(၆)လအတွင်း တစ်နိုင်ငံလုံး၌ ယာဉ်တိုက်မှုကြောင့် လူတစ်ထောင်ကျော် သေဆုံးခဲ့
စော(NSS) - ဇူလိုင် ၂၆
တိုင်းနှင့်ပြည်နယ် အပါအဝင် အမြန်လမ်းယာဉ်တိုက်မှုကြောင့် ယခုနှစ် (၆)လအတွင်း သေဆုံးသူပေါင်း တစ်ထောင်ကျော်ရှိခဲ့ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရသိရသည်။
(၂၀၂၃)ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအတွင်း မြန်မာတစ်နိုင်ငံလုံး၌ ယာဉ်တိုက်မှုပေါင်း (၂၅၆၆)ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူပေါင်း (၁၃၅၉)ဦးရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ယာဥ်တိုက်မှုများအနက် ရန်ကုန်တိုင်းတွင် ယာဉ်တိုက်မှုပေါင်း (၄၃၅)ကြိမ်ဖြင့် အများဆုံးဖြစ်ပွားခဲ့ပြီး ဧရာဝတီတိုင်းသည် ယာဉ်တိုက်မှုပေါင်း (၄၀၅)ကြိမ်ဖြင့် ဒုတိယအများဆုံးဖြစ်ပွားခဲ့ကြောင်း သိရသည်။
အလားတူ ရန်ကုန် -မန္တလေးအမြန်လမ်းမကြီးတွင် ယာဉ်တိုက်မှုပေါင်း (၈၃)ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၅၃)ဦး ရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြီးခဲ့သည့် (၂ဝ၂၂)ခုနှစ်၏ အလားတူကာလအတွင်း ယာဉ်တိုက်မှုပေါင်း (၃၁၀၉)ကြိမ် ဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာရရှိသူ (၄၂၄၀)ဦးရှိခဲ့ပြီး သေဆုံးသူစုစုပေါင်း(၁၅၁၃)ဦးရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ယခုနှစ်သည် ယာဉ်တိုက်မှုအကြိမ်ရေ (၅၄၃) ကြိမ်ကျဆင်းခဲ့ပြီး လူသေဆုံးမှုအနေဖြင့် (၁၅၄)ဦး လျော့နည်းခဲ့ကြောင်း အချက်အလက်များအရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မန္တလေး၌ ငွေကျပ်သိန်း(၂၆၀၀)ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ