ကော့ကရိတ်မြို့၌ အန်စာတုံးယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသမီး (၉)ဦး ထိခိုက်ဒဏ်ရာရရှိ
စော (NSS) - ဩဂုတ် ၁
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ ကော့ကရိတ်-မြဝတီအာရှလမ်းမကြီးတွင် အန်စာတုံးယာဉ် တိမ်းမှောက်မှုကြောင့် အမျိုးသမီး(၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဩဂုတ်လ ၁ ရက်) ၊ မွန်းလွဲ (၁၁)နာရီဝန်းကျင်အချိန်တွင် ကော့ကရိတ်-မြဝတီအာရှလမ်းမကြီး၊ နတ်စင်ကွေ့တွင် ဖြစ်ပွားခဲ့ကြောင်း ပုလဲဖြူလူမှုကူညီရေးအသင်းထံမှ သိရသည်။
“တောင်ခြေနားရောက်နေပြီ ကျတဲ့နေရာတော့ မြေပြန့်ပေါ့နော်။ အဆင်းကြောမှာပဲ ယာဉ် ကြော ညာဘက်ခြမ်းကိုထိုးချသွားတာပါ။ ကားကဘယ်နှစ်ပတ်တောင်လည်ထားလဲမသိဘူး။ မြဝတီဘက်ကို ကားခေါင်းကပြန်လှည့်နေပြီ။ မိုးကတော့ရွာနေပါတယ်”ဟု ပုလဲဖြူလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါအန်စာတုံးယာဉ်သည် မြဝတီမြို့ဘက်မှ ဆင်းလာစဉ် ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ကားပေါ်မှာ ပါလာတဲ့လူရဲ့စာရင်းတော့မယူမိလိုက်ဘူး။ မြဝတီဆေးရုံကို လူနာ (၆) ယောက်ရောက်ပါတယ်။ ကော့ကရိတ်ဆေးရုံကို လူနာ (၃)ဦးရောက်တယ်လို့ သိရပါတယ်။ အားလုံးအမျိုးသမီးတွေကြီးပါပဲ”ဟု ၎င်းကဆက်လက်ပြောသည်။
ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသမီး (၆)ဦးအား မြဝတီဆေးရုံသို့ ပို့ဆောင်ထားပြီး ကျန်အမျိုး သမီး (၃)ဦးအား ကော့ကရိတ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျိုက်ထီးရိုးတောင်ပေါ်ရှိ ဟိုတယ်စတိုခန်းတစ်ခု၌ မီးလောင်မှုဖြစ်ပွား
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ