နိုင်ငံဂျီးရီးယားနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်ထားတဲ့သမ္မတကို ရာထူးက ဖြုတ်ချပြီး စစ်အာဏာသိမ်းမှုဖြစ်ပေါ်
ဂျန်ဇက် (NSS) - ဇူလိုင် ၂၇
နိုင်ဂျီးရီးယားနိုင်ငံမှာ ယိုယွင်းပျက်စီးလျက်ရှိနေတဲ့ လုံခြုံရေးအခြေအနေများနဲ့ပတ်သက်ပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်ထားတဲ့သမ္မတကို ဖြုတ်ချပြီး အာဏာသိမ်းယူလိုက်တယ်လို့ နိုင်ဂျီးရီးယားစစ်တပ် က သတင်းထုတ်ပြန်လိုက်ပါတယ်။
နိုင်ဂျီးရီးယားစစ်တပ်ကဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းသွားမှာဖြစ်သလို နိုင်ငံအင်စတီကျူးရှင်းအားလုံးကို ဆိုင်းငံ့သွားမှာဖြစ်ကြောင်း၊ နိုင်ငံနယ်စပ်ဒေသများကိုလည်း ပိတ်သွားမှာဖြစ်ကြောင်း ကြေညာထားပါတယ်။
နိုင်ဂျီးရီးယားသမ္မတ မိုဟာမက် ဘာဇွန်ဟာ ဇူလိုင် ၂၆ ရက် နံနက်ပိုင်းက သမ္မတအိမ်တော်အတွင်း နိုင်ဂျီးရီးယား စစ်သားများရဲ့ဖမ်းဆီးခြင်းကို ခံလိုက်ရတာဖြစ်ကြောင်း သိရပါတယ်။ နိုင်ဂျီးရီးယားလုံခြုံရေးတပ်ဖွဲ့များဟာ နိုင်ငံအတွင်းဖြစ်နေတဲ့ လက်ရှိအခြေအနေတွေကို စီမံခန့်ခွဲသွားမှာဖြစ်ပြီး ပြည်ပနိုင်ငံများ ကြားဝင်စွက်ဖက်ခြင်း မလုပ်စေလိုကြောင်း အာဏာသိမ်းထားတဲ့နိုင်ဂျီးရီးယားစစ်တပ်က ပြောပါတယ်။
နိုင်ဂျီးရီးယားလေတပ်တပ်ဖွဲ့ရဲက ဗိုလ်ချုပ် Amadou Abdramane က "နိုင်ငံရဲ့လုံခြုံရေးအခြေအနေတွေက ဆိုးရွားမှုတွေ ဆက်လက်ဖြစ်နေတဲ့အပြင် စီးပွားရေး၊ အုပ်ချုပ်ရေးပိုင်းကောင်းမွန်မှုမရှိတဲ့အတွက် အခုလိုမျိုး သမ္မတကို ဖြုတ်ချလိုက်ရတာပါ" လို့ ပြောပါတယ်။
အခြေအနေတွေ တည်ငြိမ်ချိန်အထိ စစ်ဥပဒေထုတ်ပြန်ထားမှာဖြစ်သလို နယ်စပ်ဒေသတွေကိုလည်း ပိတ်ထားမှာ ဖြစ်ကြောင်း အာဏာသိမ်းမှုအဖွဲ့ထဲမှာပါဝင်တဲ့ဗိုလ်ချုပ်က ပြောပါတယ်။ အဆိုပါစစ်အာဏာသိမ်းအဖွဲ့က ၎င်းတို့ အနေနဲ့ နိုင်ငံတကာအဖွဲ့စည်းများနဲ့ စေ့စပ်ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း သတင်း ထုတ်ပြန်ထားပါတယ်။
သမ္မတ နဲ့ သူရဲ့မိသားစုဟာ လက်ရှိအချိန်မှာ ဘေးကင်းလုံခြုံမှုတွေရှိနေပေမယ့် ဘယ်နေရာမှာရှိနေသလဲဆိုတဲ့ အချက်ကို အတိအကျမသိသေးကြောင်း ဆိုပါတယ်။ အာဏာသိမ်းအုပ်စုက ၎င်းတို့ကို နိုင်ငံဘေးကင်းလုံခြုံရေးအတွက် အမျိုးသားကောင်စီအဖြစ် အမည်ပေးထားပြီး အဆိုပါကောင်စီထဲမှာ စစ်တပ်တာဝန်ရှိသူများ ထည့်သွင်းသွားမှာဖြစ်ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျောင်းအုပ်ဆရာမကြီးအပါအဝင် ဆရာ၊ဆရာမ(၇)ဦးဖမ်းဆီးခံခဲ့ရသည့် လောင်းလုံး စိုက်ပျိုးရေးသိပ္ပံကျောင်း၌ တာဝန်ထမ်းဆောင်နေသည့် ဒုဦးစီးမှူး လုပ်ကြံသတ်ဖြတ်ခံရ
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း