Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အမေရိကန်စစ်တပ်အပေါ် ပြည်သူလူထု၏ယုံကြည်မှုများ နှစ်ပေါင်း(၂ဝ)အတွင်း အနိမ့်ဆုံးသို့ကျဆင်းနေ

Pika (NSS) - သြဂုတ် ၁ 

အမေရိကန်နိုင်ငံသားများသည် ၎င်းတို့၏နိုင်ငံ စစ်တပ်အပေါ် ယုံကြည်မှုများ တစ်ဖြည်းဖြည်းကျဆင်းလာနေပြီး (၁၉၉၇) ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးကျဆင်းသွားခဲ့ကြောင်း Gallup ကုမ္ပဏီက ထုတ်ပြန်ခဲ့သည့် စစ်တမ်းတစ်ခုအရ သိရသည်။

ပြီးခဲ့သည့်(၂)နှစ်အတွင်း အမေရိကန်စစ်တပ်အပေါ် ယုံကြည်မှုများ(၁ဝ)မှတ် ကျဆင်းသွားပြီးနောက် အမေရိကန် စစ်တပ်သည် လက်ရှိအချိန်တွင် လူသစ်စုဆောင်းရေးနှင့်ပတ်သက်ပြီး အခက်အခဲများနှင့်ရင်ဆိုင်နေရကြောင်း သိရသည်။ 

ဇွန်လတွင် ပြုလုပ်ခဲ့သောစစ်တမ်းတစ်ခုအရ ဖြေဆိုသူများ၏(၆ဝ)ရာခိုင်နှုန်းသည် စစ်တပ်အပေါ် ယုံကြည်မှုများ ကျဆင်းနေပြီး ပြီးခဲ့သည့်နှစ်က ကောက်ယူထားသောစစ်တမ်း (၆၄)ရာခိုင်နှုန်းထက် ပိုမိုကျဆင်းသွားကြောင်း သိရသည်။ အမေရိကန်စစ်တပ်အပေါ် လူထု၏ ယုံကြည်မှုသည် (၁၉၉၇)ခုနှစ်တွင် (၆ဝ)ရာခိုင်နှုန်းသို့ ကျဆင်းသွား ခဲ့ပြီး (၁၉၈၈)ခုနှစ် နောက်ပိုင်းတွင် (၅၈)ရာခိုင်နှုန်းထိ ကျဆင်းသွားခဲ့ကြောင်း သိရသည်။


အမေရိကန်နိုင်ငံတွင် (၂ဝဝ၁)ခုနှစ်က 9/11 တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အမေရိကန်စစ်တပ်အပေါ် လူထု ထောက်ခံမှုများ မြင့်တက်ခဲ့ပြီး (၂ဝဝ၃)ခုနှစ်တွင် အမေရိကန်သမ္မတဂျော့ဘုရှ်  အီရတ်ကို ကျူးကျော်တိုက်ခိုက်ပြီး နောက် စစ်တပ်သည် လူထုထောက်ခံမှု(၈၂)ရာခိုင်နှုန်းထိ ရရှိခဲ့ကြောင်း သိရသည်။

ရီပတ်ဘလစ်ကန်ပါတီဝင်များရဲ့စစ်တပ်အပေါ်ယုံကြည်မှုသည် ဒီမိုကရက်တစ်ပါတီဝင်များထက် ပိုမိုများပြားသော် လည်း စစ်တပ်အပေါ် ရီပတ်ဘလစ်ကန်ပါတီဝင်များ၏ ယုံကြည်မှုသည် ၂ဝ၂ဝ ပြည့်နှစ်တွင် (၉၁)ရာခိုင်နှုန်းမှ (၆၈) ရာခိုင်နှုန်းထိ ကျဆင်းသွားခဲ့ကြောင်း သိရသည်။ အမေရိကန်ကြည်းတပ်၊ လေတပ် နှင့် ရေတပ်တို့မှ ခေါင်းဆောင် များသည် (၁၉၇၃)ခုနှစ် မူကြမ်းဖျက်သိမ်းပြီးတည်းက ပြီးခဲ့သည့်နှစ်တွင် လူသစ်စုဆောင်းရေးနှင့်ပတ်သက်ပြီး အဆိုးရွားဆုံးနှစ်ကို ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

အဆိုပါအချက်ကြောင့် ၎င်းတို့၏ စစ်သားစုဆောင်းရေးသည် မျှော်မှန်းထားသည်ထက် ပိုမိုနည်းပါးမည်ဟု ခန့်မှန်းထားကြောင်း ယခုနှစ် မတ်လတွင်ပြုလုပ်သော လွှတ်တော်ကြားနာပွဲအတွင်း ပြောကြားခဲ့ကြသည်။ အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်၏ လေ့လာမှုတစ်ခုအရ အသက်(၁၇)နှစ်မှ (၂၄)နှစ်ကြားရှိ လူ(၈ဝ) ရာခိုင်နှုန်း သည် အဝလွန်ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း (သို့မဟုတ်) စိတ်ကျန်းမာရေးချို့တဲ့ခြင်းတို့ကြောင့် စစ်မှုထမ်းရန် မသင့်လျော်ကြောင်း သိရသည်။ အသက်(၁၇)နှစ်မှ (၂၄)နှစ်ကြားရှိ လူ(၉)ရာခိုင်နှုန်းလောက်ကသာ စစ်တပ်တွင် တာဝန်ထမ်းဆောင်ရန် စိတ်ဝင်စားကြကြောင်း စစ်တပ်အတွင်းဝန် Christine Wormuth က ထုတ်ဖော်ပြောကြား ခဲ့သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

စကျင်ကျောက်ဖြင့် ထွင်းထုသော ကမ္ဘာ့ဉာဏ်တော်အမြင့်ဆုံး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် အနေကဇာတင်အခမ်းအနား ကျင်းပ

RELATED POSTS
RECENT POSTS
ဒါဇင်နဲ့ချီတဲ့ အစ္စရေးစစ်လေယာဉ်တွေက လက်ဘနွန်နိုင်ငံတောင်ပိုင်းကို ကြီးမားတဲ့လေကြောင်း တိုက်ခိုက်မှု ပြုလုပ်
22 Sep 2024
ဒုတိယအကြိမ်မြောက်စကားစစ်ထိုးပွဲ လုပ်ဆောင်ဖို့အတွက် ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်ရဲ့ တောင်းဆိုမှုကို ဒေါ်နယ်ထရမ့် ငြင်းဆန်ပယ်ချ
22 Sep 2024
နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် ၃ဝ ဘီလျံ သုံးစွဲရန် လျာထား
22 Sep 2024
မန္တလေးနဲ့ ငါးမိုင်အကွာက PDF အသိုက်ကို တပ်မတော် ဝင်ရှင်းပြီ၊ ထုတ်ပြန်ချက်အပြီးမှာ MNDAA တို့ စစ်သား အဓမ္မစုဆောင်းမှုလုပ်နေပြီ၊ ရထားရဲကို ရက်ရက်စက်စက် သတ်ခဲ့သူ ငါးဦးက နိုင်ငံရေးသမား/ဒီမိုကရေစီသမားတွေတဲ့လား၊ ရခိုင်မှာ အရက်ဘီယာ မရောင်းရဆိုတဲ့ AA (၂၁-၉-၂ဝ၂၄)
22 Sep 2024
ဂျပန်နိုင်ငံအလယ်ပိုင်း၊ အိုက်ရှီကာဝါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် ပျောက်ဆုံး သေဆုံးသူများရှိနေ
22 Sep 2024
မိုးကုတ်-မိုးမိတ်မှာ သပြေပန်းတွေ အစွမ်းပြပြီ၊ တောင်ဒဂုံ အုပ်ကြီးတို့ သတ်ဖြတ်ခံရမှု နဲ့ အုပ်ကြီးတို့ သတိပြုစရာများ၊ KIA ၊ PDF ဖျက်ဆီးတဲ့ သင်္ဘော (၆) စင်း နဲ့ ဖားကန့် တိုက်ပွဲ၊ ရေ‌ဘေး သေဆုံး ပျက်စီးမှုစာရင်း (၂ဝ-၉-၂ဝ၂၄)
21 Sep 2024
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved