ဝေဖန်မှုတွေရှိနေပေမယ့် ကမ္ဘောဒီးယား ရွေးကောက်ပွဲမှာမဲလာပေးသူဦးရေက ယခင်ရွေးကောက်ပွဲထက်ပိုမိုများပြားနေ
ဂျန်ဇက် (NSS) - ဇူလိုင် ၂၃
ကမ္ဘောဒီးယားနိုင်ငံမှာ ဇူလိုင်လ ၂၃ ရက်ကကျင်းပတဲ့ ရွေးကောက်ပွဲကို မဲလာပေးသူအရေအတွက်ဟာ ၈၁၇၇၀၅၃ ဦးရှိခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ်၊ ရွေးကောက်ပွဲ၊ ၂၀၂၂ခုနှစ်ရွေးကောက်ပွဲတွေမှာ မဲလာပေးသူအရေအတွက်ထက် ပိုမိုများပြားခဲ့ကြောင်း ကမ္ဘောဒီးယားရွေးကောက်ပွဲကော်မရှင်ကပြောပါတယ်။
အဆိုပါမဲလာပေးသူအရေအတွက်ဟာ မဲပေးခွင့်ရှိသူ အားလုံးရဲ့ ၈၄ ဒသမ ၂၁ ရာခိုင်နှုန်း နဲ့ ညီမျှကြောင်း၊လက်ရှိအချိန်မှာမဲတွေကိုရေတွက်နေပြီဖြစ်ကြောင်းကမ္ဘောဒီးယားအစိုးရကပြောပါတယ်။ ကမ္ဘောဒီးယားရွေးကောက်ပွဲကော်မရှင်ဟာ အတိုက်ခံပါတီကို အရည်အချင်းပျက်ယွင်းတယ်လို့ ဆုံးဖြတ်ကာ ရွေး ကောက်ပွဲမှာပါဝင်ယှဉ်ပြိုင်ခွင့်မပေးခဲ့မှုနဲ့ပတ်သက်ပြီး အနောက်အုပ်စုနိုင်ငံတွေက ကမ္ဘောဒီးယားနိုင်ငံအပေါ် ဝေဖန်ပြစ်တင်မှုများလုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။
ကမ္ဘောဒီးယားအစိုးရအနေနဲ့ လွှတ်တော်ကို ဇူလိုင်လ ၂၉ ရက်မှာစတင်ကျင်းပမှာဖြစ်ပြီး လက်ရှိအချိန်မှာ မဲရေတွက်နေဆဲဖြစ်ရာ ရလဒ်တွေကိုလာမယ့်ရက်ပိုင်းအတွင်းထုတ်ပြန်ပေးသွားဖွယ်ရှိနေကြောင်းသိရပါတယ်။ ကမ္ဘောဒီးယားအတိုက်အခံအုပ်စုတွေဟာ ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ဖို့တောင်းဆိုခဲ့ပေမယ့် ရွေးကောက်ပွဲကို ဆန့်ကျင်သူများကို အရေးယူမယ့် ဥပဒေကို ကမ္ဘောဒီးယားလွှတ်တော်က ရွေးကောက်ပွဲမတိုင်ခင် ထုတ်ပြန်ခဲ့ကြောင်းသိရပါတယ်။
ကမ္ဘောဒီးယားရွေးကောက်ပွဲကော်မရှင်က မဲရလဒ်များကို ဇူလိုင်လ ၂၄ ရက်မှာ အပြီးသတ်ထုတ်ပြန်သွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။ ကမ္ဘောဒီးယားရွေးကောက်ပွဲကို မြန်မာအပါအဝင် နိုင်ငံတကာက လေ့လာစောင့်ကြည်သူများ လာရောက်လေ့လာစောင့်ကြည့်ခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းကိုတင်ပို့သည့် မြန်မာ့ပြောင်းလုပ်ငန်းများ အရှုံးပေါ်နေ
RELATED POSTS
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ