ကျိုက်ထီးရိုးတောင်ပေါ်ရှိ ဟိုတယ်စတိုခန်းတစ်ခု၌ မီးလောင်မှုဖြစ်ပွား
စော (NSS) - ဩဂုတ် ၁
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ကျိုက်ထီးရိုးတောင်ပေါ်ရှိ ရိုးရိုးလေး ဟိုတယ် စတိုခန်းတစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဩဂုတ်လ ၁ ရက်)၊ မွန်းလွဲ (၁)နာရီခွဲအချိန်တွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“လျှပ်စစ်ဝါယာကြိုးအဟောင်းတွေကနေ စလောင်တာပါ”ဟု ကျိုက်ထိုမြို့နယ်မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါမီးလောင်မှုကို ကျိုက်ထီးရိုးနယ်မြေမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ (၁)နာရီ (၄၄)မိနစ်အချိန်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
အလားတူ ယမန်နေ့(ဇူလိုင်လ ၃၁ ရက်)နေ့ မွန်းလွဲ (၁၂)နာရီဝန်းကျင်အချိန်တွင် မကွေးတိုင်း၊ မကွေးမြို့၊ ဆုံရပ်ကွက်၊ (၉)လမ်း၌ ဝါယာရှော့ဖြစ်၍ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။
မီးလောင်ကျွမ်းမှုကြောင့် အဆောက်အဦး၏ ၆ဝ ရာခိုင်နှုန်းမီးလောင်ပျက်စီးခဲ့ပြီး ခန့်မှန်းဆုံးရှုံးမှုပမာဏ ငွေကျပ် ၅ သိန်းကျပ်ခန့်ရှိကြောင်း နစက၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်စစ်တပ်အပေါ် ပြည်သူလူထု၏ယုံကြည်မှုများ နှစ်ပေါင်း(၂ဝ)အတွင်း အနိမ့်ဆုံးသို့ကျဆင်းနေ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ