ဗိုလ်တထောင်မြို့နယ်ရှိ (၈)လွှာတိုက်ပေါ်မှ အမျိုးသားတစ်ဦး ပြုတ်ကျမှုဖြစ်ပွား
သန့်ဇင် (NSS) - ဇူလိုင် ၂၆
ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်ရှိ အထပ်မြင့်တိုက်ခန်း(၈)လွှာမှ အမျိုးသားတစ်ဦး ပြုတ်ကျမှုဖြစ်ပွားခဲ့ကြောင်း လင်းလက်လူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဇူလိုင်လ ၂၆ ရက်) နံနက် ၁၀ နာရီခွဲအချိန်ခန့်တွင် ဗိုလ်တထောင်မြို့နယ်၊ (၈)ရပ်ကွက်၊ ၄၂လမ်းရှိ အထက်မြင့်တိုက်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“သူက(၈)လွှာက ပြုတ်ကျတာပါ။ သူနဲ့အတူနေတဲ့လူပြောတာတော့ အရက်ဖြတ်ထားတာ သုံးလေးရက်လောက် ရှိပြီလို့ပြောတယ်။ ဘယ်လိုဖြစ်ပြီးကျတာလဲတော့မသိဘူးပေါ့။ နောက်ဖေးလမ်းကြားထဲကို ပြုတ်ကျတာပါ” ဟု လင်းလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP Newsကို ပြောသည်။
တိုက်ပေါ်မှ ပြုတ်ကျသောအမျိုးသားသည် အသက် (၃၅)နှစ်အရွယ်ရှိ ကိုဇော်လွင်ဖြစ်ပြီး ပြုတ်ကျမှုကြောင့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
“စိုးရိမ်ရတဲ့အခြေနေမှာတော့ရှိပါတယ်။ ထိခိုက်တာတော့ ခေါင်းထိခိုက်တယ်ဗျ။ ကျတော်တို့ ရောက်တဲ့အချိန် အသက်ရှိသေးတယ်။ ဆေးရုံရောက်တဲ့ထိလည်း အသက်ရှိသေးတယ်”ဟု ၎င်းကဆက်လက်ပြောသည်။
အထက်ပါဖြစ်စဉ်တွင် တိုက်ပေါ်မှပြုတ်ကျခဲ့သော ကိုဇော်လွင်ကို လင်းလက်လူမှုကူညီရေးအသင်းမှ ကားဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လမိုင်းမြို့ရှိ တဲတစ်လုံးပေါ်၌ ဦးခေါင်းကွဲဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ