မက္ကဆီကိုနိုင်ငံရှိ ဘားတစ်ခု မီးရှို့ခံရမှုကြောင့် အနည်းဆုံးလူ(၁၁)ဦးသေဆုံး
Pika (NSS) - ဇူလိုင် ၂၃
မက္ကဆီကိုနိုင်ငံရှိ ဘားတစ်ခုတွင် အမျိုးသမီးတစ်ဦးအပေါ် မဖွယ်မရာပြုလုပ်မှုများကြောင့် ဘားအပြင်သို့နှင်ထုတ်ခံခဲ့ရသော အမျိုးသားတစ်ဦးသည် အဆိုပါဘားကို မီးရှို့မှုများ လုပ်ဆောင်ခဲ့ခြင်းကြောင့် အနည်း ဆုံးလူ(၁၁)ဦးသေဆုံးခဲ့ကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံ နှင့် နယ်နမိတ်ချင်းထိစပ်နေသော မက္ကဆီကိုနိုင်ငံမြောက်ပိုင်း Sonora ပြည်နယ် San Luis Rio Colorado မြို့ရှိ ဘားတစ်ခုတွင် ဇူလိုင်လ(၂၂)ရက် အစောပိုင်းက မီးရှို့မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။ မီးလောင်ကျွမ်းမှုကြောင့် အမျိုးသား(၇)ဦးနှင့် အမျိုးသမီး(၄)ဦးသေဆုံးခဲ့ပြီး အခြားလူလေးဦးကို ဆေးရုံသို့ပို့ဆောင်ထားရကြောင်း Sonora ပြည်နယ်အစိုးရရှေ့နေရုံးက ပြောကြားခဲ့သည်။
အမျိုးသမီးတစ်ဦးအပေါ် မဖွယ်မရာပြုလုပ်ခဲ့သည့် အမျိုးသားသည် ဘားအပြင်သို့နှင်ထုတ်ခံခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။ သို့သော်လည်း ၎င်းသည် နောက်ပိုင်းတွင် ပြန်လာခဲ့ကာ မီးပုလင်းဟု ယူဆရသော အရာကို ဘားအတွင်းသို့ ပစ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း အစိုးရရှေ့နေရုံးကပြောကြားခဲ့သည်။ အဆိုပါအမှုနှင့်ပတ်သက်သည့် အကြမ်းဖက်သမားကို ဖော်ထုတ်ရန်ကြိုးပမ်းနေပြီး စုံစမ်းစစ်ဆေးမှုများဆက်လက်လုပ်ဆောင်နေကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဝေဖန်မှုတွေရှိနေပေမယ့် ကမ္ဘောဒီးယား ရွေးကောက်ပွဲမှာမဲလာပေးသူဦးရေက ယခင်ရွေးကောက်ပွဲထက်ပိုမိုများပြားနေ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ