ပဲခူးမြို့တွင် ကားနှင့်ဆိုင်ကယ်တို့မျက်နှာချင်းဆိုင် တိုက်မိရာမှ အမျိုးသား (၂)ဦးထိခိုက်ဒဏ်ရာရရှိ
သန့်ဇင် (NSS) - ဇူလိုင် ၂၆
ပဲခူးတိုင်း၊ ပဲခူးမြို့တွင် ကားနှင့်ဆိုင်ကယ်တို့မျက်နှာချင်းဆိုင် တိုက်မိရာမှ အမျိုးသား(၂)ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ကလျာဏမိတ္တလူမှုကူညီရေးအသင်းထံမှ သိရသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်သည် ယနေ့(ဇူလိုင်လ ၂၆ ရက်)၊ မွန်းလွဲ ၁နာရီအချိန်တွင် ပဲခူးမြို့၊ ရှင်စောပုရပ်ကွက်၊ ရှင်စောပုအုပ်ကံလမ်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ဖြစ်တာတော့ ကားနဲ့ဆိုင်ကယ်နဲ့တိုက်တာပဲသိတာပါ။ ခြေထောက်ထိတာ တစ်ယောက်နဲ့ ခေါင်းထိတာတစ်ယောက်ပါ” ဟု ကလျာဏမိတ္တလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြော သည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်မှ ဒဏ်ရာရရှိခဲ့သော အမျိုးသား(၂)ဦးသည် အသက်(၁၈)နှစ်အရွယ်ခန့်ဖြစ်ပြီး အင်းဝင်(၉)လမ်းတွင်နေထိုင်ကြောင်း သိရသည်။
“မိသားစုဝင်တွေက ဖြစ်စဉ်ပြီးပြီးမကြာဘူး ရောက်လာကြပါတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
လက်ရှိတွင် ထိခိုက်ဒဏ်ရာရှိခဲ့သော အမျိုးသား(၂)ဦးကို ကလျာဏမိတ္တလူမှုကူညီးအသင်းမှကားဖြင့် ပဲခူးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဗိုလ်တထောင်မြို့နယ်ရှိ (၈)လွှာတိုက်ပေါ်မှ အမျိုးသားတစ်ဦး ပြုတ်ကျမှုဖြစ်ပွား
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ