လမိုင်းမြို့ရှိ တဲတစ်လုံးပေါ်၌ ဦးခေါင်းကွဲဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိ
စော(NSS) - ဇူလိုင် ၂၆
မွန်ပြည်နယ်၊ လမိုင်းမြို့ရှိ တဲတစ်ခုပေါ်တွင် ဦးခေါင်းကွဲဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်းတစ်လောင်းတွေ့ ရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (ဇူလိုင်လ ၂၆ ရက်)၊ နံနက် (၁၀)နာရီဝန်းကျင်အချိန်တွင် လမိုင်းမြို့၊ ရွာသာယာရပ်ကွက်အနီးရှိ တဲတစ်ခု၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း လမိုင်းပရဟိတအသင်းထံမှ သိရသည်။
“ဘယ်လိုဖြစ်တာလဲမသိတော့မသိဘူး။ ပတ်ဝန်းကျင်ကဖုန်းဆက်လာတာပါ။ ဦးခေါင်းက တုတ်နဲ့ရိုက်ခံထားရပြီး ကွဲနေတဲ့ပုံစံပါ”ဟု လမိုင်းပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ အမျိုးသားသည် အသက်(၃၀)နှစ်ဝန်းကျင်အရွယ်ရှိပြီး အလုပ်သမားတစ်ဦးဖြစ်ကြောင်း သိရသည်။
“သူရောက်လာတာ နှစ်ရက်လောက်ပဲရှိသေးတယ်ပြောတယ်။ အလုပ်လာလုပ်တဲ့ အလုပ်သမားပါ။ နာမည်တောင်မသိလိုက်ရဘူး”ဟု ၎င်းကဆက်လက်ပြောသည်။
လက်ရှိတွင် ၎င်းအား လမိုင်းဆေးရုံရင်ခွဲရုံမှတစ်ဆင့် လမိုင်းသုဿာန်သို့ ပို့ဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကလေးမြို့နယ်ရှိ တဲကျောင်းတစ်ခုအတွင်း၌ သေနတ်ကျည် မတော်တဆဖြစ်ကာ ဆရာတော်တစ်ပါး ပျံလွန်တော်မူ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ