ထိုင်းနိုင်ငံတွင် မီးရှုးမီးပန်းပစ္စည်းများသိုလှောင်ထားသည့်ဂိုဒေါင် ပေါက်ကွဲပြီးနောက် အနည်းဆုံးလူ(၉)ဦးသေဆုံး၊ ၁ဝဝ ကျော်ထိခိုက်ဒဏ်ရာရ
Pika (NSS) - ဇူလိုင် ၃ဝ
ထိုင်းနိုင်ငံတွင် ဇူလိုင်လ(၂၉)ရက်က မီးရှုးမီးပန်းများ သိုလှောင်ထားသော ဂိုဒေါင်တစ်ခုတွင် ပေါက်ကွဲမှုများဖြစ်ပွား ခဲ့ခြင်းကြောင့် အနည်းဆုံးလူ(၉)ဦးသေဆုံးကာ အခြားလူ(၁ဝဝ)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အနီးအနားရှိနေအိမ် များလည်း ပြိုကျပျက်စီးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ပေါက်ကွဲမှုသည် Narathiwat ပြည်နယ် Sungai Kolok မြို့တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဂိုဒေါင်အတွင်းတွင် ဂဟေဆော်နေရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပုံပေါ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ Narathiwat ပြည်နယ်အုပ်ချုပ်ရေးမှူး Sanan Pongaksorn က"Sungai Kolok မြို့မှာ မီးရှုးမီးပန်းတွေ သိုလှောင်ထားတဲ့ ဂိုဒေါင်တစ်ခုပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၉)ဦး သေဆုံးခဲ့ပါတယ်၊၊ အခြားလူ(၁ဝဝ)ကျော်လည်း ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။ မီးလောင်ကျွမ်းမှုကိုလည်း ထိန်းချုပ်နိုင်ခဲ့ပါပြီ။ အစောပိုင်းစုံစမ်းစစ်ဆေးမှုတွေအရ အဲဒီ အဆောက်အဦးဟာ ဆောက်လုပ်နေဆဲဖြစ်ပြီး ဂဟေဆော်နေတဲ့အချိန်အတွင်းမှာ ချို့ယွင်းချက်ရှိခဲ့ပြီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပုံပေါ်ပါတယ်" ဟု ပြောခဲ့သည်။
ဒေသတွင်းမီဒီယာများတင်ထားသော ဓါတ်ပုံများထဲတွင် လေထုထဲသို့ မီးခိုးလုံးကြီးများ တက်လာပြီး ပေါက်ကွဲမှု အရှိန်ကြောင့် အနီးအနားရှိနေအိမ်၊ ဈေးဆိုင်များ နှင့် မော်တော်ယာဉ်များ ပျက်စီးသွားခဲ့သည်ကို တွေ့မြင်ခဲ့ရသည်။
မလေးရှားနှင့် နယ်နိမိတ်ချင်းထိစပ်နေသော နယ်စပ်မြို့ Sungai Kolokတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းကြောင့် အိမ်ခြေ (၅ဝဝ)ခန့် ပျက်စီးခဲ့ကြောင်း ထိုင်း PBS သတင်းဌာနက ဖော်ပြခဲ့သည်။
အဆိုပါဂိုဒေါင် နှင့် မီတာ(၁ဝဝ) ခန့်အကွာတွင် နေထိုင်သော မျက်မြင်သက်သေတစ်ဦးက "ကျွန်တော်အိမ်ထဲမှာ ဂိမ်းဆော့နေတဲ့အချိန် ပေါက်ကွဲသံတစ်ခုကို ကြားခဲ့ရပါတယ်။ ပေါက်ကွဲမှုအရှိန်ကြောင့် ကျွန်တော့်အိမ်ခေါင်မိုးတွေ လွင့်စင်ခဲ့ပါတယ်။ အပြင်ကိုလှမ်းကြည့်လိုက်တော့ နေအိမ်တွေ ပျက်စီးနေပြီး လူတွေလဲကျနေတာကို တွေ့ခဲ့ရပါ တယ်။ တကယ်ကို ကြောက်စရာအဖြစ်အပျက်တစ်ခုပါပဲ" ဟု ပြောခဲ့သည်။
ထိုင်းနိုင်ငံ၏ ဆောက်လုပ်ရေးကဏ္ဍများတွင် လုံခြုံရေးနှင့်ပတ်သက်ပြီး ညံ့ဖျင်းမှုများကြောင့် လူအသေအပျောက်များသော မတော်တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကနေဒါနိုင်ငံတွင် ဂျက်လေယာဉ်တစ်စင်း ပျက်ကျခဲ့ပြီး လိုက်ပါသွားသူ ခြောက်ဦးစလုံး သေဆုံး
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ