အမေရိကန်နှင့်ဩစတြေးလျတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွင်း ရဟတ်ယာဉ်တစ်စင်းပျက်ကျပြီးနောက် စစ်ရေးလေ့ကျင့်မှုများကို ရပ်ဆိုင်းခဲ့ဟုဆို
Pika (NSS) - ဇူလိုင် ၂၉
အမေရိကန်နှင့်ဩစတြေးလျတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွင်း စစ်ဘက်သုံးရ ဟတ်ယာဉ်တစ်စင်း ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ ပျက်ကျခဲ့ကာ လူလေးဦးပျောက်ဆုံးသွားခဲ့ပြီးနောက် ဇူလိုင်လ(၂၉)ရက်တွင် စစ်ရေးလေ့ကျင့်မှုများကို ရပ်ဆိုင်းခဲ့ကြောင်းသိရသည်။
MRH-90 Taipan အမျိုးအစားရဟတ်ယာဉ်သည်ကွင်းစလန်းပြည်နယ် Hamilton ကျွန်းအနီးရှိ ရေပြင်တွင် ဇူလိုင်လ(၂၈)ရက်နှောင်းပိုင်းက ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ဩစတြေးလျကာကွယ်ရေးဝန်ကြီး Richard Marles ကပြောကြားခဲ့သည်။ Talisman Sabre အမည်ရှိ စစ်ရေးလေ့ကျင့်မှုတွင် အမေရိကန်၊ဩစတြေးလျနှင့်အခြားနိုင်ငံအများအပြားတို့မှ စစ်သား(၃)သောင်းခန့်ပါဝင်ခဲ့ကြောင်းသိရသည်။ ၎င်းက"ရဟတ်ယာဉ်ပျက်ကျပြီးနောက် ပျောက်ဆုံးနေတဲ့ လူလေးဦးကို လက်ရှိအချိန်အထိ မတွေ့သေးပါဘူး။ အဲဒီရဟတ်ယာဉ်ပေါ်မှာ လိုက်ပါသွားတဲ့ လူလေးဦးလုံးက ဩစတြေးလျနိုင်ငံသားတွေပါပဲ။ အဲဒီလူလေးဦးရဲ့ မိသားစုဝင်တွေကို ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး အကြောင်းကြားထားပါတယ်။ ဒီနေ့မှာ တော့ သတင်းကောင်းတွေ ကြားရမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်"ဟုပြောကြားခဲ့သည်။
အဆိုပါရဟတ်ယာဉ် ပျက်ကျရသည့် အကြောင်းအရင်းကို တာဝန်ရှိသူများက လက်ရှိအချိန်အထိ ထုတ်ဖော်ပြောကြားခြင်းမျိုးမရှိသေးကြောင်းသိရသည်။ စစ်ရေးလေ့ကျင့်မှုတွင် ထောက်ပံ့ပို့ဆောင်ရေး၊မြေပြင်တိုက်ခိုက်ရေး၊ လေကြောင်းစစ်ဆင်ရေးများကို လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။ အဆိုပါစစ်ရေးလေ့ကျင့်မှုတွင် ဂျပန်၊ ပြင်သစ်၊ ဂျာမနီ နှင့် တောင်ကိုရီးယားတို့လည်းပါဝင်ခဲ့ကြောင်းသိရသည်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က"စစ်ရေးလေ့ကျင့်မှုအတွင်းမှာ မတော်တဆမှုဖြစ်ပွားခဲ့ပြီး အခက်အခဲတွေရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုစစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်ရတဲ့ အကြောင်းအရင်းကတော့ ပြည်သူတွေရဲ့ အသက်တွေကို ကာကွယ်နိုင်ဖို့ပါပဲ"ဟုပြောကြားခဲ့သည်။
ဩဂုတ်လ(၄)ရက်တွင် ပြီးဆုံးမည့် စစ်ရေးလေ့ကျင့်မှုကို မည်သည့်အချိန်တွင် ပြန်လည်စတင်မည်ကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်းမသိရှိရသေးကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပဲခူး အပါအဝင် ဒေသသုံးခု၌ ပဋိပက္ခများကြောင့် (၅)ရက်တာကာလအတွင်း နေရပ်စွန့်ခွာထွက်ပြေးသူ (၆၀၀၀)ကျော်ရှိခဲ့ဟုဆို
RELATED POSTS
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ