မန္တလေး၌ ငွေကျပ်သိန်း(၂၆၀၀)ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
သန့်ဇင် (NSS) - ဇူလိုင် ၂၆
မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ် နှင့် မဟာမြိုင်မြို့နယ်တို့တွင် ငွေကျပ်(၂၆၄၁.၂)သိန်း တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံမူးယစ်ဆေးဝါးတာဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ပြီးခဲ့သော (ဇူလိုင်လ ၂၄ ရက်)၊ မွန်းလွဲ ၁နာရီ ၄၅ မိနစ်အချိန်တွင် ချမ်းအေးသာစံမြို့နယ်၊ (၈၀)လမ်း၊ ၃၃x ၃၄လမ်းကြားတွင် မြင့်ကိုဦး(ခ)အားရှင်(၂၈)နှစ် မောင်းနှင်လာသော Suzuki Swift ကားအားစစ်ဆေးရှာဖွေစဉ် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါ ကားပေါ်တွင် သိုဝှက်သယ်ဆောင်လာသော သိန်း(၃၀)တန်ဖိုးရှိ အက်တက်စီဆေးပြား(၅၀)၊ (၁၂)သိန်းတန်ဖိုးရှိ ကတ်တမင်း(၃၀)ဂရမ်၊ ငွေကျပ်(၁၅၁.၂)သိန်း တန်ဖိုးရှိ Happy Water (၁၂၆)ဂရမ်နှင့် ဖုန်း(၂)လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့နောက် ဆက်လက်စစ်ဆေးဖော်ထုတ်ချက်အရ ည ၈နာရီတွင် ၎င်းနေထိုင်သည့် မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၃၉(ဘီ)လမ်း၊ ၅၈ x ၅၉ လမ်းကြားရှိ နေအိမ်သို့ သွားရောက်စစ်ဆေးရှာဖွေ့ခဲ့သည်။
ထိုသို့ ဆက်လက်ရှာဖွေခဲ့ရာ ၎င်း၏အိမ်ပေါ်မှ ငွေကျပ်(၁၅၉၆)သိန်းတန်ဖိုးရှိ အက်တက်စီဆေးပြား (၂၆၆၀) ပြား၊ ငွေကျပ်( ၂၅၂)သိန်း တန်ဖိုးရှိ ကက်တမင်း (၆၃၀) ဂရမ်၊ သိန်း(၆၀၀)တန်ဖိုးရှိ Happy Water(၅၀၀)ဂရမ်တို့အား ထပ်မံသိမ်းဆည်းရမိခဲ့သည်။
ထို့ကြောင့် ၎င်းအား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံကူးလက်မှတ်များ အသစ်ပြန်လည်လျှောက်ထားခြင်းအတွက် ဒဏ်ကြေးငွေ တိုးမြှင့်ကောက်ခံသွားမည်ဟု သံရုံးအချို့အသိပေး
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ