တရုတ်က ရုရှားကို ပစ္စည်းတွေ ထောက်ပံ့နေတာ မဖြစ်သင့်ဘူးလို့ ပြင်သစ်ပြော
ရောင်နီ (NSS) - ဇူလိုင် ၂၃
တရုတ်နိုင်ငံအနေနဲ့ ရုရှားနိုင်ငံကို စစ်လက်နက်ပစ္စည်းတွေအဖြစ် အသုံးပြုနိုင်တဲ့ ပစ္စည်းတွေ ထောက်ပံ့ ပေးပို့နေတာဟာ မဖြစ်သင့်ဘူးလို့ ပြင်သစ်သမ္မတ အန်မာနျူရယ်မက်ခရွန်ရဲ့ ထိပ်တန်းသံတမန် အကြံပေး ပုဂ္ဂိုလ်က ကြာသပတေးနေ့ (ဇူလိုင်လ ၂၀ ရက်) နှောင်းပိုင်းမှာ ပြောကြားလိုက်ပါတယ်။
ယူကရိန်းစစ်ပွဲမှာ တရုတ်က ရုရှားရဲ့အားထားရာ လက်ရုန်းဖြစ်နေသလားဆိုတဲ့ Aspen Security Forum ရဲ့ မေးမြန်းမှုမှာ Elysee နန်းတော်က သမ္မတမက်ခရွန်ရဲ့ သံတမန်အဖွဲ့အကြီးအကဲ အန်မာနျူရယ်ဘွန်နီ က “ဟုတ်တယ်၊ ကျွန်တော်တို့ မလုပ်နဲ့လို့ တောင်းဆိုထားတဲ့အရာတွေကို လုပ်ဆောင်နေတဲ့ သက်သေအရိပ်အမြွတ် အနည်းငယ်ရှိတယ်"လို့ ပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံက ရုရှားကို လက်နက်တွေ ပေးအပ်ခြင်း ရှိ၊ မရှိကို မေးမြန်းရာမှာလည်း ဘွန်နီက "ကျွန်တော်သိသလောက်တော့ သူတို့က စစ်လက်နက်ကိရိယာ အမျိုးအစားတွေ ရုရှားကို အမြောက်အမြားပေးနေတာတော့ မဟုတ်ဘူး၊ ဒါပေမယ့် ထောက်ပံ့မှုတွေ ပေးနေတာတော့ရှိတယ်"လို့ ပြောကြားခဲ့ပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ မော်စကို ယူကရိန်းကို လုံးလုံးလျားလျား ကျူးကျော်ခဲ့ချိန်မှစ ရုရှားနိုင်ငံကို စစ်လက်နက်ပစ္စည်းတွေ ပေးပို့ခြင်းကို တရုတ်က အကြိမ်ကြိမ် ငြင်းဆိုထားပါတယ်။ ဒီအတွက် ပဲရစ်မြို့ တရုတ်သံရုံးကလည်း မှတ်ချက်ပေးဖို့ အီးမေးလ်ပေးပို့ တောင်းဆိုမှုကို တုံ့ပြန်ခြင်းမရှိခဲ့ပါဘူး။
ဘွန်နီဟာ ဧပြီလက သမ္မတ မက်ခရွန်ရဲ့ တရုတ်နိုင်ငံ ခရီးစဉ်မှာ သံတမန်ကိုယ်စားလှယ်အဖွဲ့မှာ ပါဝင်ခဲ့ပြီး မက်ခရွန်ရဲ့ တရုတ်ထိပ်တန်းအရာရှိတွေနဲ့ အဆက်အသွယ်ရှိခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒေါ်လာ လိုအပ်ချက်ကြောင့် သွင်းကုန်ပစ္စည်းများ သတ်မှတ်ချက်ပမာဏဖြင့် တင်သွင်းရမည်ဟုဆို
RELATED POSTS
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ