည် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို မြှင့်တင် ဆောင်ရွက်ရာ ရောက်သည်ဟု ရှုမြင်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ယင်းကဲ့သို့ ဆောင်ရွက်မှုများသည် နစက၏ လူ့အခွင့်အရေးဆိုင်ရာ အပြုသဘောဆောင်သည့် လုပ်ဆောင်ချက်ဖြစ်သည့်အပြင် လူသားချင်းစာနာထောက်ထားမှုကိုလည်း အလေး ထားရာရောက်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို အထောက်အပံ့ဖြစ်စေသည်ဟုလည်း အသိပေးထားသည်။ 

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နှင့် ပြစ်ဒဏ်သက်သာခွင့်ရရှိသူများသည် မိသားစုဝင်များနှင့် ပြန်လည်ပေါင်းစည်းခွင့်ရကြမည်ဖြစ်သကဲ့သို့ နိုင်ငံတော်၏စေတနာကို အလေးထားပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတွင်လည်း ဥပဒေဘောင်အတွင်းမှ ပါဝင်ဆောင်ရွက်နိုင်မည်ဟု ကော်မရှင်အနေဖြင့် ယုံကြည်ကြောင်းလည်း ထည့်သွင်းထုတ်ပြန်ထားသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဗဟိုဘဏ်၏ အွန်လိုင်းငွေကြေးဈေးကွက်မှ နိုင်ငံခြားငွေဝယ်ယူရာတွင် လိုက်နာရမည့်စည်းကမ်းချက်များထုတ်ပြန်

RECENT POSTS
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေပိုမိုမြင့်တက်လာတာက ဘယ်နိုင်ငံအတွက်မှ အကျိုးအမြတ်မရှိဘူးလို့ G7 အဖွဲ့ပြော
24 Sep 2024
ယူကရိန်းသမ္မတက အမေရိကန်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်တွေကို အနိုင်ရစေလိုနေတယ်လို့ ဒေါ်နယ်ထရမ့်ပြော
24 Sep 2024
ယူနွတ်၏ဖိတ်ကြားချက်အရ လူထုအုံကြွမှုတော်လှန်ရေး၌ ဒဏ်ရာရသူများကို ကုသပြုစုရန်ဟုဆိုကာ တရုတ်ဆေးအဖွဲ့ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိ
24 Sep 2024
မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို တုံ့ပြန်နိုင်ကြောင်း တောင်ကိုရီးယားအစိုးရပြော
24 Sep 2024
ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ သွယ်ဝိုက်ကူညီနေသည်ဆိုသော သတင်းများကို အိန္ဒိယအစိုးရ ငြင်းဆန်
24 Sep 2024
နိုင်ငံအနှံ့ ရေဘေးဒဏ်ခံစားနေရသော်လည်း NUG-PDF များက အရပ်သားများကို အကြမ်းဖက်သတ်ဖြတ်နေမှု ဆက်လက်မြင့်တက်
24 Sep 2024
ပြင်သစ်သမ္မတက ရွေးချယ်ခန့်အပ်ထားသည့် ဝန်ကြီးချုပ်အသစ် နုတ်ထွက်ရဖွယ်ရှိနေ
24 Sep 2024
ယူကရိန်းစစ်ပွဲအတွက် ဒရုန်း အစင်းရေ တစ်သန်းခွဲနီးပါး တိုးမြှင့်ထုတ်လုပ်မည်ဟု ရုရှားသမ္မတပူတင် ပြော
24 Sep 2024
ကျောက်မဲမှထွက်ခွာသူများကို TNLA က လူသားတံတိုင်းလုပ်ရန် ခြိမ်း ခြောက်ပြီးပြန်ခေါ်နေ
24 Sep 2024
ထိုင်ဝမ်အရေး၌ အမေရိကန်စစ်တပ်နှင့်ဆက်နွှယ်နေသည့် ကုမ္ပဏီ(၉)ခုကို တရုတ်အစိုးရ ပိတ်ဆို့မှုချမှတ်
24 Sep 2024
ဂျိုးဘိုင်ဒန် သက်တမ်းမကုန်ဆုံးမီ ဂါဇာအပစ်ရပ်စာချုပ် ဖြစ်လာနိုင်ဖွယ် မရှိဟု အမေရိကန်အရာရှိများယုံကြည်နေ
24 Sep 2024
အိန္ဒိယ-မြန်မာ ကုန်သွယ်မှုတွင် ရူးပီးနှင့် ကျပ်ငွေပေးချေမှုကို တိုးမြှင့်ရန်စီစဉ်
23 Sep 2024
ရခိုင်စစ်ဘေးရှောင် (၅ဝဝ)နီးပါး အရေပြားရောဂါဖြစ်နေသော်လည်း AA မကူညီနိုင်
23 Sep 2024
‘‘ရေဘေးဖြစ်စဉ်မှ ပြန်လည်တွေ့မြင်လာရတဲ့ မြန်မာတို့ရဲ့လေးစားဖွယ်အပြုအမူတွေနဲ့ အကြမ်းဖက်အားပေးတို့ရဲ့ မနာလိုမှု” (အနုပညာဆောင်းပါး)
23 Sep 2024
အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲမတိုင်မီ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတွေ တစ်ကျော့ပြန်လည်ဖြစ်ပွားလာနေ
23 Sep 2024
အလေးချိန်(၃၀၀)ကီလိုဂရမ်ရှိတဲ့ ပထမကမ္ဘာစစ်အတွင်းက ဗုံးတစ်လုံးကို အောင်မြင်စွာ ဖယ်ရှားပစ်နိုင်ခဲ့တယ်လို့ ဆားဘီးယားရဲတပ်ဖွဲ့ပြော
23 Sep 2024
လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ၂ဝ၂၈ ခုနှစ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်ပြော
23 Sep 2024
PDF များက ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ရွာသား(၅ဝ)ကျော်ကို ဖမ်းဆီးသွားမှု ချောင်းဦး၌ဖြစ်ပွား
23 Sep 2024
အင်းလေးဒေသရေကြီးမှု ကြာရှည်နိုင်ပြီး သုံးလစာ သောက်သုံးရေ လိုအပ်နေ
23 Sep 2024
နိုင်ငံ့မြောက်ပိုင်း၌ နျူထိပ်ဖူးတပ် တာလတ်ပစ်ဒုံးကျည်များ ဖြန့်ကျက်ခြင်းဖြင့် အိန္ဒိယ၏ ခြိမ်းခြောက်မှုကို တုန့်ပြန်မည်ဟု ဆို
23 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved