စင်ကာပူနိုင်ငံမှာ အမျိုးသမီးတစ်ဦးကို နှစ်ပေါင်း ၂၀ကျော်အတွင်းပထမဆုံးအကြိမ် သေဒဏ်ပေးကွက်မျက်
ဂျန်ဇက် (NSS) - ဇူလိုင် ၂၇
စင်ကာပူအစိုးရဟာ နှစ်ပေါင်း ၂ဝ အတွင်း အမျိုးသမီးတစ်ဦးကို ပထမဆုံးအကြိမ် သေဒဏ် ပေးကွပ်မျက်လိုက် ကြောင်း လူအခွင့်အရေးအဖွဲ့များက ပြောပါတယ်။
အသက် ၄၅ နှစ်အရွယ်ရှိ စင်ကာပူနိုင်ငံသား Saridewi Djamani ကို ၂ဝ၁၈ ခုနှစ်က ဟီရိုအင်း ၃ဝ ဂရမ်နဲ့အတူ ဖမ်းမိခဲ့ပြီးနောက် စုံစမ်းစစ်ဆေးကာ သေဒဏ်ပေးခဲ့ခြင်းဖြစ်ကြောင်း လူအခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။ စင်ကာပူနိုင်ငံဟာ ကမ္ဘာပေါ်ရှိနိုင်ငံများအနက် မူးယစ်ဆေးဝါးတိုက်ဖျက်ဆန့်ကျင်ရေးနဲ့ပတ်သက်ပြီး ဥပဒေများ တင်းကြပ်တဲ့နိုင်ငံဖြစ်ကြောင်း သိရပါတယ်။
အဆိုပါအမျိုးသမီးဟာ ၂ဝ၂၂ ခုနှစ် မတ်လနောက်ပိုင်းတည်း စင်ကာပူနိုင်ငံမှာ သေဒဏ်ကွပ်မျက်ခံရတဲ့ ၁၅ ဦး မြောက်ဖြစ်လာခဲ့ကြောင်း၊ စင်ကာပူနိုင်ငံသား Mohd Aziz bin Hussain ကွပ်မျက်ခံရပြီးနောက် ရက်ပိုင်းအကြာမှာ Saridewi Djamani လည်း သေဒဏ်ပေးခံရခြင်းဖြစ်ကြောင်း လူအခွင့်ရေးအဖွဲ့တွေ က ပြောပါတယ်။
လူအခွင့်အရေးအဖွဲ့တွေဟာ သေဒစ်အပြစ်ပေးမှုတွေကိုဖျက်သိမ်းဖို့ တောင်းဆိုနေပေမယ့် စင်ကာပူနိုင်ငံမှာတော့ သေဒဏ်အပြစ်ပေးမှုများ ဆက်လက်ကျင့်သုံးနေဆဲဖြစ်ကြောင်း သိရပါတယ်။ စင်ကာပူနိုင်ငံရဲ့ဥပဒေများအရ ဟီရိုအင်း ၁၅ ကီလိုဂရမ်၊ ဆေးခြောက် ၅ဝဝ ဂရမ်အထက် လက်ဝယ်တွေ့ရှိသူများကို သေဒဏ်အမိန့် ချမှတ်နိုင် ကြောင်း သိရပါတယ်။
စင်ကာပူမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ကတော့ Saridewi Djamani ကို သေဒဏ်အပြစ်ပေးခြင်းနဲ့ပတ်သက်ပြီး မှတ်ချက်ပြုပြောဆိုခြင်းမျိုးမရှိကြောင်း သိရပါတယ်။ ၂ဝဝ၄ ခုနှစ်က သေဒဏ်ပေးကွပ်မျက်ခံရတဲ့ Yen May Woen အမည်ရှိ အမျိုးသမီး နောက်ပိုင်း စင်ကာပူနိုင်ငံမှာ သေဒဏ်အပြစ်ပေးကွပ်မျက်ခံရတဲ့ အမျိုးသမီး မရှိခဲ့ဘဲ Saridewi Djamani က နှစ်ပေါင်း ၂ဝ ကျော်အတွင်း ပထမဆုံးအကြိမ်ကွပ်မျက်ခံရသူဖြစ်ပါတယ်။
စင်ကာပူနိုင်ငံမှာ အများအားဖြင့် မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး လူတွေကို သေဒဏ်ပေးကွပ်မျက်လျက်ရှိနေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရေတာရှည်မြို့အခြေခံပညာအလယ်တန်းကျောင်း၌ ခြိမ်းခြောက်စာတစ်စောင်တွေ့ရှိခဲ့ဟု ရဲတပ်ဖွဲ့ဆို
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ