ပေါင်မြို့နယ်ရှိ စားသောက်ဆိုင်တစ်ခုတွင် နယ်ထိန်းရဲတစ်ဦးနှင့် အရပ်သားတစ်ဦး ပစ်ခတ်သတ်ဖြတ်ခံခဲ့ရ
NSS - ဇူလိုင် ၂၃
မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ စားသောက်ဆိုင်တစ်ခုအတွင်း၌ နယ်ထိန်းရဲတပ်သားတစ်ဦးနှင့် အရပ်သားတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန့်နေ(ဇူလိုင်လ ၂၂ ရက်)၊ နံနက် ၈နာရီအချိန်ခန့်တွင် ပေါင်မြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကာလမ်းဘေး၊ ဥတ္တံတားကျေးရွာရှိ ကျော်ကြီးစားသောက်ဆိုင်တွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“နယ်ထိန်းရဲတပ်သားလေးတစ်ယောက်နဲ့ နောက်တစ်ယောက်ကတော့ အရပ်သားတစ်ယောက် ဆိုင်မှာထိုင်ပြီး အတူတူ စားသောက်နေတုန်းဖြစ်သွားတာပါ။ ပစ်သွားတာတော့ ဆိုင်ကယ်နဲ့လာပစ်တယ်လို့ သိထားတယ်”ဟု မွန်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
သေနတ်ဖြင့်ပစ်သတ်ခံရသူများသည် ဇင်းကျိုက်ရဲစခန်းမှ နယ်ထိန်းရဲတပ်သား ဖြိုးဇော်အောင်နှင့် ၎င်း၏သူငယ်ချင်းဖြစ်သူ စည်သူတို့ဖြစ်ပြီး ပစ်ခတ်ခံရစဉ် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ သေနတ်ဖြင့်ပစ်သတ်ခဲ့သူများကို ဖမ်းဆီးအရေးယူနိုင်ရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသတွင်းပိတ်ဆို့ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်က ရုရှားကို ပစ္စည်းတွေ ထောက်ပံ့နေတာ မဖြစ်သင့်ဘူးလို့ ပြင်သစ်ပြော
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ