Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြောက်ကိုရီးယားနယ်မြေအတွင်း ၀င်ရောက်သွားသည့် အမေရိကန်စစ်သားကိစ္စ ပြုံယမ်းနှင့် ဆွေးနွေးနေဟု ကုလကွပ်ကဲမှု ပြောဆို

Htay Oung (NSS) - ဇူလိုင် ၂၅

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက မြောက်ကိုရီးယားနယ်မြေအတွင်း ဖြတ်ကျော်ဝင်ရောက်သွားခဲ့တဲ့ အမေရိကန်စစ်သား ထရာဗစ်ကင်း ကိစ္စနဲ့ပတ်သက်ပြီး ကုလသမဂ္ဂကွပ်ကဲမှုဌာနချုပ် UNC နဲ့ ပြုံယမ်းတို့အကြား ဆွေးနွေးမှု စတင်နေပြီဖြစ်ကြောင်း ကိုရီးယားစစ်ပွဲအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ကြီးကြပ်ကွပ်ကဲနေတဲ့ ဒုတိယတပ်မှူးက တနင်္လာနေ့ (ဇူလိုင်လ ၂၄ ရက်)မှာ ပြောဆိုတယ်လို့ Reuters က ယမန်နေ့ (ဇူလိုင်လ ၂၄ ရက်) မှာ ရေးသားပါတယ်။


တောင်ကိုရီးယားမှာ တာဝန်ထမ်းဆောင်နေတဲ့ အမေရိကန်စစ်တပ် တပ်သားတစ်ဦးဖြစ်သူ ထရာဗစ်ကင်းဟာ ဇူလိုင်လ ၁၈ ရက်က မြောက်ကိုရီးယားနယ်စပ် စစ်မဲ့ဇုန်ကို ကမ္ဘာလှည့်ခရီးသည်များနဲ့အတူ သွားရောက်လည်ပတ်စဉ် တစ်ဖက်နိုင်ငံအတွင်း ၀င်ရောက်သွားခဲ့ပါတယ်။ ဒီကိစ္စဟာ ဝါရှင်တန်အတွက် နျူကလီယာလက်နက်ပိုင် မြောက်ကိုရီးယားနဲ့ သံတမန်ရေးရာ အကျပ်ရိုက်မှုအသစ် ဖြစ်ပေါ်လာရပါတယ်။

UNC နဲ့မြောက်ကိုရီးယားစစ်တပ်တို့အကြား ဆွေးနွေးမှုများကို စတင်ခဲ့ပြီး ကိုရီးယားစစ်ပွဲအပစ်အခတ်ရပ်စဲရေးဆိုင်ရာယန္တရားမှတစ်ဆင့် လုပ်ဆောင်ခဲ့ကြောင်း၊ ထရာဗစ်ကင်း ဘေးကင်းကျန်းမာစွာ ရှိနေရေးအတွက် စိုးရိမ်တယ်လို့ နိုင်ငံစုံတပ်ဖွဲ့ ဒုတိယတပ်မှူးအဖြစ် တာဝန်ထမ်းဆောင်နေသူ ဗြိတိန်စစ်တပ်အရာရှိ ဒုတိယ ဗိုလ်ချုပ်ကြီး အင်ဒရူးဟာရစ်ဆန်က ဆိုပါတယ်။ ဒါပေမယ့် ဖြစ်စဉ်အပေါ် ထိခိုက်နိုင်တယ်လို့ အသေးစိတ်အချက်အလက်များကို ပြောပြဖို့ ငြင်းဆိုပါတယ်။

အမေရိကန်နိုင်ငံသားတွေ ဖမ်းဆီးခံရတိုင်း မှတ်ချက်ပေးလေ့ရှိတဲ့ မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာကတော့ ကင်းနဲ့ပတ်သက်လို့ နှုတ်ဆိတ်နေခဲ့ပါတယ်။ ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ မြင့်တက်လာခိုက် ဒီအဖြစ်ရပ်က ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်မှာ တောင်ကိုးရီးယား ဆိပ်ကမ်းကို နျူကလီယာ ထိပ်ဖူးတပ် ပဲ့ထိန်းဒုံးကျည်တင် အမေရိကန် ရေငုပ်သင်္ဘော ရောက်ရှိလာပြီး နာရီပိုင်းအကြာမှာ ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်မှု နှစ်ကြိမ်ကို မြောက်ကိုရီးယားက ပြုလုပ်ခဲ့ပါတယ်။

အမေရိကန် ရေငုပ်သင်္ဘောဟာ ၁၉၈၀ ပြည့်လွန်နှစ်များ နောက်ပိုင်း ပထမဆုံးအကြိမ် လာရောက်ခြင်းဖြစ်ပြီး ဝါရှင်တန်အနေနဲ့ လက်တစ်ကမ်းအကွာအဝေးအတွင်း နျူထိပ်ဖူးတပ် ဒုံးကျည်များကို အမြဲတမ်းချထားဖို့အထိ ဖြစ်လာနိုင်ကြောင်း မြောက်ကိုရီးယားကို ပြတ်ပြတ်သားသား သတိပေးလိုက်ပါတယ်။

မြောက်ကိုရီးယားအနေနဲ့ ပဲ့ထိန်းဒုံးကျည် နည်းပညာကို အသုံးမပြုရန် ဆုံးဖြတ်ချက်များအရ ကုလသမဂ္ဂလုံခြုံရေးကောင်စီက  တားမြစ်ထားပေမယ့် ပြုံယမ်းက ပြင်းပြင်းထန်ထန် ပယ်ချနေပါတယ်။

မြောက်ကိုရီးယားနယ်မြေအတွင်း ထရာဗစ်ကင်း၀င်ရောက်သွားပြီးနောက် JSA လို့ ခေါ်တဲ့ ပူးတွဲလုံခြုံရေးဧရိယာ (JSA) လို့ တရားဝင်သိရှိထားကြတဲ့  ပန်မွန်ဂျုံ အပစ်အခတ်ရပ်စဲရေးကျေးရွာ (ကမ္ဘာလှည့်များ လေ့လာရေး) ခရီးစဉ်များကိုလည်း ဆိုင်းငံ့လိုက်ရပါတယ်။

UNC က ကြီးကြပ်တဲ့ အဲ့ဒီ ခရီးစဉ်မှာ လိုက်ပါလိုသူတွေကို အတည်ပြုချက်အတွက် ကြိုတင်စာရင်းသွင်းထားရန် လိုအပ်ပြီး ခရီးစဉ်လိုက်ပါသူများ ဝတ်ဆင်နိုင်တဲ့ အ၀တ်အစား စည်းကမ်းများအပါအဝင် တင်းကြပ်တဲ့ စည်းမျဉ်းများကို လိုက်နာရမှာဖြစ်ပါတယ်။

ကင်းဟာ ခွင့်ပြုချက်ရရှိခဲ့သူဖြစ်လင့်ကစား ခရီးစဉ်ကို ဘယ်လို သွားခွင့်ပြုထားကြောင်းကိစ္စဟာ စုံစမ်းမေးမြန်းစရာ အကြောင်းအရာတစ်ခုအဖြစ် ကျန်ရှိနေဆဲဖြစ်တယ်လို့ အင်ဒရူးဟာရစ်ဆန်က ပြောပါတယ်။ 

ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာ တောင်ကိုရီးယားနိုင်ငံက  အများပြည်သူပိုင်ပစ္စည်းအပေါ် စော်ကားမှု- ပျက်စီးစေမှုတို့နဲ့ ကင်းကို တရားစွဲဆိုထားပြီး အမေရိကန် တက္ကဆက်ပြည်နယ် ဖို့ဘလစ်စ် နေရပ်ကို နှင်ထုတ်ခြင်းမတိုင်မီ ထောင်ဒဏ်ကျခံရဖို့ ရှိနေပါတယ်။

ပန်မွန်ဂျုံ အပစ်အခတ်ရပ်စဲရေးကျေးရွာ ခရီးလှည့်လည်ရေးအစီအစဉ်ကို အများပြည်သူတို့အတွက် ဆက်လက် ဖွင့်လှစ်ထားရန် အစီအစဉ် ရှိ-မရှိ မေးခွန်းနဲ့ပတ်သက်ပြီး ခရီးစဉ်ရဲ့ JSA နဲ့ ပတ်သက်တဲ့အပိုင်းကို ဘယ်အ ချိန်မှာ ပြန်လည်စတင်မယ်ဆိုတာ မဆုံးဖြတ်ရသေးကြောင်း၊ ဒါဟာ ( လူထုကို ပညာပေးမှု) နဲ့ စစ်မဲ့ဇုန်မှာ ရောက်ရှိနေတဲ့ လူတစ်ချင်းစီအတွက် အန္တရာယ်အကြားမှာ အမြဲတည်ရှိနေတဲ့ ချိန်ခွင်လျှာတစ်ခုပဲလို့ ကိုရီးယား စစ်ပွဲအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ကြီးကြပ်ကွပ်ကဲနေတဲ့ ဒုတိယတပ်မှူးက ပြန်လည်ဖြေဆိုပါတယ်။

စနေနေ့တုန်းက မြောက်ကိုရီးယားဟာ  ကိုရီးယားကျွန်းဆွယ်အနောက်ဘက် ပင်လယ်ပြင်ဆီသို့ ချိန်ရွယ်ပြီး ခရုဇ်ဒုံးကျည်များကို ပစ်လွှတ်ခဲ့ပါတယ်။ အဲ့ဒီနောက် တနင်္လာနေ့မှာ နောက်ထပ် ဒုတိယမြောက် အမေရိကန် နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောဟာ တောင်ကိုရီးယားကို ရောက်ရှိလာခဲ့ပါတယ်။

တနင်္လာနေ့ အမေရိကန်ရေငုပ်သင်္ဘော ရောက်ရှိလာပြီး နာရီပိုင်းအကြာမှာ မြောက်ကိုရီးယားက သူ့ရဲ့ အရှေ့ဘက် ကမ်းရိုးတန်းမှ ပင်လယ်အတွင်း ပဲ့ထိန်းဒုံးကျည်နှစ်စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား စစ်ဘက်က ပြောဆိုကြောင်း ၊ မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးကျည်နှစ်စင်းဟာ သူ့ရဲ့ သီးသန့်အထူးစီးပွားရေးဇုန်အပြင်ဘက်မှာ ကျရောက်ခဲ့တယ်လို့ ဂျပန်ကာကွယ်ရေးဌာနက အတည်ပြုကြောင်း Reuters ရဲ့ ယနေ့သတင်းတစ်ပုဒ်မှာ တွေ့ရှိရပါတယ်။

တောင်ကိုရီးယားမှာ အမေရိကန် လေယာဉ်တင်သင်္ဘောများ၊ ဗုံးကြဲလေယာဉ်များ သို့မဟုတ် ဒုံးကျည်တင် ရေငုပ်သင်္ဘောများကို ဖြန့်ကျက်ချထားလာခြင်းဟာ သူတို့ရဲ့ နျူကလီယာလက်နက် အသုံးပြုဖို့အတွက် စံသတ်မှတ်ချက်များနဲ့ ထိပ်တိုက်တွေ့နိုင်ကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်နှောင်းပိုင်းမှာ မြောက်ကိုရီးယားက သတိပေးခဲ့ပါတယ်။

(Reuters., 25 July 2023,” UN Command talking to North Korea about US soldier Travis King”နှင့် အခြားဆက်စပ်သတင်းများကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)



Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

နှစ်သောင်းတန်ငွေစက္ကူများသည် ငွေရေးကြေးရေးဈေးကွက်အတွင်းသို့ အလုံးအရင်းဖြင့် မဝင်ရောက်ရန် အာမခံကြောင်း နစကပြော

RELATED POSTS
RECENT POSTS
ထိုင်း ဒူးရင်းသီးများ၌ ကက်ဒ်မီယမ်ဓါတ် ပါဝင်နေဟု တရုတ်သတိပေး
07 Oct 2024
လွတ်ငြိမ်းခွင့်ရတဲ့ ဒေါက်တာဇော်မြင့်မောင်ရဲ့ ကျန်းမာရေးအခြေအနေ၊ မြန်မာအရေးအတွက် နိုင်ငံတကာညီလာခံတစ်ခု လာအိုမှာ ပေါ်လာဖို့ရှိ၊ ရခိုင်မှာ မီးတောင် ပေါက်ကွဲမှုဖြစ်၊ လားရှိုးလေကြောင်းတိုက်ခိုက်မှုနဲ့ တိုက်ပွဲကြားက သတင်းသမား (၁ဝ-၆-၂ဝ၂၄)
06 Oct 2024
"ဝ" ကို တရုတ်ဖိအားပေးတဲ့အချက်အလက်တွေ ပေါက်ကြားမှု၊ NUG တက်တဲ့ ဂျာကာတာ အစည်းအဝေးမှာ ဘာတွေ ဆွေးနွေးကြသလဲ၊ ယုန်လေးတို့ရဲ့ဂန်းစတား အဆင်ပြေပါ့မလား၊ ကမ္ဘာ့ဆရာများနေ့နဲ့ ဗိုလ်ချုပ်မှူးကြီး ပြောစကား (၅-၁ဝ-၂ဝ၂၄)
06 Oct 2024
နစကကို ပုန်ကန်သူတွေအတွက် ‌ဒေါ်လာ သန်း(၆၅ဝ)ကျော် အမေရိကန်တို့ပေးခဲ့၊ ပြည်ပြေး(၃ဝဝ)ဆီကနေ ဘတ်သန်းရာချီ လိမ်ပြေးတဲ့ NUG ဘက်တော်သား၊ မြေရှားသတ္တု ဒေါ်လာ သန်း(၆ဝဝ)ကျော်ဖိုး နစကအစိုးရ ရခဲ့သလား ၊ TNLA-MNDAA နဲ့ AA တို့ရဲ့သတင်းအတိုအထွာများ (၄-၁ဝ-၂ဝ၂၄)
05 Oct 2024
မိုးကုန်တော့မည်ဖြစ်သော်လည်း နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း(၈)မြို့နယ်ထက်မနည်း ရေဘေးကြုံနေဆဲဖြစ်
04 Oct 2024
စပိန်နိုင်ငံမှဝယ်ယူထားသော DEMU ရထားသစ်များ ညစ်ပတ်၊ ထိခိုက်ပျက်စီးမှုမရှိစေရန် စည်းကမ်းထိန်းသိမ်းခြင်းများ ဆောင်ရွက်နေ
04 Oct 2024
ကွန်တိန်နာတစ်စီးက ဓာတ်တိုင်ကိုဝင်တိုက်မှုကြောင့် ဓာတ်တိုင်(၅)တိုင်လဲကာ လျှပ်စစ်မီးပြတ်တောက်မှု ရန်ကုန်၌ ဖြစ်ပွားခဲ့
04 Oct 2024
ကမ္ဘာ့အသေးဆုံးနိုင်ငံ (သို့မဟုတ်) မြို့အတွင်းက နိုင်ငံ (ဗဟုသုတဆောင်းပါး)
04 Oct 2024
ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ၃ နှင့် ၄ ကဲ့သို့နီးလျက်နှင့် ထိတွေ့မှုနည်းနေ
04 Oct 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ်ပွဲစဉ် (၇) ပွဲကြိုသုံးသပ်ချက်များ
04 Oct 2024
ပဲ့ကိုင်ရှင်သစ် ခေါင်းဆောင် "တိုလမ်"လက်ထက် ဗီယက်နမ်နိုင်ငံအတွက် မျှော်လင့်ချက်သစ်များ
04 Oct 2024
တရုတ်မှာ ရှားပါးသားအိမ်နှစ်ခုနဲ့ အမျိုးသမီး အမြွှာမွေးဖွား
04 Oct 2024
Stranger Things သရုပ်ဆောင် မင်းသမီး မီလီဘော်ဘီဘရောင်း၊ ချစ်သူ ဂျတ်ဘွန်ဂျီအိုဗီနဲ့အီတလီမှာ မင်္ဂလာပွဲကျင်းပ
04 Oct 2024
(၉)တန်းအထိသာ ပညာသင်ယူခဲ့သော်လည်း နှစ်ပေါင်း(၂၀) တိတိ ဆရာဝန်အဖြစ် ဟန်ဆောင်လုပ်ကိုင်ခဲ့တဲ့ ထိုင်းအမျိုးသား
03 Oct 2024
စင်ကာပူနိုင်ငံ၏ ကိုယ်ပိုင်ကျောင်းများဆိုင်ရာ စံသတ်မှတ်ချက်များ၊ ဘဏ္ဍာရေးနှင့် ဘက်စုံစီမံခန့်ခွဲမှုများ (ဆောင်းပါး)
03 Oct 2024
အောင်ဘာလေအွန်လိုင်းထီကို တစ်လလျှင်နှစ်ကြိမ်ဖွင့်လှစ်မည်
03 Oct 2024
ရေဘေးအလွန် ပြန်လည်ထူထောင်ရေးမှာ ဆေးရုံတွေ ၊ ကျောင်းတွေ ၊ အရေးကြီးတဲ့ ဌာနဆိုင်ရာတွေအတွက် Township Plan သေချာဆွဲသင့်တယ် (အင်တာ‌ဗျူး)
03 Oct 2024
ရွေးကောက်ပွဲ အလွန် မြန်မာ့နိုင်ငံရေး (ဆောင်းပါး)
03 Oct 2024
အနောက်ကို စုစည်းရင်ဆိုင်မည့် ရုရှား-အီရန် မိတ်ဖက်ဆက်ဆံရေး (ဘာသာပြန်ဆောင်းပါး)
03 Oct 2024
စပိန်နိုင်ငံထုတ် ရထားတွဲဆိုင်းသစ်များဖြင့် ရန်ကုန်-ပဲခူးခရီးစဉ် စတင်ပြေးဆွဲ
03 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved