ရေတာရှည်မြို့အခြေခံပညာအလယ်တန်းကျောင်း၌ ခြိမ်းခြောက်စာတစ်စောင်တွေ့ရှိခဲ့ဟု ရဲတပ်ဖွဲ့ဆို
NSS - ဇူလိုင် ၂၇
ပဲခူးတိုင်း၊ ရေတာရှည်မြို့ရှိ အခြေခံပညာအလယ်တန်းကျောင်း၌ ခြိမ်းခြောက်စာတစ်စောင် တွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သော (ဇူလိုင်လ ၂၄ ရက်)၊ နံနက် ၈နာရီခွဲအချိန်တွင် ရေတာရှည်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိ မင်းကျောင်းအခြေခံပညာအလယ်တန်းကျောင်း၏ အနောက်ဘက်အုပ်နံရံတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါခြိမ်းခြောက်စာကို အဌမသားများအဖွဲ့မှ ပေးပို့ခဲ့ခြင်းဖြစ်ပြီး အဆိုပါအုပ်နံရံတွင် ခြိမ်းခြောက်စာကို တိတ်အနက်ရောင်ဖြင့် ကပ်ထားခဲ့ကြောင်း သိရသည်။
အဆိုပါ ခြိမ်းခြောက်စာတွင် ကျောင်းပိတ်ရန် နှင့် ကျောင်းမပိတ်ပါက ကျောင်းဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ အသက်အန္တရာယ်ကို တာဝန်မယူနိုင်ကြောင်း ရေးသားထားသည်။
အထက်ပါဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများကို ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအပြစ်ပေး အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံဂျီးရီးယားနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်ထားတဲ့သမ္မတကို ရာထူးက ဖြုတ်ချပြီး စစ်အာဏာသိမ်းမှုဖြစ်ပေါ်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ