Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
NCA အဖွဲ့များအနက် လက်နက်ကိုင်(၃)ဖွဲ့သည် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို အချိန်မရွေးဖျက်ဆီးလာနိုင်ဟု တပ်မတော် သတိပေး

မျိုးကြီး (NSS) - သြဂုတ် ၂

NCA ရေးထိုးထားသည့်အဖွဲ့များအနက် လက်နက်ကိုင်(၃)ဖွဲ့သည် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို အချိန်မရွေးဖျက်ဆီးလာနိုင်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောသည်။


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယခုရက်ပိုင်းအတွင်း နေပြည်တော်၌ ကျင်းပသည့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေးတွင် အထက်ပါကဲ့သို့ သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)သည် အစိုးရနှင့် EAO များအကြား၊ နိုင်ငံတကာအဖွဲ့အစည်းများအကြားထားရှိခဲ့သော ကတိကဝတ်များပင်ဖြစ် ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောသည်။

ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သော အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)သည် ယခု ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ဇူလိုင်လ ၂၇ ရက်အထိ NCA လက်မှတ်ရေးထိုးထားသော အဖွဲ့ (၇)ဖွဲ့၊ ရေးထိုးခြင်းမရှိသေးသည့်အဖွဲ့ (၃)ဖွဲ့တို့နှင့် ဆွေးနွေးမှုပေါင်း (၂၂)ကြိမ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

NCA လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်အဖွဲ့များအနက် KNU/KNLA-PC၊ PNLO၊ DKBA၊ LDU၊ ALP၊ NMSP နှင့် RCSS အဖွဲ့တို့သည် နစကနှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးလျက်ရှိသည်။ 

သို့သော် NCA ရေးထိုးသည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) လက်နက်ကိုင်အဖွဲ့တို့သည် နစကနှင့် တွေ့ဆုံဆွေးနွေးခြင်းမရှိသည့်အပြင် တပ်မတော်နှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

NCA လက်မှတ်ရေးထိုးထားသည့်အဖွဲ့များအနက် လက်နက်ကိုင်အဖွဲ့(၃)ဖွဲ့သည် အကြောင်း ပြချက်အချို့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ပါဝင်တက်ရောက်ဆွေးနွေးမှု မရှိကြောင်းတွေ့ရှိရသည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကာလုံအစည်းအဝေး၌ ထည့်သွင်းပြောကြားခဲ့သည်။

၎င်းအဖွဲ့များအနေဖြင့် တိုင်းပြည်၏ တည်ငြိမ်အေးချမ်းရေးကို အချိန်မရွေးနှောင့်ယှက်ဖျက်ဆီးမှုများ ဆောင်ရွက်လာနိုင်သည်ကိုလည်း သတိပြုမိစေလိုကြောင်းနှင့် လက်ရှိတွင်လည်း ၎င်းအဖွဲ့များသည် အကြမ်းဖက်တိုက်ခိုက်မှုများ ဆောင်ရွက်နေကြောင်း တပ်ချုပ်က ပြောသည်။

ထို့ပြင် ငြိမ်းချမ်းရေးဆွေးနွေးမှုတိုင်း၌ တက်ရောက်ဆွေးနွေးခဲ့သော အဖွဲ့များ၏ လိုလား ချက်၊ ဆွေးနွေးချက်၊ ဆုံးဖြတ်ချက်များကိုလည်း စနစ်တကျစုစည်းထားရှိကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အရှိန်မပျက်ဆောင်ရွက်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် နေထိုင်သော တိုင်းရင်းသားများအနေဖြင့် ဆန္ဒနှင့်လိုလားချက်များကို လက်နက်ကိုင်တောင်းဆိုနေ၍ မရဘဲ ဒီမိုကရေစီစံနှုန်းနှင့်အညီ ပေါင်းစပ်ညှိနှိုင်းကာ ဆွေးနွေးဆုံးဖြတ်ဆောင်ရွက်သွားရမည်ဟု တပ်ချုပ်က ပြောသည်။

မြန်မာနိုင်ငံ ငြိမ်းချမ်းကာ ဖွံ့ဖြိုးတိုးတက်စေလိုသော စိတ်ဆန္ဒရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ငြိမ်းချမ်းရေးဆွေးနွေးရန် အစဉ်အမြဲတံခါးဖွင့်ထားသည်ဟုလည်း ၎င်းက ထပ်မံဖိတ်ခေါ်ခဲ့သည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့အပေါ် ပြစ်ဒဏ်လျှော့ပေါ့သက်သာခွင့်ပြုခြင်းသည် အပြုသဘောဆောင်ကြောင်း လူ့အခွင့်အရေးကော်မရှင် ကြေညာ

RECENT POSTS
ယူနွတ်၏ဖိတ်ကြားချက်အရ လူထုအုံကြွမှုတော်လှန်ရေး၌ ဒဏ်ရာရသူများကို ကုသပြုစုရန်ဟုဆိုကာ တရုတ်ဆေးအဖွဲ့ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိ
24 Sep 2024
မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို တုံ့ပြန်နိုင်ကြောင်း တောင်ကိုရီးယားအစိုးရပြော
24 Sep 2024
ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ သွယ်ဝိုက်ကူညီနေသည်ဆိုသော သတင်းများကို အိန္ဒိယအစိုးရ ငြင်းဆန်
24 Sep 2024
နိုင်ငံအနှံ့ ရေဘေးဒဏ်ခံစားနေရသော်လည်း NUG-PDF များက အရပ်သားများကို အကြမ်းဖက်သတ်ဖြတ်နေမှု ဆက်လက်မြင့်တက်
24 Sep 2024
ပြင်သစ်သမ္မတက ရွေးချယ်ခန့်အပ်ထားသည့် ဝန်ကြီးချုပ်အသစ် နုတ်ထွက်ရဖွယ်ရှိနေ
24 Sep 2024
ယူကရိန်းစစ်ပွဲအတွက် ဒရုန်း အစင်းရေ တစ်သန်းခွဲနီးပါး တိုးမြှင့်ထုတ်လုပ်မည်ဟု ရုရှားသမ္မတပူတင် ပြော
24 Sep 2024
ကျောက်မဲမှထွက်ခွာသူများကို TNLA က လူသားတံတိုင်းလုပ်ရန် ခြိမ်း ခြောက်ပြီးပြန်ခေါ်နေ
24 Sep 2024
ထိုင်ဝမ်အရေး၌ အမေရိကန်စစ်တပ်နှင့်ဆက်နွှယ်နေသည့် ကုမ္ပဏီ(၉)ခုကို တရုတ်အစိုးရ ပိတ်ဆို့မှုချမှတ်
24 Sep 2024
ဂျိုးဘိုင်ဒန် သက်တမ်းမကုန်ဆုံးမီ ဂါဇာအပစ်ရပ်စာချုပ် ဖြစ်လာနိုင်ဖွယ် မရှိဟု အမေရိကန်အရာရှိများယုံကြည်နေ
24 Sep 2024
အိန္ဒိယ-မြန်မာ ကုန်သွယ်မှုတွင် ရူးပီးနှင့် ကျပ်ငွေပေးချေမှုကို တိုးမြှင့်ရန်စီစဉ်
23 Sep 2024
ရခိုင်စစ်ဘေးရှောင် (၅ဝဝ)နီးပါး အရေပြားရောဂါဖြစ်နေသော်လည်း AA မကူညီနိုင်
23 Sep 2024
‘‘ရေဘေးဖြစ်စဉ်မှ ပြန်လည်တွေ့မြင်လာရတဲ့ မြန်မာတို့ရဲ့လေးစားဖွယ်အပြုအမူတွေနဲ့ အကြမ်းဖက်အားပေးတို့ရဲ့ မနာလိုမှု” (အနုပညာဆောင်းပါး)
23 Sep 2024
အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲမတိုင်မီ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတွေ တစ်ကျော့ပြန်လည်ဖြစ်ပွားလာနေ
23 Sep 2024
အလေးချိန်(၃၀၀)ကီလိုဂရမ်ရှိတဲ့ ပထမကမ္ဘာစစ်အတွင်းက ဗုံးတစ်လုံးကို အောင်မြင်စွာ ဖယ်ရှားပစ်နိုင်ခဲ့တယ်လို့ ဆားဘီးယားရဲတပ်ဖွဲ့ပြော
23 Sep 2024
လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ၂ဝ၂၈ ခုနှစ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်ပြော
23 Sep 2024
PDF များက ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ရွာသား(၅ဝ)ကျော်ကို ဖမ်းဆီးသွားမှု ချောင်းဦး၌ဖြစ်ပွား
23 Sep 2024
အင်းလေးဒေသရေကြီးမှု ကြာရှည်နိုင်ပြီး သုံးလစာ သောက်သုံးရေ လိုအပ်နေ
23 Sep 2024
နိုင်ငံ့မြောက်ပိုင်း၌ နျူထိပ်ဖူးတပ် တာလတ်ပစ်ဒုံးကျည်များ ဖြန့်ကျက်ခြင်းဖြင့် အိန္ဒိယ၏ ခြိမ်းခြောက်မှုကို တုန့်ပြန်မည်ဟု ဆို
23 Sep 2024
‌ရေဘေးသင့် ပြည်သူ့ဘဝကို ပြန်လည်ထူထောင်ကြဦးစို့ (ဆောင်းပါး)
23 Sep 2024
ပေါင်းလောင်းရေလှောင်တမံ ကျိုးတော့မည်ဆိုသည့်သတင်းမှာ လုံးဝမဖြစ်နိုင်ကြောင်း နစကထုတ်ပြန်
23 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved