Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နှစ်သောင်းတန်ငွေစက္ကူများသည် ငွေရေးကြေးရေးဈေးကွက်အတွင်းသို့ အလုံးအရင်းဖြင့် မဝင်ရောက်ရန် အာမခံကြောင်း နစကပြော

မျိုးကြီး (NSS) - ဇူလိုင် ၂၅

နှစ်သောင်းတန်ငွေစက္ကူများသည် ငွေရေးကြေးရေးဈေးကွက်အတွင်းသို့ အလုံးအရင်းဖြင့် မဝင်ရောက်ရန် အာမခံကြောင်း နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့(ဇူလိုင်လ ၂၄ ရက်) ညပိုင်းတွင် နှစ်သောင်းတန်ငွေစက္ကူအသစ်ကိစ္စနှင့်ပတ်သက်၍ မီဒီယာများကို အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။


မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှုအထိမ်းအမှတ်နှင့် ဆင်ဖြူတော် ရဋ္ဌနန္ဒက၏ တစ်နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အဖြစ် နှစ်သောင်းကျပ်တန်ငွေစက္ကူအသစ်များကို ဇူလိုင်လ ၃၁ ရက်တွင် ထုတ်ဝေသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ထိုသို့ ကြေညာခဲ့ပြီးနောက်ပိုင်းတွင် ငွေကြေးဖောင်းပွမှုအခြေအနေနှင့် ကုန်ဈေးနှုန်းမြင့်တက်လာမည့်အခြေအနေများအပေါ် ပြည်သူလူထုအကြား စိုးရိမ်မှုများရှိခဲ့ကြသည်။

“ငွေရေးကြေးရေး ဈေးကွက်ထဲမှာဒီငွေစက္ကူ ငွေကျပ် နှစ်သောင်းတန်အသစ်တွေ အလုံးအရင်းနဲ့ ဝင်ရောက်လာဖို့ဆိုတဲ့ ကိစ္စကလုံးဝလည်း မဖြစ်နိုင်ဘူး၊ ဖြစ်လည်းမဖြစ်ပါဘူးလို့ အာမခံပါတယ်။ ဒါကြောင့် ငွေကြေးဖောင်းပွမှုဆိုတာ မဖြစ်နိုင်ပါဘူး။ မတည်ငြိမ်အောင် ကောလာဟလတွေ ထုတ်လွှင့်နေတာပဲဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ထို့ပြင် ၎င်းက နစကအစိုးရသည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) လက်ခံထားသည့် အစိုးရဖြစ်ပြီး စီးပွားရေးဆိုင်ရာလုပ်ငန်းများကို နိုင်ငံပိုင်သိမ်းယူခြင်း မပြုလုပ်ကြောင်းနှင့် တရားဝင်ထုတ်ဝေထားပြီးဖြစ်သော ငွေကြေးများကိုလည်း တရားမဝင်ငွေကြေးအဖြစ် သတ်မှတ်မည်မဟုတ်ကြောင်းလည်း ပြောကြားသည်။

“နောက်ဆုံးအနေနဲ့ အသိပေးပြောကြားလိုတာကတော့ အခုလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေကို ကောလာဟလတွေ ထုတ်လွှင့်ဖို့အတွက် အချိန်ကိုက် ဆောင်ရွက်နေကြတာဖြစ်တယ်။ အစိုးရအနေနဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး ဒီအခြေအနေတွေကို ကောင်းစွာထိန်းသိမ်းနိုင်တဲ့ အခြေအနေရှိပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

အလားတူ ပြည်သူလူထုအနေဖြင့် ယုံကြည်စိတ်ချစွာ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို လုပ်နိုင်ကြောင်း နစကမှ အာမခံသည်ဟုလည်း အသိပေးထားသည်။

အဆိုပါ နှစ်သောင်းကျပ်တန်ငွေစက္ကူအသစ်သည် အလုံးအရင်းဖြင့် ထုတ်လုပ်မည့် ပိုက်ဆံမဟုတ်ဘဲ အထိမ်းအမှတ်အနေဖြင့်သာ ထုတ်လုပ်သည့် ငွေစက္ကူပင်ဖြစ်ကြောင်း နစကမှ ဆိုထားသည်။

“ဒီငွေစက္ကူကျပ် နှစ်သောင်းတန်အသစ်က အထိမ်းအမှတ်အနေနဲ့ထုတ်ဝေတဲ့ ငွေစက္ကူဖြစ်တဲ့အတွက် အဲဒီပိုက်ဆံနဲ့ တန်ဖိုးတူညီတဲ့ ငွေပမာဏကိုဘဏ်ကို သွားသွင်းမှ ငွေစက္ကူကျပ်နှစ်သောင်းတန်အသစ်ကို ထုတ်ပေးမှာဖြစ်ပါတယ်။ အဲဒီလို ထုတ်ပေးတဲ့နေရာမှာလည်း အကန့်အသတ်ရှိပါတယ်။ ဘဏ်ကိုသွားပြီး အခုထုတ်လိုက်တဲ့ ငွေစက္ကူကျပ် နှစ်သောင်းတန်အသစ် သိန်းတစ်ရာလိုချင်လို့ဆိုပြီး ကိုယ့်ရဲ့ငွေစက္ကူအဟောင်း သိန်းတစ်ရာနဲ့ သွားပြီးလဲရင်လည်း သိန်းတစ်ရာထုတ်မပေးနိုင်ပါဘူး။ တစ်ဦးကို သုံးရွက်ပဲ ထုတ်ပေးမှာ ဖြစ်ပါတယ်။ အဲဒီသုံးရွက်ကိုလည်း အလကားထုတ်ပေးမှာ မဟုတ်ပါဘူး။ မြန်မာစကားပုံနဲ့ အားလုံးနားလည်အောင် လွယ်လွယ်ပြောရမယ်ဆိုရင် ဆန်ပေးမှဆီရမယ်လို့ပဲ ပြောရမှာဖြစ်ပါတယ်” ဟု နစကပြောခွင့်ရက ပြောသည်။

ထိုသို့ နှစ်သောင်းတန်ငွေစက္ကူကို လာရောက်လဲလှယ်သည့် အခြားငွေစက္ကူအဟောင်းများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အားလုံးကိုဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ နှစ်သောင်းတန်ငွေစက္ကူအသစ် ထုတ်ဝေမည်ဟု ကြေညာခဲ့ပြီးနောက်ပိုင်းတွင် ရွှေဈေး၊ ဒေါ်လာဈေး၊ ကားဈေးအပါအဝင် ကုန်ဈေးနှုန်းများသည်လည်း မြင့်တက်လာကြောင်း ပြောဆိုမှုများရှိနေသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပြည်တွင်းနှင့် ပြည်ပက (၂၄) နာရီအတွင်း စိတ်ဝင်စားဖွယ်သတင်းများ

RECENT POSTS
ထိုင်း ဒူးရင်းသီးများ၌ ကက်ဒ်မီယမ်ဓါတ် ပါဝင်နေဟု တရုတ်သတိပေး
07 Oct 2024
လွတ်ငြိမ်းခွင့်ရတဲ့ ဒေါက်တာဇော်မြင့်မောင်ရဲ့ ကျန်းမာရေးအခြေအနေ၊ မြန်မာအရေးအတွက် နိုင်ငံတကာညီလာခံတစ်ခု လာအိုမှာ ပေါ်လာဖို့ရှိ၊ ရခိုင်မှာ မီးတောင် ပေါက်ကွဲမှုဖြစ်၊ လားရှိုးလေကြောင်းတိုက်ခိုက်မှုနဲ့ တိုက်ပွဲကြားက သတင်းသမား (၁ဝ-၆-၂ဝ၂၄)
06 Oct 2024
"ဝ" ကို တရုတ်ဖိအားပေးတဲ့အချက်အလက်တွေ ပေါက်ကြားမှု၊ NUG တက်တဲ့ ဂျာကာတာ အစည်းအဝေးမှာ ဘာတွေ ဆွေးနွေးကြသလဲ၊ ယုန်လေးတို့ရဲ့ဂန်းစတား အဆင်ပြေပါ့မလား၊ ကမ္ဘာ့ဆရာများနေ့နဲ့ ဗိုလ်ချုပ်မှူးကြီး ပြောစကား (၅-၁ဝ-၂ဝ၂၄)
06 Oct 2024
နစကကို ပုန်ကန်သူတွေအတွက် ‌ဒေါ်လာ သန်း(၆၅ဝ)ကျော် အမေရိကန်တို့ပေးခဲ့၊ ပြည်ပြေး(၃ဝဝ)ဆီကနေ ဘတ်သန်းရာချီ လိမ်ပြေးတဲ့ NUG ဘက်တော်သား၊ မြေရှားသတ္တု ဒေါ်လာ သန်း(၆ဝဝ)ကျော်ဖိုး နစကအစိုးရ ရခဲ့သလား ၊ TNLA-MNDAA နဲ့ AA တို့ရဲ့သတင်းအတိုအထွာများ (၄-၁ဝ-၂ဝ၂၄)
05 Oct 2024
မိုးကုန်တော့မည်ဖြစ်သော်လည်း နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း(၈)မြို့နယ်ထက်မနည်း ရေဘေးကြုံနေဆဲဖြစ်
04 Oct 2024
စပိန်နိုင်ငံမှဝယ်ယူထားသော DEMU ရထားသစ်များ ညစ်ပတ်၊ ထိခိုက်ပျက်စီးမှုမရှိစေရန် စည်းကမ်းထိန်းသိမ်းခြင်းများ ဆောင်ရွက်နေ
04 Oct 2024
ကွန်တိန်နာတစ်စီးက ဓာတ်တိုင်ကိုဝင်တိုက်မှုကြောင့် ဓာတ်တိုင်(၅)တိုင်လဲကာ လျှပ်စစ်မီးပြတ်တောက်မှု ရန်ကုန်၌ ဖြစ်ပွားခဲ့
04 Oct 2024
ကမ္ဘာ့အသေးဆုံးနိုင်ငံ (သို့မဟုတ်) မြို့အတွင်းက နိုင်ငံ (ဗဟုသုတဆောင်းပါး)
04 Oct 2024
ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ၃ နှင့် ၄ ကဲ့သို့နီးလျက်နှင့် ထိတွေ့မှုနည်းနေ
04 Oct 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ်ပွဲစဉ် (၇) ပွဲကြိုသုံးသပ်ချက်များ
04 Oct 2024
ပဲ့ကိုင်ရှင်သစ် ခေါင်းဆောင် "တိုလမ်"လက်ထက် ဗီယက်နမ်နိုင်ငံအတွက် မျှော်လင့်ချက်သစ်များ
04 Oct 2024
တရုတ်မှာ ရှားပါးသားအိမ်နှစ်ခုနဲ့ အမျိုးသမီး အမြွှာမွေးဖွား
04 Oct 2024
Stranger Things သရုပ်ဆောင် မင်းသမီး မီလီဘော်ဘီဘရောင်း၊ ချစ်သူ ဂျတ်ဘွန်ဂျီအိုဗီနဲ့အီတလီမှာ မင်္ဂလာပွဲကျင်းပ
04 Oct 2024
(၉)တန်းအထိသာ ပညာသင်ယူခဲ့သော်လည်း နှစ်ပေါင်း(၂၀) တိတိ ဆရာဝန်အဖြစ် ဟန်ဆောင်လုပ်ကိုင်ခဲ့တဲ့ ထိုင်းအမျိုးသား
03 Oct 2024
စင်ကာပူနိုင်ငံ၏ ကိုယ်ပိုင်ကျောင်းများဆိုင်ရာ စံသတ်မှတ်ချက်များ၊ ဘဏ္ဍာရေးနှင့် ဘက်စုံစီမံခန့်ခွဲမှုများ (ဆောင်းပါး)
03 Oct 2024
အောင်ဘာလေအွန်လိုင်းထီကို တစ်လလျှင်နှစ်ကြိမ်ဖွင့်လှစ်မည်
03 Oct 2024
ရေဘေးအလွန် ပြန်လည်ထူထောင်ရေးမှာ ဆေးရုံတွေ ၊ ကျောင်းတွေ ၊ အရေးကြီးတဲ့ ဌာနဆိုင်ရာတွေအတွက် Township Plan သေချာဆွဲသင့်တယ် (အင်တာ‌ဗျူး)
03 Oct 2024
ရွေးကောက်ပွဲ အလွန် မြန်မာ့နိုင်ငံရေး (ဆောင်းပါး)
03 Oct 2024
အနောက်ကို စုစည်းရင်ဆိုင်မည့် ရုရှား-အီရန် မိတ်ဖက်ဆက်ဆံရေး (ဘာသာပြန်ဆောင်းပါး)
03 Oct 2024
စပိန်နိုင်ငံထုတ် ရထားတွဲဆိုင်းသစ်များဖြင့် ရန်ကုန်-ပဲခူးခရီးစဉ် စတင်ပြေးဆွဲ
03 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved