ပခုက္ကူမြို့နယ်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို PDF အဖွဲ့မှ သေနတ်ဖြင့်ပစ်သတ်ခဲ့ဟု ရဲတပ်ဖွဲ့ ထုတ်ပြန်
NSS - ဇူလိုင် ၂၉
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော (ဇူလိုင်လ ၂၆ ရက်)၊ နံနက် ၈နာရီခွဲအချိန်နှင့် ညနေ ၅နာရီ ၁၀မိနှစ်အချိန်တို့တွင် ပခုက္ကူမြို့နယ်၊ အမှတ်(၃)ရပ်ကွက်နှင့် ရွာသာအေးကျေးရွာ အနောက်ဘက်ရှိ ပြည့်အိုင်ချောင်းအနီးတွင် တွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ အမှတ်(၃)ရပ်ကွက်တွင်နေထိုင်သည့် ဦးမြင့်သိန်း(၅၃)နှစ်သည် ၎င်း၏နေအိမ်၌ မိသားစုနှင့်အတူရှိနေစဉ် PDF အဖွဲ့မှ အင်အား ၃ဦးခန့်က ဆိုင်ကယ် (၂)စီးဖြင့်ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် ရွာသာအေးကျေးရွာတွင်နေထိုင်သည့် ဒေါ်သိန်းသိန်းအေး(၃၅)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အဖွဲ့အင်အား(၄)ဦးမှ ရောက်ရှိလာပြီး ဖမ်းဆီးခေါ်ဆောင်သွားကာ ကျေးရွာ၏ အနောက်ဘက် (၂)ဖာလုံခန့်အကွာ ပြည့်အိုင်ချောင်းအနီး၌ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။
အလားတူ (ဇူလိုင်လ ၂၆ ရက်)၊ နံနက် ၉နာရီနှင့် မွန်းလွဲ ၁နာရီ ၄၅မိနစ်အချိန်တို့တွင် ပဲခူးတိုင်း၊ ရေတာရှည်မြို့ နယ် ရဲကုန်းကျေးရွာမှ ရာအိမ်မှူးဖြစ်သူ ဦးကြီးမြင့်(၅၂)နှစ် နှင့် မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ လဲဘူးကျေးရွာမှ အုပ်ချုပ်ရေးမှုး ဦးကျော်မင်းစိုးတို့ (၂)ဦးအား PDF အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ မှ ထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ အဆိုပါသေဆုံးသူအမျိုးသား (၂)ဦးသည် ၎င်းတို့ပိုင်ဆိုင်သော နေအိမ်အသီးသီး၌ ရှိနေစဉ် PDF အဖွဲ့မှ ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဇူလိုင်လ ၂၆ ရက် တစ်ရက်တည်းတွင် ကျေးရွာအုပ်ချုပ်ရးမှူး၊ ရာအိမ်မှူးနှင့် အရပ်သားများကို PDF အဖွဲ့မှ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် အခင်းဖြစ်ပွားရာနေရာအသီးသီး၌ သေဆုံးသွားခဲ့ရကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်မှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက် လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်၊
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်နှင့်ဩစတြေးလျတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွင်း ရဟတ်ယာဉ်တစ်စင်းပျက်ကျပြီးနောက် စစ်ရေးလေ့ကျင့်မှုများကို ရပ်ဆိုင်းခဲ့ဟုဆို
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ