ဖြူးမြို့ရှိ (230 KV) ဓာတ်အားလိုင်းမှ ဓာတ်အားတိုင် (၂)တိုင်ကို PDF အဖွဲ့မှ မိုင်းထောင်ဖျက်ဆီးခဲ့ဟု ရဲတပ်ဖွဲ့ဆို
NSS - ဇူလိုင် ၃ဝ
ပဲခူးတိုင်း၊ ဖြူးမြို့နယ်ရှိ (230 KV)ဓာတ်အားလိုင်းမှ ဓာတ်အားတိုင်(၂)တိုင်ကို PDF အဖွဲ့မှ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးသွားခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သော ဇူလိုင်လ ၂၆ ရက် ည ၁၂ နာရီ ၁ဝ မိနစ်အချိန်တွင် ဖြူးမြို့နယ်၊ ရေပြာကျေးရွာ နှင့် ကျွန်းကုန်းကျေးရွာ အကြားရှိ ဓာတ်အားတိုင်(၂)တိုင်ကို မိုင်းထောင်ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
ထိုသို့ ဖောက်ခွဲခံရသောဓာတ်အားတိုင်(၂)တိုင်မှာ တောင်ငူ-ဟင်းငုတ်ပင်-သာယာကုန်းသို့ သွယ်တန်းထားသည့် (230 KV) ဓာတ်အားတိုင်များအနက် တိုင်အမှတ်(188/F21)နှင့် (187/F21) ဖြစ်ကြောင်း သိရသည်။
၎င်းကဲ့သို့ မိုင်းထောင်ဖောက်ခွဲမှုကြောင့် ဓာတ်အားတိုင်(၂)တိုင်၏ အောင်ခြေများ ပြတ်တောင်ကာ လဲကျပျက်စီး သွားခဲ့သဖြင့် ပြင်လည်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ မိုင်းထောင်ဖောက်ခွဲမှုတွင် ပါဝင်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေး အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
အလားအတူ ပြီးခဲ့သော ဇူလိုင်လ ၂၄ ရက်တွင်လည်း ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်အတွင်းရှိ မဟာဓာတ်အားလို င်းမှ ဓာတ်အားတိုင်(၂)တိုင်ကို PDF အဖွဲ့က ယခုကဲ့သို့ မိုင်းထောင်ဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းနိုင်ငံတွင် မီးရှုးမီးပန်းပစ္စည်းများသိုလှောင်ထားသည့်ဂိုဒေါင် ပေါက်ကွဲပြီးနောက် အနည်းဆုံးလူ(၉)ဦးသေဆုံး၊ ၁ဝဝ ကျော်ထိခိုက်ဒဏ်ရာရ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ